တီဗက်စ်အတွက် ယှဉ်ပြိုင်နေမှာမဟုတ်ဘူးဟု မီလန် ပြော

Thursday, December 15, 2011

~





ဒီရေ ဘာသာပြန်သည်
မီလန်က လိုချင်နေတဲ့ မန်စီးတီး အသင်းခေါင်းဆောင် ကားလို့စ်တီဗက်စ်

ကားလို့တီဗက်စ်အတွက် တခြားအသင်းတွေနဲ့ ဈေးပြိုင် ကမ်းလှမ်းမှုတွေ မလုပ်ဘူးလို့ စီးရီးအေထိပ်သီးကလပ် အေစီမီလန်က ဒီနေ့မှာ ပြောလိုက်ပါတယ်။

အီတလီချန်ပီယံက တီဗက်စ်ကို နောက်နှစ် ဇန်နဝါရီဈေးကွက်မှာ အငှားနဲ့ ခေါ်ယူပြီး နွေရာသီဈေးကွက်ရောက်မှ အပြီးသတ်ခေါ်ယူမယ်လို့ မန်ချက်စတာစီးတီး အသင်းထံ ကမ်းလှမ်းထားတာပါ။

တီဗက်စ်ကို လောလောဆယ် ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီက စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် “ ငါတို့ရဲ့ ကမ်းလှမ်းမှုက အဲဒါနောက်ဆုံးပဲ၊ တကယ်လို့ ပီအက်စ်ဂျီက ပိုကောင်းတဲ့ ကမ်းလှမ်းမှုမျိုး လုပ်ရင်တော့ ငါတို့ ထပ်ပြီး ယှဉ်ပြိုင်နေမှာ မဟုတ်ဘူး” လို့ မီလန်အသင်းရဲ့ လက်ထောက် အုပ်ချုပ်ရေးမှုး ဂယ်လီယာနီ က ပြောပါတယ်။

ဒီလဆန်းပိုင်း ကတည်းက မီလန်အသင်းဟာ တီဗက်စ်နဲ့ သဘောတူညီမှု ရထားပေမယ့် ပိုင်ရှင် မန်စီးတီးအသင်းက သဘောတူဖို့သာ ကျန်နေပါသေးတယ်။

မီလန်အသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး ကက်ဆာနို နှလုံးခွဲစိတ်ထားတာကြောင့် အားနည်းသွားတဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းဖို့ တီဗက်စ်ကို ခေါ်ယူချင်နေ တာပါ။

ကိုးကား - http://www.thesun.co.uk/sol/homepage/sport/football/3999535/Carlos-Tevez-transfer-news-AC-Milan-wont-up-bid.html







~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved