သမ္မတဒေါ်အောင်ဆန်းစုကြည်??

Thursday, November 3, 2011

.






နော်ေ၀၀န်ကြီး Mr. Erik Solheim နဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Knut Kollandsrud / TV 2 )

နှစ်ပေါင်းများစွာ မြန်မာပြည်ကို ချုပ်ကိုင်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေက အခုတော့ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီ လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ကို ရောက်ခဲ့တဲ့ နော်ဝေ TV 2 သတင်းသမားတွေကို ပြောလိုက်ပါတယ်။ အာဏာပိုင်တို့နဲ့ အတိုက်အခံတို့အကြား တွေ့ဆုံဆွေးနွေးလာတာကို ဆိုလိုတာပါ တဲ့။

မနေ့ကရက်စွဲနဲ့ နော်ဝေ TV 2 အင်တာနက်စာမျက်နှာ http://www.tv2.no/nyheter/utenriks/aung-san-suu-kyi-vil-bli-president-om-folket-vil-ha-henne-3627973.html မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံဆွေးနွေးတယ်ဆိုတာဟာ အင်မတန်ကောင်းတယ်၊ သူ သမ္မတကို ယုံတယ်၊ သမ္မတက မြန်မာပြည် အပြောင်းအလဲဖြစ်စေချင်တယ်လို့ ထင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ရေးရာ နဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုရေးရာ ၀န်ကြီး Mr. Erik Solheim ရဲ့ ဒီတပတ် မြန်မာပြည်ခရီးစဉ်အကြောင်းလည်း ပါပါတယ်။

မြန်မာပြည်မှာပြောင်းလဲနေတာတွေဟာ ဥရောပက ထင်ထားကြတာထက် အများကြီး မြန်မြန်ဆန်ဆန် ဖြစ်နေတယ်လို့ ၀န်ကြီးက ပြောပါတယ်။

ဗိုလ်ချုပ်ဟောင်းတွေက ဒီအပြောင်းအလဲတွေကို အင်မတန် ဂုဏ်ယူနေဟန်ရှိတယ်လို့ ၀န်ကြီးက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်သလား ?? ဆိုတာက သတင်းထဲပါတဲ့ ခေါင်းစဉ်တခုပါ။

မြန်မာအစိုးရက အပြောင်းအလဲတွေ လုပ်ပြနေတာဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာဖို့ ရည်ရွယ်ပါတယ် တဲ့။

နော်ေ၀၀န်ကြီးက ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ ရေအားလျှပ်စစ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတယ်။

မြန်မာပြည်မှာ ဒီအပြောင်းအလဲအတိုင်းသာ ဆက်သွားရင် နောင် လာမယ့် သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နိုင်တယ်လို့ သတင်းမှာ ရေးထားပါတယ်။

"ပြည်သူတွေက ကျမကို အလိုရှိတယ်၊ အရာရာ ချောချောမွေ့မွေ့ဖြစ်မယ် ဆိုရင် ဒီကိစ္စကို ကျမ အလေးအနက် စဉ်းစားချင်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သတင်းမှာ ရေးထားပါတယ်။



.

11 comments :

  1. Anonymous said... :

    ဪ ဂလိုကြောင့် ဂလိုကြောင့်ကိုး .. ဆိတ်ဆိတ်နေခြင်းသည် ထောင်တန်၏ အဆိုအမိန့် တယ်မှန်သကိုး ..

  1. AhPhayGyi said... :

    I value Your Struggle Aunty but i don't want u as our president.We want Leader who can make Tangible and Visible Results and organize our country as a strong Union.

  1. Anonymous said... :

    လက်ရှိ၂၀၀၈ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သမတ၊ဒုသမတ အစရှိသော
    ရာထူးများအတွက်အရွေးချယ်ခံခွင့်မရှိပါ။ ဒီလိုဥပဒေတွေကိုမပြင်ဆင်သေးခင်ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်ထဲရောက်လဲထိထိရောက်ရောက်ဆောင်ရွက်နှိုင်ဖွယ်မရှိသေးပါ။ ဒါကြောင့်မို့အရေးမကြီးတဲ့ကြားဖြတ်ရွေးကောက်ပွဲကိုအလောတကြီးမ၀င်ရောက်သေးဘဲဦးသိန်းစိန်အစိုးရ နှင့်ဆက်လက်ညှိနှိုင်းစေလိုပါတယ်းး

  1. Anonymous said... :

    in your dreams daw su kyi,
    you still don't get it, don't you?

    You will never become president nor prime minister. If you think those general will serve under woman like you, you need to examine your head.

  1. Anonymous said... :

    Aunty Su is smart enough to become a first woman president of Myanmar.But there are many roles which Aunty can play.Daw Aung San Su Kyi is only person whom generals should believe coz she won't betray them.

  1. Anonymous said... :

    သူညွှန်းတဲ့ tv2 ကိုကြည့်ပြီးပြိလား။
    Eng ဘာသာနဲ့ရေးတာမဟုတ် လို့ သေချာ နားမလည်ပါ။blogger
    တင်ထားသလို ဒေါ်စု ပြောပုံမရပါ။
    Admin ရေကြည့်လုပ်ပါဦး

  1. Anonymous said... :

    @ Anonymous says: November 4, 2011 12:36 AM

    In the video, Daw Suu speaks in English. Watch again.

  1. Anonymous said... :

    သူပေးထားတဲ့လင့်(ခ်)ကိုဖွင့်ပြီး၊ ကိုယ့်ကွန်ပြူတာမှာ ဘာသာပြန် (Translate) ဆိုတာကို (ရှိရင်) နှိပ်လိုက်ပါ။
    နော်ဝေးစာကနေ အင်္ဂလိပ်စာဖြစ်သွားပါလိမ့်မယ်။
    နော်ဝေးလိုမရပေမယ့် အင်္ဂလိပ်လိုတော့ နားလည်မယ် ထင်လို့ ပါ။ ဆောင်းပါးရှင်ရေးထားတာ အလွဲအချော် မရှိသလောက်ပါပဲ။ နောက်ဆုံးအပိုဒ်မှာပဲ (ပြည်သူတွေက ကျမကို အလိုရှိတယ်) လို့  ဒေါ်စုက ကိုယ်လိုရာ ဆွဲပြောသလိုမျိုး ဘာသာပြန်တာထက် (ပြည်သူတွေက ကျမက လိုလားမယ်) လို့  မတင်မကျ သဘောမျိုးရေးရင် ပိုပြီး၊ မှန်ကန်ပါတယ်။ အဲဒါမှပဲ ဒေါ်စုက ကိုယ်ရည်သွေးပြောတာ မဟုတ်မှန်း၊ စာဖတ်သူတွေ မြင်ကြမှာပါ။ မြန်မာစာရဲ့သဘောကလည်း အတိမ်းအစောင်း မခံလေတော့၊ ကိုယ့်ဆောင်းပါးကြောင့် ခေါင်းဆောင်ကောင်းတယောက်ကို၊ မလိုလားသူတွေက ကဲ့ရဲ့အပြစ်တင်တာမျိုး မဖြစ်စေချင်ပါဘူး။ အပြုသဘောဆောင်တဲ့ သဘောနဲ့  တင်ပြတာပါ။

  1. Anonymous said... :

    I don't mind lady or men is our leader or president but we want very good and decent person who can fix our government is clean.

  1. Anonymous said... :

    I think it was misinterpreted.

  1. Ah Pho Gyi said... :

    Why u dont want her as a president?
    She should be honoured for her courageous works.She is one n only person to change our country as u said.Let see who will be the REAL leader.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved