ဆင်ခြေတု

Thursday, November 10, 2011

ခြေတုနဲ့ ဆင်မလေး မိုရှာ (ဓာတ်ပုံ - AP)


ထိုင်းနိုင်ငံမြောက်ပိုင်း လန်ဖန်ခရိုင် ဆင်ဆေးရုံမှာ ခြောက်နှစ်အရွယ် ဆင်မလေး မိုရှာအတွက် ခြေတုတပ်ပေးနေကြတာပါ။ မိုရှာဟာ ထိုင်း-မြန်မာနယ်စပ်မှာ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက မြေမြှုပ်မိုင်းနင်းမိပြီး သူ့ရဲ့ ညာဘက် ရှေ့ခြေထောက် ပြတ်သွားခဲ့တာပါ။

ထိုင်း-မြန်မာ နယ်စပ်မှာ လှည့်လည်သွားလာနေတဲ့ ဆင်တွေဟာ မြန်မာပြည်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေ နင်းမိပြီး မကြာခဏ ဒဏ်ရာရကြပါတယ်။ ဒီမိုင်းတွေကတော့ မြန်မာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ အပြန်အလှန် ထောင်ထားကြတဲ့ မိုင်းတွေဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူများက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကပဲ ကရင်ပြည်နယ်ထဲရောက်သွားတဲ့ အသက် ၂၂ နှစ်အရွယ် ပါးဟေပို ဆိုတဲ့ဆင်မတကောင် မိုင်းနင်းမိပြီး ဘယ်ဘက်ရှေ့ခြေထောက် ပြတ်ပြီး လန်ဖန် ဆေးရုံ ရောက်လာခဲ့ပါသေးတယ်။

လန်ဖန် ဆင်ဆေးရုံကို ၁၉၉၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပါးဟေပို အပါအဝင် မိုင်းနင်းမိတဲ့ ဆင် ၁၄ ကောင်အထိ ကုသပေးခဲ့ရပြီး ဖြစ်ပါတယ်။




ခြေတု ဖန်တီးပြီး လမ်းလျှောက်ကျင့်ပေးခဲ့စဉ်က (ဓာတ်ပုံ - EPA)


Source: Daylife, Guardian







1 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved