ဂျော့ဂ်ျ အော်ဝဲလ် နေခဲ့ဖူးသည် ...

Monday, November 7, 2011


ဂျော့ဂ်ျ အော်ဝဲလ်


Burmese Days, Animal Farm စတဲ့ စာအုပ်တွေကို ရေးသားခဲ့သူ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ဂ်ျ အော်ဝဲလ် (၁၉၀၃-၁၉၅၀) မြန်မာပြည်မှာတုန်းက နေထိုင်သွားတဲ့အိမ် အထိမ်းအသိမ်းမရှိ ယိုယွင်းနေပုံကို ကာတွန်းဆရာ ဟာဂျူလီ (ကသာ) က မှတ်တမ်းတင်ထားတဲ့ပုံပါ။


ယိုယွင်းနေတဲ့ အိမ်အပြင်ဘက် (ဓာတ်ပုံ - ဟာဂျူလီ (ကသာ))

ဓာတ်ပုံ - ဟာဂျူလီ (ကသာ)


အိမ်အတွင်းဘက် (ဓာတ်ပုံ - ဟာဂျုလီ (ကသာ))

ဓာတ်ပုံ - ဟာဂျူလီ (ကသာ)


စစ်ကိုင်းတိုင်း ကသာမှာ ရှိတဲ့ ဒီသမိုင်းဝင် အိမ်ကြီးအကြောင်း မော်နီတာ ဂျာနယ်မှာ ရေးခဲ့သေးပေမယ့် အခုအထိ ထိမ်းသိမ်းမှု မရှိကြောင်း၊ အခုလက်ရှိမှာ မယက၊ ခယက ဝန်ထမ်းတွေ နေနေကြောင်း ဟာဂျူလီ (ကသာ) က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

တိုးတက်တဲ့ နိုင်ငံတွေမှာတော့ ဒီလိုကမ္ဘာကျော် ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တာ မှန်သမျှကို ဂူသချိုင်းကအစ အမြတ်တနိုး ထိမ်းသိမ်းကြပါတယ်။

ဂျော့ဂ်ျ အော်ဝဲလ်ဟာ ၁၉၂၂ မှာ မြန်မာပြည်ကို တာဝန်နဲ့ ရောက်လာတာပါ။ မြန်မာပြည်အတွေ့အကြုံတွေကို Burmese Days ဆိုတဲ့ စာအုပ်အပြင် A Hanging နဲ့ Shooting an Elephant ဆိုတဲ့ အက်ဆေးတွေ ရေးခဲ့ပါတယ်။

ဒါက ဝီကီပီယားမှာ တင်ထားတဲ့ အိမ်ပုံ။ ၂၀၀၆ တုန်းက ရိုက်ထားတာလို့ ဆိုတယ်။


ဂျော့ဂ်ျ အော်ဝဲလ် ရေးခဲ့တဲ့ စာအုပ်တွေ။

1933 - Down and Out in Paris and London
1934 - Burmese Days
1935 - A Clergyman's Daughter
1936 - Keep the Aspidistra Flying
1938 - Homage to Catalonia
1939 - Coming Up for Air
1945 - Animal Farm
1947 - The Road to Wigan Pier
1949 - Nineteen Eighty-Four



1 comments :

  1. Anonymous said... :

    အကိုတို့ရေ

    ဂျော့ အိုဝဲလ် ဟာ မြန်မာပြည်နဲ့ ပတ်သက်ဘူးတဲ့ ကမ္ဘာကျော် စာရေးဆရာကြီး တဦးမို့ကျွန်တော်တို့ အတွက် ဂုဏ်ယူစရာမှန်ပါတယ်။ သူနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်တွေ စုဆောင်း ထိန်းသိမ်းကြတာလဲ လုပ်သင့် အားပေးသင့်ပါတယ်။

    လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဧရာဝတီမှာဘဲ တွေ့လိုက်ရတဲ့ စမ်းချောင်း ချမ်းသာလမ်းက ဆရာကြီး သ္ခင်ကိုယ်တော်မှိုင်း တသက်လုံးနေထိုင် ခေါင်းချသွားတဲ့ မြေနေရာနဲ့ အိမ်အိုကြီးကို သားစဉ်မြေးဆက်တွေ မထိန်းသိမ်းနိုင်တော့လို့ ရောင်းလိုက်ရတဲ့ ကိစ္စ။ ဖျက်ပြီးသားသစ်ပုံ ကြီးကို ၁၈ သိန်းနဲ့ ဈေးဖြတ် ဝယ်သွားကြတယ်ဆိုတဲ့ ကိစ္စ တခွန်းတလေမှ မကြားရဘဲ ဒီသတင်းဖတ်ရတာတော့ “ရွာလွန်ရွက်တိုက်” ဆိုသလိုခံစားရတယ်ဗျာ။

    တခုခုတော့ ပြောကြဆိုကြ လုပ်သင့်ကြတယ် ထင်ပါတယ်။ လုပ်ကြပါဦး။

    (ကဖိုးတေ)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved