၂၀၃၅ မှာ ဖတ်ရမယ့် သတင်းခေါင်းစဉ်တွေ

Friday, December 16, 2011



၂၀၃၅ ခုနှစ်ကျလို့ ရှိရင် သတင်းစာတွေမှာ ဒီလို သတင်းတွေ ဖတ်ရပါလိမ့်မယ်။

-လျှပ်စစ်ကားများက ထုတ်လွှတ်သော အိုဇုန်းကြောင့် ကမ္ဘာ့ ၇ ခုမြောက် အကြီးဆုံးမြို့တော် ကယ်လီဖိုးနီးယားတွင် လူသန်းချီ၍ သေဆုံး

-ကယ်လီဖိုးနီးယားတွင် တတိယဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာ အသိအမှတ်ပြုခံရရေး လူဖြူလူနည်းစုများ ကြိုးပမ်း

-ဇီးကွက် ပလိပ်ရောဂါ အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပိုင်းရှိ မွေးမြူရေးလုပ်ငန်းများကို ခြိမ်းခြောက်

-ဘာမှ မလုပ်ဘဲ သဘာဝအတိုင်း ကိုယ်ဝန်ရှိမှုအပေါ် သိပ္ပံရှင်များ အဖြေရှာမတွေ့

-လွန်ခဲ့သော အနှစ် ၂၀၀၀ ထောင်က စက္ကူဖြတ်စကို Sotheby's လေလံပွဲတွင် ဒေါ်လာ ၄.၆ သန်းဖြင့် ရောင်း

-အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပိုင်နက် (ယခင် အီရန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် လက်ဘနွန် ဒေသများ) တို့တွင် နောက်ဆုံးတဦးတည်း ကျန်ရှိသော မူဆလင် အခြေခံဝါဒီ သေဆုံး

-အီရတ်ကို ပိတ်ကာထားဆဲ - ရေဒီယိုသတ္တိကြွမှု စိတ်ချရသည့်အဆင့်ရောက်ရန် ၁၀ နှစ်ကျော် အနည်းဆုံး လိုသေးဟု သိပ္ပံပညာရှင်များ ခန့်မှန်း

-အသက် ၁၁၂ နှစ် အရွယ်ရှိ ကက်စထရို ကွယ်လွန် - ကျူးဘား ဆေးပြင်လိပ်များ တရားဝင် တင်သွင်းနိုင်၊ သို့သော် သမ္မတ ချယ်လ်ဆီး ကလင်တန်က ဆေးလိပ်သောက်ခွင့် ပိတ်

-၂၀၃၆ တွင် သမ္မတ ဝင်အရွေးခံမည်ဟု ဂျော့ဂ်ျ ဇက်. ဒဗလျူဘုသ် ပြော

-၃၅ နှစ်ကြာ လေ့လာပြီးနောက် အစားလျှော့ခြင်းသည် ဝိတ်ကျစေသည့်နည်းဖြစ်ကြောင်း တွေ့ရှိ

-တက္ကဆပ်ပြည်နယ်တွင် နောက်ဆုံးလက်ကျန် ပြည်နယ်သား ကွပ်မျက်ခံရ

-NBA ဘေ့စ်ဘော ကစားသမားများ၏ ပုံမှန် အရပ်အမြင့် ယခုအခါ ၉ ပေ ၇ လက်မ ရှိ

-မိုက်ခရိုဆော့ဖ် က အသစ်တီထွင်သည့် ဝင်းဒိုးမှာ သွင်းပြီးသည်နှင့် ဟမ်းတတ်သည်

-ဖက်ဒရယ် ဥပဒေသစ်အရ လက်သည်းညှပ်များ၊ ဝက်အူလှည့်များ၊ ဘေ့စ်ဘော ရိုက်တံများ အားလုံး ၂၀၃၆ တွင် မှတ်ပုံတင်ရမည်

ကိုခက်
Source: Political Humor







1 comments :

  1. Anonymous said... :

    ကျန်သေးတယ်လေ"မြန်မာနိုင်ငံရှိတစ်ခုထဲသော
    ကြံ့ဖွတ်ပါတီမပြိုင်ရဘဲမဲအပြတ်မသက်ဖြင့်အနိုင်ရ
    ရှိသွားခြင်း။"ရီလိုက်ရတာအုကိုနာနေတာဘဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved