မြန်မာပြည်နဲ့ လေအားလျှပ်စစ်

Wednesday, December 7, 2011

~








ပထမဆုံး လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မည်

နိုင်ငံတော်ဓာတ်အားစနစ်နှင့် အလှမ်းကွာဝေးသည့် ဒေသများအတွက် ရည်ရွယ်သည့် ပထမဆုံး လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို ထိုင်းနိုင်ငံမှ GUNKUL Engineering Public Co., Ltd. နှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

နိုင်ငံတော်ဓာတ်အားစနစ်နှင့် အလှမ်းကွာဝေးသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့တွင် လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများကို ဒေသအာဏာပိုင်များနှင့် ပြည်သူတို့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ဆောင်ရွက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းကို ၂၀၀ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်မည့် လုပ်ငန်းအဆင့်ငါးခုခွဲ၍ ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းပထမအဆင့်ကို ၂၀၁၅ခုနှစ်၌ စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ စုစုပေါင်း ထုတ်လုပ်နိုင်မည့် ၁၀၀၀ မဂ္ဂါဝပ်ကို ၂၀၁၈ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်မည့် လေအားလျှပ်စစ်စီမံကိန်းအတွက် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ လျှပ်စစ်စွမ်းအားဦးစီးဌာနနှင့် GUNKUL Engineering Public Co., Ltd. တို့ နိုဝင်ဘာ ၂ ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

http://planet.com.mm/news/read.cfm/id/18169 မှာ ဖော်ပြထားတဲ့ သတင်း ဖြစ်ပါတယ်။






~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved