ဓာတ်ပုံများ - ဧရာဝတီ
ဗာတီကန် ကိုယ်စားလှယ် Cardinal Renato Raffaele Martino ရန်ကုန် ရောက်နေပါပြီ။
ရန်ကုန်မြို့ စိန်မေရီ ဘုရားကျောင်း နှစ် ၁၀၀ ပြည့် ပွဲတော် တက်ရောက်ဖို့ ရောက်နေတာပါ။
ဒီပွဲတော်ကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ်လို့ မနေ့က ထွက်ပေါ်လာတဲ့ AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
စိန်မေရီ ရာပြည့်ပွဲမှာ ဗာတီကန် ကိုယ်စားလှယ်က ပုပ်ရဟန်းမင်းကြီး Benedict XVI ရဲ့ သ၀ဏ်လွှာကို ဖတ်ကြားမယ်လို့ ဆိုပါတယ်။
ဗာတီကန်ဟာ အီတလီနိုင်ငံ ရောမမြို့မှာ တည်ရှိတဲ့ ကမ္ဘာ့အသေးဆုံး တိုင်းပြည်တခု ဖြစ်ပါတယ်။
မြေဧရိယာ သေးငယ်လွန်းတာကြောင့် သံတမန်ဆက်ဆက်ရေးအတွက် သံရုံးတွေ မရှိတဲ့နိုင်ငံတခု ဖြစ်ပါတယ်။
0 comments :
Post a Comment