မဲဆောက် ကလေး ၁၅၀ ကုန်ကူးခံရ

Monday, December 12, 2011

~







ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှာ မြန်မာကလေးငယ်တွေ နှစ်စဉ် လူကုန်ကူးမှုခံနေရ ပြီး ၂၀၁၁ ခုနှစ်အတွင်းမှာ လူကုန်ကူးခံရမှု ဖြစ်စဉ် ၁၅၀ ကျော်ခဲ့တယ်လို့ ထိုင်းမှာ အခြေ စိုက်တဲ့ မြန်မာကလေး ကူးသန်း ရောင်းဝယ်မှု တိုက်ဖျက်ရေးနဲ့ ပညာပေးအဖွဲ့ Burma Act အဖွဲ့ရဲ့ လက်ထောက်တာဝန်ခံ ဆရာနေဦးက ဧရာဝတီကို ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ ၁၅၀ ထဲမှာ ကိုယ့်ကလေး မပါဘူး ဆိုတော့ အင်း .... ကံကောင်းတယ်လို့ ဆိုရမှာပါ။ အဲဒီ ကလေးတွေနဲ့ သူတို့မိဘတွေအတွက်တော့ ကံဆိုးတာပေါ့။

ဒီနေ့ဟာ ကလေးကူးသန်းရောင်းဝယ်မှုပပျောက်ရေးနေ့ ဖြစ်ပါတယ်။

မဲဆောက်မြို့မှာ ဒီနေ့ နဲ့ ပတ်သက်ပြီး အထိမ်းအမှတ်ပွဲကို ပညာပေးအစီအစဉ်တခု အဖြစ် ပြုလုပ်ခဲ့ပါတယ်။

ဒီအစီအစဉ်ကို မဲဆောက်ဒေသက မြန်မာ ရွှေ့ပြောင်း ကျောင်း ၅၀ ကျော်က မြန်မာကလေးငယ် ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးများအကြောင်း ဟောပြောမှုလည်း ပါဝင်ပါတယ်။

ဟောပြောသူတွေကတော့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်လက်ထောက် ပညာရေးမှူး၊ ပြီးတော့ မြန်မာကလေးငယ်များအရေး ဆောင်ရွက်နေတဲ့ အဖွဲ့က တာဝန်ရှိသူများပါပဲ။

ပညာပေးအစီအစဉ်များနဲ့အတူ ကျောင်းအလိုက် မြန်မာကလေးတွေက ပညာပေးပြဇာတ်များ၊ အဆိုအကများနဲ့ ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။

ဒီပွဲကို မဲဆောက်မှာ နှစ်စဉ် ကျင်းပလာခဲ့တာ ၇ ကြိမ်ရှိပြီးလို့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်တဦးက ပြောပါ တယ်။

ဒီဒေသမှာအခြေစိုက်တဲ့ ကလေးကူးသန်းမှုပပျောက်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၁ ခုက ကမကထပြုလုပ်ပေးတာဖြစ်ပါတယ်။

ဓာတ်ပုံများ - ဧရာဝတီ































~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved