NLD ပါတီမှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ် ဆိုရင် ဘာပြောချင်သလဲ ဆိုပြီး ရွေးစရာ ၄ ခု ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၇ ရက်အတွင်း ဧရာဝတီဘလော့ဖတ်ပရိသတ်ကို စစ်တမ်းကောက်ခဲ့တာပါ။
စစ်တမ်းရဲ့ အဖြေက ဒီလိုပါ။
ထောက်ခံပါသည် | 1848 (64%) |
မထောက်ခံပါ | 547 (18%) |
ပါတီအသစ်ထောင်ပြီး ရွေးကောက်ပွဲဝင်ပါ | 109 (3%) |
NLD ဘာလုပ်လုပ် ထောက်ခံသည် | 383 (13%) |
.
NLD မှတ်ပုံတင်သင့် မတင်သင့် စစ်တမ်းနဲ့  ပါတ်သက်ပြီး ဆန်းစစ်ကြည့်ရမယ်ဆိုရင် (ကြီးကြီးကျယ်ကျယ်ပြောာကြည့်တာပါ) မှတ်ပုံတင်သင့် ၆၄% နဲ့  ဘာလုပ်လုပ်ကြိုက် ၁၃% ပေါင်းရင် မှတ်ပုံတင်သင့်တယ်ထင်တဲ့ သူက ၇၈ % တောင်ရှိတာပေါ့။
မှတ်ပုံမတင်သင့် ဆိုတဲ့  ၁၈ % ထဲမှာ တကယ်ဘဲ NLD ကို သမိုင်းမှာ အမှားများလုပ်မိလေမလားလို့  စိတ်ပူတဲ့ သူတွေ ပြည်ပရောက် မျက်ကန်းမျိုးချစ် တစ်ချို့ တွေ ပါနိုင်သလို နိုင်ငံရေးနယ်ထဲ NLD တရားဝင် ၀င်ရောက်လာမှာကို မရှုစိမ့် မလိုလားတဲ့သူတွေ လည်း ပါနိုင်တယ်၊ ပြောရရင် ရောနေတာပေါ့။
NLD ဘာလုပ်လုပ် မထောက်ခံပါ ဆိုတဲ့  option တစ်ခု ပါ ပါ ရင်တော့ result က ဘယ်လို ပြောင်းသွားမလဲမသိဘူး။
အဲသည် မှတ်ပုံတင်တာ မထောက်ခံတဲံ့ ၁၈% က လျော့သွားမယ် ထင်တယ်၊မှန်းကြည့်တာပါ၊
မှားတဲ့အခါလည်း မှားပေမပေါ့။