တောင်တရုတ်ပင်လယ်တွင် ကုန်တင်သင်္ဘော နစ်မြုပ်မှုတခု ယမန်နေ့က ဖြစ်ပွားခဲ့ရာ မြန်မာ သင်္ဘောသား ၄ဦးနှင့် တောင်ကိုရီးယား သင်္ဘောသား ၄ဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကိုရီးယားအာဏာပိုင်များက ဆိုသည်။
၂၀၀၆ ခုနှစ်က တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းကြောင့် နစ်မြုပ်ခဲ့သည့် သင်္ဘောမှ တရုတ် ငါးဖမ်းလုပ်သားများကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့စဉ် (ဓာတ်ပုံ - People Daily)
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ တန်ချိန် ၁၅၀၀၀ တင်ဆောင်သည့် သင်္ဘောသည် ဟောင်ကောင်နိုင်ငံ တောင်ဘက်တွင် နစ်မြုပ်ခဲ့ကြောင်း၊ အဆိုပါ သင်္ဘောမှ သင်္ဘောဝန်ထမ်း ၁၃ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ယနေ့ ပြောဆိုလိုက်သည်။ ကယ်ဆယ်ရေးအဖွဲ့သည် ပျောက်ဆုံးနေသည့် သင်္ဘောသားများကို ရှာဖွေနေဆဲဖြစ်ကြောင်း ဟောင်ကောင်နိုင်ငံကလည်း ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ရေးကို အားဖြည့်ထားကြောင်း သိရသည်။
Ref: Washington Post
-----
Posted in:
News
,
သတင်း
0 comments :
Post a Comment