
စစ်တမ်းရဲ့ အဖြေက ဒီလိုပါ။
ထောက်ခံပါသည် | 1848 (64%) |
မထောက်ခံပါ | 547 (18%) |
ပါတီအသစ်ထောင်ပြီး ရွေးကောက်ပွဲဝင်ပါ | 109 (3%) |
NLD ဘာလုပ်လုပ် ထောက်ခံသည် | 383 (13%) |
.
ထောက်ခံပါသည် | 1848 (64%) |
မထောက်ခံပါ | 547 (18%) |
ပါတီအသစ်ထောင်ပြီး ရွေးကောက်ပွဲဝင်ပါ | 109 (3%) |
NLD ဘာလုပ်လုပ် ထောက်ခံသည် | 383 (13%) |
အထက်ကွန်မန့်ကိုထပ်ဖြည့်ချင်တယ်။
မှတ်ပုံတင်သင့် ၆၄%+ဘာလုပ်လုပ်ကြိုက်၁၃%=၇၇% အပြင် ပါတီအသစ်ထောင်ပြီးရွေးကောက်ပွဲဝင်ပါ ၃%ဆိုတာကလည်း တကယ်တော့ မှတ်ပုံတင်ဘို့ အားပေးသူတွေပါပဲ..အဲဒီတော့ စုစုပေါင်းမှတ်ပုံတင်ဘို့ NLD ကို အားပေးထောက်ခံသူတွေက ၈၀% ရှိပါတယ်နော်။ အဲဒီတော့ အမေစုရေ NLD ကပန်းပန်လျှက်ပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲသူခိုးတွေ မဲငတိုတွေ မဲသူခိုးတွေကို ကာကွယ်ဘက်လိုက်တဲ့ ကော်မရှင်ကိုတော့ သတိထားဘို့ လိုအပ်ပါတယ်။ NLD ရွေးကောက်ပွဲဝင်ရင်လည်း အပြတ်အသတ် ထောက်ခံမှုရမှာမလွဲပါဘူး။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့မယ်ဆိုရင်ပေါ့။ ၉၀ မှာလို အနိုင်ရပြီး ထပ်မံ အညစ်ပတ် မခံရဘို့ လည်း ၀ိုင်းဝန်းကာကွယ်နိုင်အောင် စဉ်းစားထားဘို့  လိုအပ်ပါတယ်။
NLD မှတ်ပုံတင်သင့် မတင်သင့် စစ်တမ်းနဲ့  ပါတ်သက်ပြီး ဆန်းစစ်ကြည့်ရမယ်ဆိုရင် (ကြီးကြီးကျယ်ကျယ်ပြောာကြည့်တာပါ) မှတ်ပုံတင်သင့် ၆၄% နဲ့  ဘာလုပ်လုပ်ကြိုက် ၁၃% ပေါင်းရင် မှတ်ပုံတင်သင့်တယ်ထင်တဲ့ သူက ၇၈ % တောင်ရှိတာပေါ့။
မှတ်ပုံမတင်သင့် ဆိုတဲ့  ၁၈ % ထဲမှာ တကယ်ဘဲ NLD ကို သမိုင်းမှာ အမှားများလုပ်မိလေမလားလို့  စိတ်ပူတဲ့ သူတွေ ပြည်ပရောက် မျက်ကန်းမျိုးချစ် တစ်ချို့ တွေ ပါနိုင်သလို နိုင်ငံရေးနယ်ထဲ NLD တရားဝင် ၀င်ရောက်လာမှာကို မရှုစိမ့် မလိုလားတဲ့သူတွေ လည်း ပါနိုင်တယ်၊ ပြောရရင် ရောနေတာပေါ့။
NLD ဘာလုပ်လုပ် မထောက်ခံပါ ဆိုတဲ့  option တစ်ခု ပါ ပါ ရင်တော့ result က ဘယ်လို ပြောင်းသွားမလဲမသိဘူး။
အဲသည် မှတ်ပုံတင်တာ မထောက်ခံတဲံ့ ၁၈% က လျော့သွားမယ် ထင်တယ်၊မှန်းကြည့်တာပါ၊
မှားတဲ့အခါလည်း မှားပေမပေါ့။