ချင်းမိုင်က LANNA GMS Fair 2011 ကုန်စည်ပြပွဲ

Tuesday, November 8, 2011

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ရော်ဘင်ဆန် (Central Airport Plaza) ဈေးဝယ်စင်တာကြီးမှာ နိုဝင်ဘာ ၄ ရက်ကနေ ၁၃ ရက် အ ထိ ၁၀ ရက်ကြာ မဲခေါင်ဒေသ နိုင်ငံများ ကုန်စည်ပြပွဲ LANNA GMS Fair 2011 ပြသ နေပါတယ်။

ဒီပြပွဲမှာ ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံ စတဲ့ နိုင်ငံပေါင်း ၆ နိုင်ငံ ပြသတာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၃၀၀ ကျော် ရှိတယ်လို့ ပြပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ အိမ်ရှင် ထိုင်းနိုင်ငံက ဆိုင်ခန်း ၅၀ ကျော်ပဲပါဝင်ပြီးတော့ တရုတ်ကတော့ ၁၀၀ ကျော်ပါတယ်။ ကမ္ဘောဒီးယားက ဆိုင်ခန်း၂၀ ၊ လာအိုက ၁၅ ခန်းနဲ့ မြန်မာကတော့ ၁၀ ခန်းလို့ ဆိုပါတယ်။ ပြသတဲ့ပစ္စည်းတွေ ကတော့ ဒေသ ထွက်ကုန်တွေနဲ့ လူသုံးကုန် ပစ္စည်းတွေများပါတယ်။ ညစဉ် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ Miss Lanna GMS 2011 ဆိုတဲ့ မော်ဒယ်လ် ရှိုးပြိုင်ပွဲလည်း ရှိပါတယ်။

မြန်မာက ဆိုင်းခန်း ၁၀ ခန်းတောင် ပြသတယ်ဆိုလို့ သွားကြည်တော့ အဲဒီ မြန်မာအလံတွေ တပ်ထားတဲ့ မြန်မာဆိုင်ခန်းလို့ ဆိုတဲ့ နေရာတွေမှာ တရုတ် ကုမ္ပဏီ အမည်တွေနဲ့ တရုတ်ပစ္စည်းတွေကို တွေ့ရပါတယ်။ မြန်မာ တဦးမှ မတွေ့ပါဘူး။

မြန်မာအလံနဲ့ဆိုင်ခန်း တခန်းမှာ ဈေးရောင်းနေတဲ့မိန်းကလေးတဦးကို မြန်မာပြည်ကလားလို့ မေးကြည့်တော့ သူ့ဘော့စ်က တရုတ် ပါတဲ့။ ဆိုင်ခန်း အစီအစဉ်တွေက လွဲနေတယ်လို့ ပြန်ပြောပါတယ်။ တခြားဆိုင်ခန်းတွေမှာလည်း မြန်မာ မရှိပါ၊ ဘာကြောင့် ဆိုတာလည်း မသိရပါ။ သြော် ဖြစ်မှ ဖြစ်ရပလေ၊ လွဲစရာရှားလို့ မြန်မာနဲ့ တရုတ်နဲ့မှ တည့်တည့် လွဲရတယ်လို့ ဆိုပြီး စိတ်ထဲမှာ ညည်းညူမိလိုက်ပါရဲ့။ မြစ်ဆုံအရေးကလည်း မကြာသေးဘူး မဟုတ်လား....။

(ဓာတ်ပုံ သတင်း - ကိုစိုး)


LANNA GMS Fair 2011 ကုန်စည်ပြပွဲ ခန်းမနဲ့ ပြပွဲလာသူများ

ကုန်စည်ပြပွဲ ခန်းမ အ၀င်ပေါက်

ပြပွဲကိစ္စ သိချင်တာရှိရင် စုံစမ်းဖို့နေရာ

ကုန်စည်ပြပွဲက မော်ဒယ်လ်ရှိုးကြော်ငြာ

မော်ဒယ်လ်ရှိုးကြော်ငြာကို စိတ်ဝင်စားနေတဲ့ အမျိုးသမီးတချို့

ထိုင်း လက်မှု အနုပညာလက်ရာ အရုပ်ကလေးများ

ထိုင်း လက်မှု အနုပညာလက်ရာ ဆိုင်ခန်း

ထိုင်း အရောင်းဆိုင်ခန်းများ

ဗီယက်နမ်နဲ့ တရုတ်ကြားက မြန်မာ ကြော်ငြာ

မြန်မာအလံ တပ်ထားတဲ့ မြန်မာဆိုင်ခန်းလို့ ဆိုတဲ့ တရုတ်ကုမ္ပဏီ စာတန်းနဲ့ ဆိုင်ခန်း

မြန်မာအလံ တပ်ထားတဲ့ မြန်မာဆိုင်ခန်းလို့ ဆိုတဲ့ တရုတ်ကုမ္ပဏီ စာတန်းနဲ့ ဆိုင်ခန်းတွေ

မြန်မာအလံ တပ်ထားတဲ့ ဆိုင်ခန်းမှာ တရုတ်ကုမ္ပဏီ စာတန်းနဲ့ တရုတ်ပစ္စည်းတွေ

ကုန်စည်ပြပွဲ ခန်းမ အပြင်က အလှဆင်ထားတဲ့ ရေပန်း

LANNA GMS Fair 2011 ကုန်စည်ပြပွဲ ခန်းမအ၀င်

ကုန်စည်ပြပွဲ ဗိုင်နယ်လ် ကြော်ငြာ




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved