မဟနရဲ့ ထူးခြားတဲ့စာ

Thursday, December 22, 2011



ကသာမြို့က ဆရာတော်တပါး သက်တော် ၁၂၄ နှစ်မှာ ပျံလွန်တယ် တဲ့။
ဒီစာက ပျံလွန်တော်မူပြီး နောက်ဆက်တွဲဖြစ်ရပ်တွေနဲ့ သက်ဆိုင်ပါတယ်။

ရာဇဂြိုလ်ဆရာတော်အား မီးသဂြိုလ်မှုမပြုရန် နိုင်ငံတော် သံဃာ့နာယကဥက္ကဋ္ဌဆရာတော်က စာထုတ် တားဆီးလိုက်ပြီ၊
မူလက ဒေသအာဏာပိုင်ဆရာတော်များ နဲ့ ခရိုင်၊ မြို့နယ် တာဝန်ရှိသူတို့က ၂၄ ရက်နေ့မှာ မီးသဂြိုလ်ရန် စီမံထားတယ်၊
ဆရာတော်ကြီးရဲ့ရုပ်ကလပ်မှာ မည်သည့်ဆေးဝါး ထိုးခြင်းမရှိဘဲ ယနေ့ထိ မပုတ်သိုးသေးကြောင်း၊
၂၈-၁၁-၂၀၁၁ရက်နေ့ကတည်း ပျံတော်မူခဲ့ခြင်းဖြစ်ကြောင်း ကာတွန်းဆရာ ဟာဂျူလီ(ကသာ) ရဲ့ ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

‎"ဆရာတော်ဘုရားကြီး ဆန္ဒရှိတော်မူသည့်အတိုင်း မီးသဂြိုလ်ခြင်း စသည်မပြုလုပ်ဘဲ ရုပ်ကလပ်ကို စံကျောင်းတော်ကြီးအတွင်း ပကတိအတိုင်း
ဆက်လက်ထားရှိပူဇော်ခွင့်ပြုလိုက်ပါသည် " လိုပဲ ရေးထားပါ့လား ဆရာ။

ရာဇဂြိုလ်ဆရာတော်ရဲ့ သေတမ်းစာမှာလည်း မီးမသဂြိုလ်ဖို့ရေးထားတယ်..

"မူလက ဒေသအာဏာပိုင်ဆရာတော်များနှင့် ခရိုင်.မြို့နယ်တာဝန်ရှိသူတို့က ၂၄ရက်နေ့တွင် မီးသဂြိုလ်ရန် စီမံဆောင်ရွက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်၊ " ဆိုတော့........

ဟုတ်တယ်..သူတို့က သဂြိုလ်စေချင်နေတာ..ရာဇဂြိုလ်ဆရာတော်ဘက်က ထားစေချင်တာ..

သြော် ဒါကြောင့် သံဃာ့နာယက က စာထုတ်တာကိုး

စသဖြင့် အဲဒီစာနဲ့ ပတ်သက်ပြီး အပြန်အလှန် မှတ်ချက် ပြုထားပါတယ်။

ဆရာတော်ပျံလွန်တဲ့သတင်းကိုလည်း အင်တာနက် တနေရာမှာ အခုလို တွေ့ရပါတယ်။ http://tunlink.blogspot.com/
ကာတွန်းဆရာ ဟာဂျူလီ(ကသာ)က ရေးတယ်လို့ ဆိုတယ်။

ဒီကနေ့ နေ့လည်၁၁း၄၅ကဲမြန်မာနိုင်ငံ အထက်ပိုင်းမှာ သက်တော်၁၂၅နှစ်ဟု ဆိုသော နာမည်ကြီး ရာဇဂြိုလ် ဆရာတော် ကားမှောက်ပြီး ပျံလွန်တော်မူသွားပါတယ်၊
ဆရာတော်စီးလာတဲ့ ဆတ်ဖ်ကားဟာ ပေ ၅၀၀၀ လောက် နက်တဲ့ တောင်အောက်ကို ထိုးကျသွားတာဖြစ်ပေမယ့် ဆရာတော်ကတော့ ထိုးကျတဲ့ လမ်းမနဲ့ပေ၄၀လောက်အကွာမှာ
ပေါက်နေတဲ့ ငှက်ပျောပင်မှာ တင်ကျန်ရစ်ခဲ့ပါတယ်၊ ရှေ့လေကာမှန်ပြုတ်ထွက်ပြီး ဆရာတော်လွင့်စင်ကျသွားပုံဟာ အံ့သြစရာ ကောင်းသလို တစ်ကိုယ်လုံးမှာ ဘာဒါဏ်ယာမှမရပဲ
ညာဘက် မျက်လုံးတော် တစ်ဝှိုက်မှာပဲ ညိုမဲပြီး သွေးတွေထွက်လာပါတယ်၊
ကျတဲ့နေရာကလည်း ဆရာတော် စံမြန်းတဲ့ကျောင်းဆောင်နဲ့ပေ၁၅၀လောက်ပဲ ဝေးပါတယ်၊ ဆရာတော် ကျောင်းပေါ်ရောက်ချိန်အထိ အသက်ရှိသေးပြီး ဆရာတော်ရဲ့
ကျောင်းဆောင်ကိုမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ဒေသဆရာဝန်တို့ ချက်ချင်း ရောက်လာပါတယ်ဆရာဝန်က သွေးပေါင်ချိန်တော့လည်း ပုံမှန်အတိုင်းပဲ ရှိနေပါတယ်၊ အဲဒီမှာ ပဲ
မကြာခင် ရုတ်တရက် ပျံလွန်တော်မူသွားခဲ့တာပါ၊

ထူးဆန်းတာလေး ပြောချင်ပါတယ်၊ မနှစ်က ဆရာတော် မန္တလေးကြွလာတော့ ကျွန်တော် ခြေဆုတ်လက်နှယ် ပြုစုပေးဖူးပါတယ်၊
အဲဒီမှာ ဆရာတော်က ကျွန်တော်ကို တစ်ခု မိန့်ပါတယ်၊ “ငါနောက်နှစ်မှာ ခန္ဒာဝန်ချမယ်”တဲ့၊
ကျွန်တော် အဲဒီအ ချိန်တုန်း စိတ်ထဲကနေ တွေးဖြစ်တာရှိပါတယ်၊ ဒီဆရာတော်နှယ် သူ့ ခြေသလုံးတော်တွေ ငါ နှိပ်ပေးနေတာဖြင့် တင်းမာနေတာပဲ၊ ငါ့ထက်တောင်
သန်မာနေသေးတယ်၊ ဒါများ နောက်နှစ် ခန္ဒာဝန်ချမယ်ဆိုပြီး လျှောက်မိန့်နေသေးတယ်လို့၊ အခုတော့ ဆရာတော်မိန့်ခဲ့သလို တကယ်ဖြစ်သွားခဲ့ပါပြီ၊ ဆရာတော်ရဲ့
သက်တော် မေးတိုင်း ၁၂၄နှစ်(မနှစ်က)လို့ဖြေပါတယ်၊ ကျန် ရဟန်း အများစုက မယုံကြပါဘူး၊ ကျွန်တော်ကတော့ ဆရာတော် ပြောတာကို လက်ခံ လက်မခံ မပြောလိုပါဘူး၊
ကျွန်တော် မှတ်မိတာက ဆရာတော် ကသာမြို့ရဲ့ အမြင့်ဆုံးတောင်မှာ လာ တရားအားထုတ်စက ကျွန်တော်နဲ့တွဲပြီး ဓါတ်ပုံ ရိုက်ဖူးပါတယ်၊ ကျွန်တော် ဘောင်းဘီတိုလေးနဲ့ပါ၊
အဲဒီတုန်းက ဆရာတော်ရဲ့ ပုံစံဟာ အခုကျွန်တော်(ဆံဖြူ.သွားကျိုးတဲ့အရွယ်အထိ)သိပ် မကွာခြားတာတော့ အံ့သြမိပါတယ်၊ အဲဒိဓါတ်ပုံ တနေရာရာမှာ ရှိနေတယ် ဆိုတာ
ကျွန်တော် သတင်းရထားပါတယ်၊ အဲ ဒီဓါတ့်ုရရင် ထပ် တင်ပေးပါမယ်... {ဟာဂျူလီ(ကသာ)}

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved