သံဃမဟာနာယက ဆိုတာ ...

Friday, December 16, 2011


Link

သံဃာ့မဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေ၀င်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ၁၃၄၂ ခုနှစ် နယုန်လ (၁၉၈၀ ပြည့်နှစ် မေလ) မှာ ဂိုဏ်းပေါင်းစုံက သံဃာတော် (၁၂၀၀) ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူကြီးအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။

သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ထဲမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃာ့မဟာနာယကဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့မှာ ရုံးထိုင်စေခဲ့တာပါ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ဖို့ပါ။

သံဃာ့နာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃာ့နာယက ဖွဲ့စည်းပြီးရင် စစ်အစိုးရက သံဃာ့နာယက အဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကို ဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူပါတယ်။ သာသနာရေးဌာနက အကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃာ့နာယက အဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ အဲဒီလိုဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ့ မပတ်သက်ချင်လို့ ဘွဲ့တံဆိပ် မဆက်ကပ်လေ ကြိုက်လေပါ။


ဒါကတော့ သံဃမဟာနာယကအဖွဲ့နဲ့ ပတ်သက်လို့ အရှင်ပညာနန္ဒက သံဃမဟာနယကအဖွဲ့ စတင်ပေါ်ပေါက်လာပုံ၊ ဆောင်ရွက်ချက်များ၊ အကျိုးများ၊ အပြစ်များကို ရေးသားဖော်ပြထားတဲ့ အထဲက ကောက်နုတ်ထားတာပါ။

အပြည့်အစုံကို ဘားမားဗီဂျေ ဝက်ဘ်ဆိုဒ်မှာ ဖတ်ရှုနိုင်ပါတယ်။





14 comments :

  1. Anonymous said... :

    ဧရာဝတီရဲ့ သတင်းတွေကို အားပေးလျှက်ပါ
    ဒီပိုစ့်ရဲ့ စာသားတွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတု အထိမ်းအမှတ်စာစောင်မှ ဓမ္မာစရိယ ဘိုကလေးအရှင်ပဏ္ဍိတ ရေးထားတဲ့ အဓမ္မကို ”ဓမ္မဖြင့်ထင်စွာ ပြခဲ့ကြသည့် အရှင်မြတ်ကြီးများ” ဆိုတဲ့ ဆောင်းပါးကို ပြန်လည်ကူးယူပြီး ၈၈ အရေးအခင်းနဲ့ ၂၀၀၇ အရေးအခင်း မှာ သံဃမဟာနာယကအဖွဲ့ မပါတဲ့အကြောင်း ထပ်ပေါင်းထားပြီး အပစ်တင်ထားတာပါ
    သံဃမဟာနာယကအဖွဲ့ ပါဝင်ခဲ့တဲ့ အဓိကရုံးတွေက ဘာသာရေး ပြဿနာများသာဖြစ်ပြီး၊ နိုင်ငံရေးပြဿနာတွေမှာ ဝင်မပါတာ သဘာဝ ကျပါတယ်
    စာသားတွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ငွေရတု အထိမ်းအမှတ်စာစောင်မှ ဓမ္မာစရိယ ဘိုကလေးအရှင်ပဏ္ဍိတ ရေးထားတဲ့ အဓမ္မကို ”ဓမ္မဖြင့်ထင်စွာ ပြခဲ့ကြသည့် အရှင်မြတ်ကြီးများ” ဆိုတဲ့ ဆောင်းပါးမူရင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်
    ကူးယူကိုးကားသူအနေနဲ့လည်း ref ထည့်သင့်ပါတယ်

  1. Anonymous said... :

    အော်... စည်းလုံးညီညွတ်ကြဖို့၊ တိုင်းပြည်အကျိုးသယ်ပိုးကြဖို့ပြောတဲ့ဘုန်းကြီးကို တရားဟောခွင့်ပိတ်တယ်။ တရုတ်သီချင်းဖွင့်ပြီး ဟေးလားဝါးလား ကခုန်ကြဖို့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေထောင်ပြီး လုပ်တဲ့ဘုန်းကြီးကိုတော့ မပိတ်ပင်ဘူး။ အတော်တရားကျဖို့ကောင်းပါတယ်။

  1. Anonymous said... :

    အစိုးရက သံဃာမဟာနယက အဖွဲ့ ထဲ မထည့်တဲ့အထဲမှာ ချမ်းမြေ့ဆရာတော်ကြီးတို့  ရွှေတောင်ကုန်း ဆရာတော်ကြီးတို့  ထိပ်ဆုံးကပါတယ်။

  1. Anonymous said... :

    In this matter, the real target the government made is to Daw Aung San Suu Kyi and NLD, not Sayadaw. When they searched for the victim sacrificed for it, they found Shwe Nya War Sayadaw, I suppose so. Than Shwe and his fellows are no so much broad-minded to look forward to seeing Daw Aung San Suu Kyi as a new leader of Burma in the near future. They allowed the NLD as a registerd party because of their benefits. Now they are scared of the popularity of Daw Aung San Suu Kyi and NLD. That's why they want to create a political riot again and if it happens, the army will take the power again. This is the way they always use.

  1. Anonymous said... :

    .တရားသလားမတရားသလားဆိုတာ.ဘုန်းကြီးတွေကို.မှမဟုတ်ဘူးလူတွေကိုတောင်လူလူခြင်းညှာတာထောက်ထားမှု့ မရှိတဲ့ 
    လူတွေ.အုပ်ချုပ်တဲ့..မင်းဆိုးမင်းညစ်.လက်ထက်မှာ......
    ဒီလို.အဝိဇာအမှောင်ဖုံးခံရဦးမှာပါ

  1. Anonymous said... :

    သံဃမဟာနာယကဟာ နေ၀င်းရဲ့အာဏာနဲ့ ဖွဲ့ခဲ့တာပါ
    ဗုဒ္ဓရဲ့အဆုံးအမကြောင့် ဖြစ်တည်လာတာ မဟုတ်ပါ
    လိုက်နာစရာမလိုပါ
    သပိတ် မှောက်ခွင့်ကို ဗုဒ္ဒကိုယ်တော်တိုင် ခွင့်ပြုခဲ့တာပါ

  1. Nyo said... :

    ရွှေည၀ါဆရာတော် ကိစ္စအတော်လေး ခုရက်ပိုင်း လိုင်းပေါ်မှာ အတော်လေး ဟော့တဲ့သတင်း။

    ခုဖြစ်တဲ့ကိစ္စကလည်း မြန်မာနိုင်ငံရဲ့တရားဝင်ဖွဲ့ထားတဲ့ သံဃာ့ဦးစီးအဖွဲ့ရဲ့ တားမြစ်ချက်ကို ရွှေည၀ါဆရာတော်အနေနဲ့ သိရှိလိုက်နာမည့်အကြောင်း တရားဝင်လက်မှတ်ထိုးထားပြီး မလိုက်နာလို့ အဲဒီအဖွဲ့အစည်း(မဟန)ကနေ အပြစ်ပေးခြင်းလို့ပဲ သဘောပေါက်တယ်။

    မီဒီယာမှာ အဲဒီကိစ္စအပေါ် အမြင်တွေ အမျိုးမျိုးဖြစ်နေတာက ဒီသတင်းကို တင်ပြတဲ့ အပေါ်မှာ မူတည်ပြီးပြောနေ-ဖြစ်နေတာ။

    ဗုဒ်ဓဘာသာဘုန်းကြီးကျောင်းတွေမှာ သံဃာတွေအနေနဲ့ အရင်ကတည်းက ခုအထိ သံဃာတွေအနေနဲ့ ဆရာတော်ကြီးတွေရဲ့ ဆိုဆုံးမမှုနဲ့ ဘယ်လိုတွေ နေထိုင်ကျင့်ကြံရတယ်ဆိုတာ သွားလေ့လာ လိုက်ကြဦး။

    ခုဖြစ်စဉ်က အဲဒီရှေးရိုးကျင့်ကြံနေထိုင်လာမှုကနေ ကန်တကောလုပ်မှု၊ စပြီးပုန်ကုန်မှု၊ ဆရာတော်ကြီးတွေ တားဖြစ်ထားတဲ့ကြားက ပမာမခန့်လုပ်မှု၊ လက်တလုံးခြားလုပ်ပြီး ဆရာတော်ကြီးတွေ စကားကိုပုန်ကန်မှု၊ မလိုက်နာမှုတွေကြောင့် ဖြစ်တဲ့အမှုပဲ။

    စာသင်တိုက်ကြီးတွေကို သွားပြီးအချိန်ရရင် လေ့လာကြပါဦး။ ကျောင်းပိုင်၊ တိုက်အုပ်၊ အကြပ်ဆရာတော်တွေစကားကို နားမထောင်၊ မလိုက်နာတဲ့ သံဃာကို ဘယ်လိုအပြစ်တွေ ထိုက်တယ်၊ ပေးတယ်ဆိုတာကို။

    အဲလိုတွေသာ တခြားသော သံဃာတွေ ထပ်ပြီးများများလုပ်လာကြရင် ဒီဘာသာကြီးရေရှည်တည်မြဲဖို့ သံဃာတွေကို စည်းကမ်းတကျ ထိန်းသိမ်းဖို့ ခက်လာလို့ ပျက်စီးဖို့ဖက်ကို အမြန်သွားတော့မှာ အသေအချာပဲ။

    ဘုန်းကြီးလောကအကြောင်းသေချာမသိပဲနဲ့ ဘုန်းကြီးတွေကို မဝေဖန်တာ အကောင်းဆုံးပဲ။ မဟန က ဆရာတော်ကြီးတွေ ဘယ်လိုသီလ၊ သမာဓိပြည့်စုံတယ် ဆိုတာလည်း ရိုးရိုးလူထဲ သူတို့သံဃာ့ အသိုင်းအ၀ိုင်းနဲ့ ပက်သက်တဲ့လူနဲ့ သံဃာတွေသာ အသိဆုံးဖြစ်ပါတယ်။

    လိုင်းတွေ သိပ်မပူးကြပါနဲ့ဗျာ။ ကိုယ့်လိုင်းနဲ့ကိုယ်ပဲ အဆင်ပြေသလို ရပ်တည်ကြပါ။

  1. Anonymous said... :

    ဒီအပေါ်က Nyo ဆိုတဲ့ပုဂ္ဂိုလ်ကို ဘယ်သူတွေက ဘာရာထူးရာခံတွေရွေးချယ်ခန့်ထားလို့ လာပြီးဆုံးမစကားတွေ ဘုန်းကြီးလောကကိုလေ့လာခိုင်းတာတွေ လိုင်းမပူးဖို့တွေလာသတိပေးနေရတာလဲ? လေသံကိုက ဖွတ်သံပေါက်နေတယ် အေးအေးနေပါ လူတကာကို လာမတင်စီးပါနဲ့ ဒီခေတ်မှာ ဒီလိုအသားလွတ်လာတင်စီးတာမျိုးကို ငုံ့ခံမယ့်လူမရှိဘူး သဘောပေါက်။

  1. Anonymous said... :

    သံဃာ မဟာ နာယက အဖွဲ့က ဘုန်းတော်ကြီးတွေ သီလ၊ သမာဓီ ရှိတယ်ဆိုရင် .... စစ်တပ်ခိုင်းတိုင်း လိုက်မလုပ်သင့်ဘူး။ မလုပ်အပ်ဘူး။ စစ်တပ်အောက်မှာ စစ်တပ်အမိန့် ပေးတိုင်း ချိန်းခြောက် မြှောက်ပင့် ပေးတိုင်း မနာခံ သင့်ဘူး။ စစ်တပ်ကမသန့် ရှင်းတဲ့ အလှူအတန်းတွေကို လက်မခံသင့်ဘူး။ သံဃာမဟာနာယက ဆီက တိုင်းပြည်ငြိမ်းချမ်းအောင် တရားဝင် စစ်တပ်ကို ဟန့် တား မှု့  မတွေ့ ခဲ့ရဘူး။ ရွှေတိဂုံ ဘုရားပေါ်မှာ စစ်တပ်က တပ်စွဲပြီး နှစ်ပေါင်း များစွာ လက်နက်ကိုင် ထားတာကို တားမြစ်ပိတ်ပင်ခဲ့တာ သြဝါဒပေးတာ မကြားမီခဲ့ဘူး။ လိုင်းမတူ ဘူး ဆိုပြီး ငါတို့ နဲ့ မဆိုင် ပစ်ထားလို့  မရ စကောင်းဘူး။ ဆရာတော်ကြီးကိုယ်တိုင် ဒီတိုင်ပြည်မှာနေ ဒီတိုင်းပြည်ကို သာသနာ ပြုနေရိုးအမှန်ဆိုရင် မလိမ်မာသူကို ဆုံးမ၇မှာ ယဉ်ကျေးအောင် ဆုံးမရမှာ တာဝန်ရှိပါတယ်။ တိုင်းပြည်မှာ အကျဉ်းသားတွေ ထောင်နဲ့ သောင်းနဲ့ချီ လွှတ်ပေးနေရတာ သာသနာ အဆုံးအမအောက်မှာ လူတွေ ဘယ်လောက် ရှိနေကြသလဲ ဆိုတာ ထင်သာမြင်သာ ရှိပါတယ်။

  1. Anonymous said... :

    Among all the comments so far,

    the one by ' Nyo ' at 11 05 AM on 17 DEC 2011 is the most sensible and acceptable.

    In fact, AT them moment , ' lecturing sessions ' is/are not necessary' . as changes are still under progress. Nobody can deny it.

    The changes has not been ascertained yet. Not completed yet.

    Doing such things can be interpreted as ' news making behaviour '( - stunt , political stunt, ... whatever stunts , we call it in English ) rather than ' True McCoy'. If it happened in early last year, the outlook will be different.

    Well.......At the moment for all's duty is ' to keep bastards honest ' . that is the motto. We all have to watch and shout timely and adequately.

    The Observer.

  1. Nyo said... :

    အမိန့်ပေးသံပေါက်နေတယ်ဆိုလည်း ဆိုးဆောတီးပါဗျာ။

    ဒါလေးတော့ ရှင်းပါရစေ။ ခင်ဗျားစွပ်စွဲထားသလို အစိုးရရဲ့ဘာအထောက်ပံ့ခံမှ မဟုတ်သလို ကြံ့ဖွံ့ဝင်လည်းမဟုတ်ကြောင်း ပြောချင်ပါရဲ့။ အမြင်မတူတာနဲ့ အဲလိုတံဆိပ်ဆွဲကပ်တဲ့ အကျင့်တော့ ပြင်ဖို့ကောင်းပါတယ်လို့ ကျွန်တော့်ကို ဘလိုင်းကြီးခွပ်တဲ့သူကို အကြံပေးပါရစေဗျာ။

    ခုကောမန့်ကိုရေးဖြစ်သွားတာကလည်း... မြန်မာနိုင်ငံရဲ့ ကျမ်းတတ်ပေတတ် ဘုရားတရားတော်တွေကို နှံ့စပ်ကျွမ်းကျင်တော်မူကြတဲ့နိုင်ငံရဲ့ဗုဒ်ဓဘာသာသာသနာရဲ့ ဦးစီးဆရာတော်ကြီးတွေ အများဆုံးနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ ဆရာတော်တွေကို ဝေဖန်နေကြတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိလို့ ပြောမိခြင်းပါ။ ဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ ဆရာတော်ကြီးတွေကို ဝေဖန်နေကြတာနဲ့ တလွဲတွေဖြစ်နေသလားလို့လည်းခံစားရလို့ပါ။

    အားလုံးအပေါ် ရိုင်းသွားခဲ့ရင် တောင်းပန်ပါ၏။

  1. Nyo said... :

    အမိန့်ပေးသံပေါက်နေတယ်ဆိုလည်း ဆိုးဆောတီးပါဗျာ။

    ဒါလေးတော့ ရှင်းပါရစေ။ ခင်ဗျားစွပ်စွဲထားသလို အစိုးရရဲ့ဘာအထောက်ပံ့ခံမှ မဟုတ်သလို ကြံ့ဖွံ့ဝင်လည်းမဟုတ်ကြောင်း ပြောချင်ပါရဲ့။ အမြင်မတူတာနဲ့ အဲလိုတံဆိပ်ဆွဲကပ်တဲ့ အကျင့်တော့ ပြင်ဖို့ကောင်းပါတယ်လို့ ကျွန်တော့်ကို ဘလိုင်းကြီးခွပ်တဲ့သူကို အကြံပေးပါရစေဗျာ။

    ခုကောမန့်ကိုရေးဖြစ်သွားတာကလည်း... မြန်မာနိုင်ငံရဲ့ ကျမ်းတတ်ပေတတ် ဘုရားတရားတော်တွေကို နှံ့စပ်ကျွမ်းကျင်တော်မူကြတဲ့
    နိုင်ငံရဲ့ဗုဒ်ဓဘာသာသာသနာရဲ့ ဦးစီးဆရာတော်ကြီးတွေ အများဆုံးနဲ့ပါဝင်ဖွဲ့စည်းထားတဲ့ ဆရာတော်တွေကို ဝေဖန်နေကြတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိလို့ ပြောမိခြင်းပါ။ ဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ ဆရာတော်ကြီးတွေကို ဝေဖန်နေကြတာနဲ့ တလွဲတွေဖြစ်နေသလားလို့လည်းခံစားရလို့ပါ။

    အားလုံးအပေါ် ရိုင်းသွားခဲ့ရင် တောင်းပန်ပါ၏။

  1. Anonymous said... :

    ၁၉၉၂ ခုနှစ်မှာ ကမ္ဘာအေးဆွမ်းလောင်းပွဲမှာ အဲဒီပွဲ ဟာ တနိုင်ငံလုံးက နေ၀င်းဘွဲ့ သန်းရွှေဘွဲ့ ရ ဆရာတော် အဆင့်တွေ ချည်းပဲ ရွေးဖိတ်ပြီး လောင်းတဲ့ပွဲ တော်ရုံတန်ရုံ ဘွဲ့ ရဆရာတော်အဆင့် အဲဒီဆွမ်းလောင်းပွဲ တက်လို့ မရဖူး။ မပင့်ဖိတ်ဖူး။ အဲတော့ ကျုပ်ကလဲ အိပ်ကိုင်လုပ်ပေးတာပေါ့ဗျာ ပြီးလဲပြီးရော ဆရာတော်ရတဲ့ လောင်းလှုပစ္စည်းတွေ နေရာချရာမယ် ကုတင်ပေါ်မှာ ဘုန်းကြီးတွေက ခန်းမငယ်တွေမှာ ၃ ပါး လေးပါး စုပြီးကုတင်တွေ တန်းစီအိပ်ရတာကိုး။ အဲတော့ ဘုန်းကြီးတွေက အချင်းချင်း သူ့ ပစ္စည်းကိုယ့်ပစ္စည်းနဲ့ အလယ်မှာ မီးချောင်းပျက်ကို စည်းတားပြီး ဟိုကိုယ်တော် ဒါကျုပ်ဟာတွေနော် မမှားစေနဲ့ ။ ဟိုကိုယ်တော် ဒီဖက်ကို ခင်ဗျားဟာတွေ သိပ်မတိုးနဲ့ ။ ကျုပ်ဟာနဲ့ လာမထိနဲ့ စသဖြင့် ဖြစ်နေကြတာဗျာ။ ကျုပ်လဲစိတ်ကုန်ပြီး ဦးမချပဲ ပြန်ခဲ့လိုက်တော့တယ်။ ဘယ့်နှယ် ရရက်သားသမီး လှုတဲ့ ပစ္စည်းမှာ လာလောဘဇောတွေ တက်နေရတာလဲ ရတဲ့ ဘွဲ့ ကိုမှ အားမနာဗျာ။ ပြောရင်လဲ အကုသိုလ်များတယ်။

  1. Anonymous said... :

    တိုင်းပြည်မှာ အကျဉ်းသားတွေ ထောင်နဲ့ သောင်းနဲ့ချီ လွှတ်ပေးနေရတာ တကယ်ရှက်ဖို့  ကောင်းပါတယ်။ ထောင်တွေထဲမှာ အကျဉ်းသားတွေ များနေတယ်ဆိုတာ ဒီတိုင်းပြည်ရဲ့ အကျင့်စရိုက် ကိုယ်ကျင့်တရားတွေ မကောင်းလို့ ဆိုတာ အထင်အရှားဖြစ်ပါတယ်။ စီးပွားရေး ပျက်ယွင်းနေတာ မြင်သာပါတယ်။ နိုင်ငံရေး အမျိုးသားရေး စိတ်ဓါတ်တွေ ခေါင်းပါးနေတာပါ။ လူတွေရဲ့ အပြု အမှု အပြောအဆို တွေ တိမ်းစောင်းနေပြီးဆိုရင် သာသနာ ပြု ဆရာတော်ကြီးတွေ ရဲ့ သာသနာ တိုးတက်နေသလား ဆုတ်ယုတ်နေသလား ကြည့်တဲ့ မျဉ်း တိုင်းတာတဲ့ ပေတံလို့ ပြောရမလိုပါ။ သံဃာမဟာနယက လွတ်လပ်တဲ့ သာသန အသင်းအဖွဲ့ ဖြစ်ပါစေ။ သာသနာကို လွတ်လွတ်လပ်လပ် အရှည်တည်တံအောင် ထိန်သိမ်းနိုင်ပါစေ။ အစိုးရဝန်ထမ်းတွေ စစ်သားတွေ အကျဉ်းသားတွေရဲ့ စိတ်ထား စိတ်ဓါတ်တွေကို ပြုပြင် ပြောင်းလဲနိုင်အောင် ဆုံးမ နိုင်ပါစေ။ ဒီနိုင်ငံထဲက နိုင်ငံအရေး ဆိုတာကို ဒီဘာသာရေးဆရာတော်ကြီးတွေ လစ်လျူ မရှုဖို့  ဘာသာရေး နိုင်ငံရေး ဥပက္ခာ မပြုဖို့  လိုပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved