![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvWlL5z08v0eM3WtWFk7UoI7i_H5YFZjSFp7XVnvTGIP1LzJ20gR7C6FF16J2vdomMEMjMrFwHESpWCTUmmA0uj5l-IVNFq2O8VaWW1s77DvsyiWOLKyO4r5K-cYDq9857PwgxZAe44v0/s400/381211_289897741047856_114803668557265_757057_465617234_n.jpg)
(သတင်းစာကနေ ကြော်ငြာနဲ့ ရှာဖွေခဲ့တဲ့ ဆောင်းပါးဖြစ်တဲ့ မီးဟုန်းဟုန်းတောက်မယ့် မြန်မာပြည် ဆောင်းပါးနဲ့ ပတ်သက်လို့ Eleven Media Group က CEO ဒေါက်တာ သန်းထွဋ်အောင်က တုံ့ပြန်ရေးသားထားတာပါ။ တင်ပြထားတဲ့ သတင်းစာဖြတ်ပိုင်း အသေးစိတ်တွေကိုတော့ Eleven Media Group ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။)
ယခုအပတ် မြန်မာတိုင်း (မ်) ဂျာနယ်မှာ "မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်" ဆောင်းပါးကို ဗဟုသုတရစေရန်ဟူ၍ ဖော်ပြထားခဲ့ပါသည်။
၎င်းဆောင်းပါးသည် လွန်ခဲ့သော ၂၃ နှစ်က လူအများ အလွန်မုန်းတီးခြင်းခံရသော ဆောင်းပါးရှင်တစ်ဦးက သမိုင်းအမှားများကို တစ်ဖက်သက် ဖော်ပြခဲ့ခြင်းသာဖြစ်ပါသည်။ ယခု မြန်မာတိုင်း(မ်)က ထပ်မံဖော်ပြခဲ့သောကြောင့် နောက်လူများ၊ မမီသောသူများ အမှား မှတ်မိမည်ကို စိုးရိမ်ပါသည်။ ၂၂ နှစ်တာ ဆောင်းပါးအဆက်ရေးသားရန် မအားလပ်သေးပါသဖြင့် ယခုလောလောဆယ်တွင် ထိုခေတ်က ကြေးမုံသတင်းစာ စက်တင်ဘာ ၁ ရက်မှ ၁၈ ရက်အထိကို ရည်ညွှန်းဖော်ပြပါသည်။ သတင်းစာများသည် သမိုင်းအမှန်ကို ပြောပြနေပါသည်။ (ကျွန်တော်သည် ၁၉၈၈ စက်တင်ဘာ ၁၀ ရက်အထိ မန္တလေးမြို့၌ရှိပြီး စက်တင်ဘာ ၁၁ ရက်နေ့မှ စက်တင်ဘာလကုန်အထိ ရန်ကုန်မြို့၌ ရှိပါသည်။ သမိုင်းဆိုသည်မှာ ဖျောက်ဖျက်၍မရနိုင်ပါ။)
သန်းထွဋ်အောင်
(စာကြွင်း)
အဲဒီခေတ်က ဒီဆောင်းပါးရှင်က သာကူးဆိုပြီး သရော်တာပါ။ အခုလည်း မြန်မာတိုင်း(မ်)က ဒီရည်ရွယ်ချက်နဲ့ ဖော်ပြချင်တာလို့ နားလည်ပါတယ်။ တကယ်တော့ ဒီမိုကရေစီလိုလားတဲ့ဘက်ကို ပြောင်းလာတာလဲမဟုတ်ပါဘူး။ အခုမှ အမှန်မြင်လာတာလဲမဟုတ်ပါဘူး။ တကယ့်အာဏာရှင်စနစ်အောက်ကနေ အခုမှ အမှန်တရားကို ပြသ၀ံ့လာကြတဲ့သူတွေပါ။ သူတို့ရင်ထဲမှာ အမှန်တရားဆိုတာ ရှိပြီးသားပါ။ အမှန်တရားကို ပြသ၀ံ့ရှိလာသူ၊ ပြသခွင့်ရှိလာသူတွေကို သာကူးလို့ ပျက်ရယ်မပြုသင့်ပါဘူး။ ရင်ထဲက အရှိတရားကို ထုတ်ဖော် ပြသလာသူတွေအားလုံးကို ကြိုဆိုကြရမှာပါ။
Than Htut Aung:Are You That Man?
I Think So!