အမေရိကန် သတင်းစာ လမ်းညွှန်

Wednesday, December 14, 2011



၁၊ ဝေါလ်စထရိ ဂျာနယ် (Wall Street Journal) ကို နိုင်ငံအုပ်ချုပ်သူတွေက ဖတ်တယ်။

၂၊ နယူးယောက်တိုင်းမ်စ် (
New York Times) ကို နိုင်ငံကို အုပ်ချုပ်ဖို့ စိတ်ကူးနေသူတွေက ဖတ်တယ်။

၃၊ ဝါရှင်တန်ပို့စ် (
Washington Post) ကို နိုင်ငံကို ငါတို့ အုပ်ချုပ်သင့်တယ်လို့ ထင်နေတဲ့ သူတွေက ဖတ်တယ်။

၎၊ ယူအက်စ်အေ တူဒေး (
USA Today) ကို ဖတ်တဲ့သူတွေကတော့ ငါတို့က နိုင်ငံကို အုပ်ချုပ်ရမယ်လို့ ထင်နေပြီး ဝါရှင်တန်ပို့စ်ကို နားမလည်တဲ့သူတွေပါ။ အတက်အကျတွေ ပြထားတဲ့ စာရင်းအင်းဇယားတွေကိုတော့ အတော်သဘောကျကြပါတယ်။

၅၊ လော့စ်ဇင်းဂျလိစ် တိုင်းမ်စ် (
Los Angeles Times) ကိုတော့ နိုင်ငံအုပ်ချုပ်ရေးတွေ ဘာတွေ စိတ်မဝင်စားတဲ့သူတွေနဲ့ လော့စ်ဇင်းဂျလိစ်ကနေ ခွာသွားစရာ အကြောင်း မရှိသူတွေက ဖတ်ကြတယ်။

၆၊ ဘော်စတွန် ဂလုဘ် (
Boston Globe) ကတော့ မိဘတွေက နိုင်ငံကို အုပ်ချုပ်နေသူတွေက ဖတ်ပါတယ်။

၇၊ နယူးယောက် နေ့စဉ်သတင်း (
New York Daily News) ကိုတော့ နိုင်ငံကို ဘယ်သူအုပ်ချုပ်မယ်ဆိုတာ သေချာ မသိသူတွေနဲ့ ရထားပေါ်မှ ထိုင်ခုံရနေသရွေ့ ဘာကိုမှ ဂရုမစိုက်သူတွေက ဖတ်ကြပါတယ်။

၈၊ နယူးယောက်ပို့စ် (New York Post) ကိုလည်း နိုင်ငံကို ဘယ်သူအုပ်ချုပ်နေတယ် ဆိုတာကို ဂရုမစိုက်သူတွေနဲ့ အပုပ်နံ့ထွက်မယ့် ကိစ္စတွေကို လုပ်လိုက်တဲ့အခါ ဖတ်ကြပါတယ်။

၉၊ ဆန်ဖရန်စစ္စကို ခရိုနီကယ် (
San Francisco Chronicle) ကိုတော့ ဘယ်နိုင်ငံ ဘယ်မှာ ရှိတယ်၊ ဘယ်သူတွေ အုပ်ချုပ်တယ် ဆိုတာကို သေချာမသိပေမယ့် အရာရာ ကန့်လန့်တိုက်သူတွေ ဖတ်ကြပါတယ်။

၁၀၊ မိုင်ယာမီ သံတော်ဆင့် (
Miami Herald) ကတော့ တခြားနိုင်ငံကို အုပ်ချုပ်နေပြီး ဘေ့စ်ဘော ရလဒ်ကို သိချင်သူတွေ ဖတ်ကြပါတယ်။

ကိုခက်
Source: politicalhumor




1 comments :

  1. MTS said... :

    မြန်မာ့အလင်းနဲ့ ကြေးမုံကိုတော့ ဘဝရှင်မင်းတရားကြီးစံပျော်ရာ နေပြည်တော်ကလွတ်တော်အမတ်မင်းတွေ ဖတ်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved