နှစ်ပေါင်းများစွာ မြန်မာပြည်ကို ချုပ်ကိုင်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေက အခုတော့ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီ လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့အိမ်ကို ရောက်ခဲ့တဲ့ နော်ဝေ TV 2 သတင်းသမားတွေကို ပြောလိုက်ပါတယ်။ အာဏာပိုင်တို့နဲ့ အတိုက်အခံတို့အကြား တွေ့ဆုံဆွေးနွေးလာတာကို ဆိုလိုတာပါ တဲ့။
မနေ့ကရက်စွဲနဲ့ နော်ဝေ TV 2 အင်တာနက်စာမျက်နှာ http://www.tv2.no/nyheter/utenriks/aung-san-suu-kyi-vil-bli-president-om-folket-vil-ha-henne-3627973.html မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံဆွေးနွေးတယ်ဆိုတာဟာ အင်မတန်ကောင်းတယ်၊ သူ သမ္မတကို ယုံတယ်၊ သမ္မတက မြန်မာပြည် အပြောင်းအလဲဖြစ်စေချင်တယ်လို့ ထင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
သဘာဝပတ်ဝန်းကျင်ရေးရာ နဲ့ နိုင်ငံတကာဖွံ့ဖြိုးမှုရေးရာ ၀န်ကြီး Mr. Erik Solheim ရဲ့ ဒီတပတ် မြန်မာပြည်ခရီးစဉ်အကြောင်းလည်း ပါပါတယ်။
မြန်မာပြည်မှာပြောင်းလဲနေတာတွေဟာ ဥရောပက ထင်ထားကြတာထက် အများကြီး မြန်မြန်ဆန်ဆန် ဖြစ်နေတယ်လို့ ၀န်ကြီးက ပြောပါတယ်။
ဗိုလ်ချုပ်ဟောင်းတွေက ဒီအပြောင်းအလဲတွေကို အင်မတန် ဂုဏ်ယူနေဟန်ရှိတယ်လို့ ၀န်ကြီးက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်သလား ?? ဆိုတာက သတင်းထဲပါတဲ့ ခေါင်းစဉ်တခုပါ။
မြန်မာအစိုးရက အပြောင်းအလဲတွေ လုပ်ပြနေတာဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရောက်လာဖို့ ရည်ရွယ်ပါတယ် တဲ့။
နော်ေ၀၀န်ကြီးက ရေနံ၊ သဘာဝဓာတ်ငွေ့ နဲ့ ရေအားလျှပ်စစ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေတယ်။
မြန်မာပြည်မှာ ဒီအပြောင်းအလဲအတိုင်းသာ ဆက်သွားရင် နောင် လာမယ့် သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နိုင်တယ်လို့ သတင်းမှာ ရေးထားပါတယ်။
"ပြည်သူတွေက ကျမကို အလိုရှိတယ်၊ အရာရာ ချောချောမွေ့မွေ့ဖြစ်မယ် ဆိုရင် ဒီကိစ္စကို ကျမ အလေးအနက် စဉ်းစားချင်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သတင်းမှာ ရေးထားပါတယ်။
.
ဪ ဂလိုကြောင့် ဂလိုကြောင့်ကိုး .. ဆိတ်ဆိတ်နေခြင်းသည် ထောင်တန်၏ အဆိုအမိန့် တယ်မှန်သကိုး ..