ကော့သောင်းမြို့မှာ စစ်သားများ ရမ်းကားမှု

Saturday, December 17, 2011


ကော့သောင်းမြို့ (ပုံ - စာကလေး ဘလော့ဂ်)

ကော့သောင်းမြို့လယ်တွင် အရာရှိတစ်ဦးအပါဝင် စစ်သားတချို့ မှုးယစ်ရမ်းကားမှု ဖြစ်ပွား

၁၆ ဒီဇင်ဘာ၊ ၂၀၁၁၊ ကော့သောင်း

ကော့သောင်းမြို့နယ် အဏ္ဏာဝါရပ်ကွက် ရွှေသီရီကုန်မာဆိုင် ရှေ့တွင် ယနေ့နေ့လည် ၁၂နာရီ ၁၅ မီနစ်ခန့်တွင် စ.က.ခ (၂၀) လက်အောက်ခံ တပ်ရင်း (၅၈၂) မှဗိုလ်အောင်အောင်လတ်၊ အရာခံဗိုလ်အောင်ကျော်နိုင်၊ တပ်ကြပ်ကြီး မြင့်လှိုင် ၊ ယာဉ်မောင်တပ်သားတစ်ဦး (အမည်မသိ )မောင်းနှင်းလာသောကား နံပတ်ကြယ်၁၃၉၀(မ) သည် ရွှေသီရိကုန်မာဆိုင်ရှေ့ ဘေးတွဲမော်တော်ဆိုင်ကယ်ရှေ့တွင်ထိုးရပ်ပြီး အရာခံ ဗိုလ်အောင်ကျော်နိုင်မှ ဘေး တွဲဆိုင်ကယ်မောင်းနှင်းသူ ကိုနိုင်ဝင်းနိုင်ထံမှ ကွမ်းယာတောင်းစားရာမှ ကွမ်းယာမရ၍ ဘေးတွဲမောင်းသမား ကိုနိုင် ၀င်းအား ကိုယ်ထိလက်ရောက် ခဲ့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

၎င်းဖြစ်ပွားခဲ့ပုံနှင့် ပက်သက်ပြီး ဘေးတွဲမောင်သူ ကိုနိုင်ဝင်းက “ ကျွန်တော်က ဒီရွှေသီရိရှေ့မှာဘေး တွဲအငှားလိုက်ပါတယ် အဲဒါ နေ့လည် (၁၂.၀၀) လောက်မှာ အဲဒီစစ်ကားက ကျွန်တော်ဘေးတွဲဆိုင်ကယ်ရှေ့လာ ရပ်ပြီး ကားပေါ်မှ အရာခံဗိုလ်ဆင်းလာပြီး ကွမ်းတောင်းစားတော့ ကွမ်းမရှိကြောင်းပြောတော့ ကျွန်တော်ကို ပြသာ နာစရှာတော့တာပါပဲ မင်းကအချိုးမပြေဘူး မင်းအချိုးပြင်လိုက်ဆိုပြီး ကျွန်တော်ကို ရှိခိုးတောင်းပန်ခိုင်းပါတယ်။ ကျွန်တော်ကလည်းကျွန်တော်မှာ အပြစ်မရှိဘဲ မတောင်းပန်နိုင်တော့ အဲဒီ အရာခံဗိုလ်အောင်ကျော်နိုင်က ကျွန်တော်ပါးကိုရိုက်လိုက်ပါတယ်။ အဲဒီမှာ ပဲ့ချိတ်ဆွဲနေသူ ကိုအောင်ဝင်းမှ ၀င်ရောက်တားတော့ ကိုအောင်ဝင်းကိုပါ ကားပေါ် ပါ ဗိုလ်အောင်အောင်လတ်က ရိုက်ဖို့ရွယ်တော့ ဘေးမှာရှိတဲ့လူတွေ ၀ိုင်းလာတော့ မရိုက်ဖြစ်တော့ပါဘူး ဟု” ဘေးတွဲဆိုင်ကယ်သမား ကိုနိုင်ဝင်းက သူ့ကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။

“ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ်ကွဟု ဗိုလ်အောင်အောင်လတ်ကြိမ်းမောင်း ခဲ့တယ် ဒါပေမယ့် သူတို့မှာတော့သေနတ်မပါဘူးလို့” ကိုယ်တိုင် ပါးရိုက်ခံခဲ့ရသူ ကိုနိုင်ဝင်းက ပြောပါတယ်။

၎င်းကောင်းဖြစ်ရပ်နဲ့ ပက်သက်ပြီး ပြည်သူ့ကိုကာကွယ်စောင့်ရှောက် ရမည့်တပ်မတော်သားများက ပြည်သူတွေကိုအနိုင်ကျင့်ဆော်ကားသည့်အပေါ်မကြေနပ်ကျသည့်အနီနားရှိပဲ့ချိတ်မောင်းသမားများကကိုနိုင်ဝင်းနှင့် အတူ ကော့သောင်းအခြေချစစ်ဗျူဟာ ကိုတိုင်တန်းထားကြောင်း သိရှိရပါတယ်။

ကော့သောင်းသားတစ်ဦး





6 comments :

  1. Anonymous said... :

    Why, this kind of very bad things happened again in Kawthaung? Where is the way to democracy?Does Army means,they have the guns,and can kill any body,who had quarrel with them,whether they started first,like 2 youngmen died in Pago? This bastards power crazy weapon's trigger happy,have the licence to kill like *James Bond?So,bad even to hear that this kind of bullies happened in Burma,that shows nothing changes in Burma,although Mrs.Clinton,came to see for CHANGES.This lawless over power used stupid should remove and take action like *Tanintharyi Prime minister General Khin Zaw.

  1. Anonymous said... :

    ဒီလိုလက်နက်မဲ့ပြည်သူတွေကိုအနိုင်ကျင့်တဲ့
    ကောင်တွေကို KIA နဲ့ ပေးတွေ့ လိုက်ပါလား၊
    လက်နက်ရှိသူအချင်းချင်း ဆို ကြောက်ချီးတောင်
    ပန်းသွားမာ်

  1. Anonymous said... :

    ဦးခင်ဇော်ကိုလို ရာထူးကဖယ်ရှားရုံနဲ.တော့ဘယ်လုံလောက်မလဲဗျာ..
    ဒါမျိုးက စံပြအနေနဲ. အလုပ်ကြမ်းနဲ.ထောင်ဒဏ်လိုဟာမျိုး၊ ဒါမှမဟုတ်ဒီထက်
    ပြင်းထန်တဲ့ပြစ်ဒဏ်မျိုးချပေးရမှာ.....

  1. Anonymous said... :

    ကျွန်တော်တို့နိုင်ငံကအရပ်သားအစိုးရတာဆိုတယ်စစ်အာဏာရဲ့အောက်ကိုမလွတ်သေးပါဘူး..အဲဒီတော့ပြောင်းလဲနေပါပြီဆိုတာကျနော်တို့ပြည်သူနဲကမ္ဘာကိုညာနေတာပဲ.

  1. Anonymous said... :

    လက်ခုပ်ဆိုတာနှစ်ဘက်တီးမှမြည်တတ်တာနော်၊မျှတအောင်တွေးစေချင်တယ်။

  1. Anonymous said... :

    ဒါက ဒီကောင်တွေ အကျင့်ပါနေပြီပဲ ပြည်သူကို နှိပ်စက်ဖို့ဆိုတာ။ ယူနီဖောင်းဝတ်ထားရင် ဒီလိုလုပ်လို့ရတယ်လို့ သူတို့ကို သူတို့ ပထွေးတွေက သင်ပေးခဲ့ပြီးပြီပဲ။ မခံချင်ဖြစ်ရုံကလွဲပြီး ကျုပ်တို့ပြည်သူတွေ ဘာတတ်နိုင်မှာလဲဗျာ။ ဟားဟားဟား
    ဒါလား ဒီမိုကရေစီနိုင်ငံ
    ဒါလား ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး ဆိုတာ
    ဟားဟားဟားဟား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved