သတင်းနဲ့  ဝေဖန်ရေး

Thursday, December 22, 2011

~






ဒီလ ၁၇ ရက်နေ့ ရက်စွဲတပ် သတင်းတပုဒ်ကို ဝေဖန်ထားတာ Facebook မှာ တွေ့ရလို့ ကူးယူ ဖော်ပြလိုက်ပါတယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံရင်သာ ရောဂါကူးမှာ။ ဆရာဝန်တွေပြောတယ်ဆိုရင် ပြောတဲ့ ဆရာဝန်ကို ပြန်ပြောလိုက်ပါ။ WHO Bluebook ကိုဖတ်ပါလို့။ ဗိန္ဒောဆရာဆိုရင်တော့လည်း မသိဘူးပေါ့နော်။

လို့ ဆိုထားပါတယ်။

နောက်တယောက်ကလည်း အခုလို ပြောထားပါတယ်။

၁။ သတင်း ခေါင်းစဉ်နဲ့ အကြောင်းအရာ မညီညွတ်ပါ။ အတွေ့အကြုံ နုနယ်တဲ့ လူငယ်တွေကို လိင်တူဆက်ဆံဖို့ ဆွဲဆောင်တာများလာတယ် လို့ ပြောချင်ရင် အဲဒါကို ထောက်ခံတဲ့ ကိန်းဂဏန်း၊ သုတေသနတွေ့ရှိချက်၊ ခိုင်လုံတဲ့ ပြောကြားချက် တစ်ခုခုပါရပါမယ်။
သက်ဆိုင်ရာ တာဝန်ရှိသူ မဟုတ်တဲ့) လူတစ်ဦး ပြောထားတဲ့ ပထမဆုံး တစ်ပုဒ်ကလွဲရင် ကျန်တာတွေက လူငယ်တွေကို ဆွဲဆောင်တဲ့ အကြောင်း မဟုတ်ပဲ၊ လိင်တူဆက်ဆံတာ မကောင်းကြောင်း စ်ဖက်သက် ပြောကြားချက်တွေ၊ AIDS ရောဂါ အနာရယ် အကြောင်းတွေ ဖြစ်နေပါတယ်။

၂။ ခိုင်လုံတဲ့ ကိန်းဂဏန်းမရှိရင် ကိုယ်တွေ့ ဇာတ်လမ်းအချို့ ပါသင့်တယ်။ လိင်တူဆက်ဆံဖို့ ဆွဲဆောင်တာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ လူငယ်တွေကို အင်တာဗျူးထားတာ ပါသင့်ပါတယ်။ အဲဒီလိုပါရင်တောင် သူ့လို အဖြစ်မျိုးတွေ သိပ်များနေပြီလို့ သိမ်းကျုံးပြောလို့ မရပါသေးဘူး။

၃။ သတင်းရေးသူ ကိုယ်တိုင်နဲ့ အရေးကြီးတဲ့ ပြောကြားသူတွေကို နာမည် ဖော်ပြမထားဘူး။ ကျွန်မတို့ ဆေးခန်းကို အနည်းဆုံး တစ်နေ့ နှစ်ယောက်လာတယ်ဆိုတာ ပြောတဲ့သူက ဆရာဝန်လား။ ဘယ်လိုရာထူးလဲ။ ကုသရေးအပိုင်းကမဟုတ်တဲ့ ၀န်ထမ်းက ဆေးခန်းလာတဲ့သူတွေကို ကြည့်ပြီး မှန်းပြောတာဖြစ်နိုင်ပါတယ်။
ဆရာဝန်အသင်းက ဆရာဝန်ကြီးတစ်ဦးဆိုတာကော ဘယ်သူလဲ။ MBBS ဘွဲ့ရ ပညာတတ် ဆရာဝန် တစ်ယောက်က လိင်တူဆက်ဆံတာ အနောက်တိုင်းက လာတာပါလို့ ပြောမယ် မထင်ပါ။


~

1 comments :

  1. Anonymous said... :

    မဟုတ်မှ လွဲရော... ဧကန္တ ဒီသတင်းဝေဖန်ရေး ဆောင်းပါးရေးသူဟာ လိင်တူချစ်သူပဲဖြစ်ရမယ် ။ ဟီးဟီး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved