ဂေးမောင်နှံကို အိုဘားမား ဂုဏ်ပြုစာပို့

Thursday, December 22, 2011



(အိုဘားမား လက်မှတ်ထိုးထားတဲ့စာ)


ယူးယောက်အခြေစိုက် ဂေးတစုံဟာ သူတို့မင်္ဂဆောင်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတ အိုဘားမားဆီကစာ ရတဲ့အတွက် အံ့အားသင့်နေကြပါတယ်။

အသက် ၃၂ နှစ်အရွယ် Matt Katz နဲ့ ၃၆ နှစ်အရွယ် Aaron Lafrenz တို့ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ၂ ယောက်စလုံး အမျိုးသားတွေပါ။ ဇူလိုင် ၂၃ ရက်နေ့က လက်ထပ်ထားကြတာ။

နယူးယောက်မှာ တူညီသောလိင်ချင်း လက်ထပ်တာ တရားဝင်နေပါပြီ။

လိုရင်း ပြောရရင် လက်ထပ်ပြီး ၆ လအကြာမှာ အိုဘားမားဆီက ကွန်ဂရက်ကျူလေးရှင်းစာ ရကြတာပါ။

အိုဘားမားက လိင်တူချင်းလက်ထပ်တာကို အရင်က ထောက်ခံသူ မဟုတ်ပါဘူး။ သို့သော်ငြားလည်း သူ အခုတော့ ထောက်ခံပါပြီ။ Change / အပြောင်းအလဲ ဆိုပြီး တက်လာတဲ့ သမ္မတက ဒီအရေးအရာတွေမှာ အပြောင်းအလဲ ဖြစ်နေပါပြီ။

ဂေးမောင်နှံရဲ့ မိတ်ဆွေ Arlene Weinstock ဆိုသူက ဒီစာ ရရှိရေး အတွက် အိမ်ဖြူတော်ကို ဆက်သွယ်ကြိုးစားခဲ့တာလို့ ဆိုတယ်။

အိမ်ဖြူတော်ကလည်း ဒီစာ သူတို့ ပို့လိုက်တာ ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။

Katz ကတော့ ဒီလို ထင်နေပါတယ် - လာမယ့်နှစ် ရွေးကောက်ပွဲအတွက် အိုဘားမား မဲဆွယ်နေတာများလား ပေါ့။

မဲဆွယ်တာဖြစ်ဖြစ်၊ အပြောင်းအလဲပဲ ဖြစ်ဖြစ် အဲဒီ ၀မ်းမြောက်ကြောင်း ပေးစာကို မှန်ဘောင်သွင်းထားလိုက်ပြီလို့ ယူဆရပါတယ်။

ကိုးကား - ABC သတင်းဌာန

1 comments :

  1. Anonymous said... :

    သူကိုယ်တိုင်များ လိင်တူချင်းလက်ထပ်ဖို့ စိတ်ဝင်စားနေလားမသိ - -

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved