ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခင်အောင်မြင့်တွေ့ဆုံ

Tuesday, December 13, 2011

~










AFP photo

RFA သတင်း

ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့မှာ မနေ့က ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

လွှတ်တော်နာယက ဦးခင်အောင်မြင့်ရဲ့ ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှာရှိတဲ့ ဦးခင်အောင်မြင့်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး တွေ့ဆုံချိန် တနာရီလောက် ကြာတယ်လို့ သိရပါတယ်။ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကတော့ အခုလို တွေ့ဆုံတဲ့သတင်းကို ကြားရတာ ရှိပေမယ့် အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

လွှတ်တော်အကြီးအကဲ ဦးခင်မောင်မြင့်ဟာ အန်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုကြောင်း၊ ဒါဟာ ဖျောက်ဖျက်လို့ရတဲ့ ကိစ္စမဟုတ်ကြောင်း ရန်ကုန်တိုင်းမ် သတင်းဂျာနယ်နဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ မှတ်ပုံပြန်တင်မယ်ဆိုရင် လွှတ်တော် အကြီးအကဲဖြစ်တဲ့ မိမိနဲ့တကွ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေက ကြိုဆိုမှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်သူတွေ ရွေးချယ်မယ်ဆိုရင် လွှတ်တော်ထဲကို ရောက်ရှိလာမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝတဲ့ ပညာတတ်တယောက် ဖြစ်တာကြောင့် နိုင်ငံ တည်ဆောက်ရေးအတွက် အများကြီး အားကိုးရမှာ ဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။




~

1 comments :

  1. Observer said... :

    just copying news from other web site.

    why don't you do by yourself.

    you have lots of ' reporters ' according to your news authors.

    many names. Are they real or ..just ' names ' only and no actual persons.

    We have seen in R F A website. We expect some other new presentations - not old presentation that others website already did .

    Myanmar website ' steals ' from other Myanmar website.

    r u going to publish this comment OR just ' put away ' like B S P P did.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved