-

ကင်ဂျုံအီးလ် ငရဲပြည်ရောက်နေတယ် တဲ့၊ ကိုရီးယား ဘာသာနဲ့ ရေးထားတယ်၊
တချို့ကလည်း ကင်ဂျုံအီးလ် ငရဲပြည်သွားပါ လို့ ဘာသာပြန်ကြပါတယ်။

ဒီမီးပုံးပျံလွှတ်သူတွေဟာ တက်ကြွလှုပ်ရှားသူတွေ၊ မြောက်ကိုရီးယားကနေ ထွက်ပြေးလာပြီး တောင်ကိုရီးယားမှာ ခိုလှုံနေသူတွေ ဖြစ်ပါတယ်။
ဒီမီးပုံးပျံတွေထဲက အများအပြားဟာ မြောက်ကိုရီးယားပိုင်နက်ထဲကို သွားကျမှာပါ။ မီးပုံးပျံတွေနဲ့အတူ လက်ကမ်းစာစောင်တွေလည်း ပါပါတယ်။
ဒီလိုလုပ်ရပ်မျိုးကို အကဲဆတ်လွန်းတဲ့ မြောက်က သည်းမခံပါဘူး။
ဟိုတုန်းက ပြောဖူးပါတယ် - ဒါမျိုးလုပ်ရင် အမြောက်နဲ့ဆော်မယ် တဲ့။
ခေါင်းဆောင်ကြီး ကွယ်လွန်တဲ့ စနေနေ့မှာ ခေါင်းဆောင်လေးက မြောက်ကိုရီးယားတပ်မတော်ကို ကိုင်တွယ်ခဲ့တယ်လို့ မနေ့တုန်းကတော့ ထွက်လာတဲ့ သတင်းတွေမှာ ရေးထားတာပါ။ မြောက်စစ်တပ်က သူတို့ရဲ့ ခေါင်းဆောင်သစ် ကြယ်လေးပွင့်တပ် ဗိုလ်ချုပ်ကြီး ကင်ဂျုံအန်းကို သစ္စာခံကြောင်း ပြသတာ ဖြစ်တယ်လို့ အဲဒီဒေသစောင့်ကြည့်တဲ့ ထောက်လှမ်းရေး သတင်းရပ်ကွက်များက ဆိုကြပါတယ်။
ထောက်လှမ်းရေးသတင်း ဆိုတာ ခန့်မှန်းချက်တွေလည်း ဖြစ်တတ်တာကြောင့် သိပ်ယုံလို့ မဖြစ်ပါဘူး။
သူတို့ရဲ့ အဓိကပစ်မှတ် မဟာခေါင်းဆောင်ကြီး သေဆုံးတဲ့သတင်းကို ၂ ရက်ကြာမှ သူတို့ သိရတာပါ။ ဒါတောင် စုံစမ်းပြီးသိတာမဟုတ်ဘဲ မြောက်ရုပ်သံက ငိုချင်းချပြမှ သိကြတယ်လို့ ဆိုတယ်။
မြောက်ကိုရီးယားအစိုးရကို ဆန့်ကျင်သူတဦး လက်ထဲက လက်ကမ်းစာစောင်မှာတော့
လစ်ဗျားခေါင်းဆောင် ကဒါဖီ၊ အီဂျစ်မှာဖြုတ်ချခံရတဲ့ သမ္မတဟောင်း မူဘာရက် တို့ပုံတွေနဲ့ ကင်ဂျုံအီးလ်ပုံကို တွဲပြီး ပုံနှိပ်ထားပါတယ်။
လစ်ဗျားခေါင်းဆောင် ကဒါဖီ၊ အီဂျစ်မှာဖြုတ်ချခံရတဲ့ သမ္မတဟောင်း မူဘာရက် တို့ပုံတွေနဲ့ ကင်ဂျုံအီးလ်ပုံကို တွဲပြီး ပုံနှိပ်ထားပါတယ်။
-
0 comments :
Post a Comment