ဒီနှစ်မှာတော့ ဒီလို မျှောရမယ်

Thursday, November 10, 2011


ထိုင်းနိုင်ငံရဲ့ နာမည်ကျော် လွိုင်ကထုံ မီးမျှောပွဲကို ထိုင်းကာတွန်းဆရာ Stephane က သရုပ်ဖော် ထားတာပါ။ ဒီနှစ် လွိုင်ကထုံ အချိန်မှာ ထိုင်းနိုင်ငံအနှံ့ ရေကြီးနေတဲ့အတွက် မိချောင်းတွေလည်း လွတ်၊ အာဖရိကက အဆိပ်ပြင်းမြွေ တွေလည်း လွတ်ကုန်ပါတယ်။ အဲဒီမြွေကိုက်ရင် မိနစ် ၂၀ အတွင်း ကိစ္စချောမယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးထားပါတယ်။ ကာတွန်းဆရာက ဘန်ကောက်ပို့စ်တို့ နေးရှင်းတို့ စတဲ့သတင်းစာတွေမှာ ဧရာဝတီက ကိုဟန်လေးလိုပဲ လက်သံပြောင်လှတဲ့သူပါ။ ဘန်ကောက်ရေဘေး ရှောင်တဲ့ ထိုင်းသူဌေးတွေကြောင့် ဒီနှစ်ချင်းမိုင် လွိုင်ကထုံကတော့ ပိုပြီး စည်ကားနေပါတယ်။







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved