
ဒေါ်လာ "၃၉ သိန်း နှစ်သောင်း နှစ်ထောင် နှစ်ရာ ၄၄" လို့ ဆိုတယ်။
(ဂဏန်းနဲ့စာ ရောရေးတဲ့ စတိုင်း)
ကျန်ငွေတွေ ဆက်လက် လွှဲအပ်မယ်လို့ ဆိုတယ်။
ညွှန်း - ယနေ့ထုတ်ကြေးမုံ
အဲလိုလှူတာလဲကောင်းပါတယ်။သာဓုခေါ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုငွေတွေကို ချို့တဲ့ နေသော ကျေးရွာစာသင်ကျောင်းတွေ၊ ချို့တဲ့နေသော ဘုန်းတော်ကြီးကျောင်းတွေ ကို ဘာလို့ များ မလှူဒါန်းမိကြတာလဲ နော်
ဘယ်လိုပဲဖြစ်ဖြစ် လှူထားပြီးသားကို နိဗ္ဖာန်န ပစ္စယော
ဟောတု ဆိုပြီးသာဓုခေါ်ပါတယ်..ဒီငွေတွေအားလုံးဟာလည်း
ကောင်းတဲ့အလုပ်အတွက်ပဲ သုံးမယ်ဆိုတာ ယုံကြည်ပါတယ်..
ဗမာတွေ စာမရေးတတ်တာ သတင်းစာထဲထည့်ကြော်ငြာ
သလိုဖြစ်တာတော့မကောင်းပါဘူး..အဲဒီသတင်းရေးတဲ့
လူ မြန်မာစာမကြေညက်တာ သေချာတယ်..
သဒ္ဓါနဲ့ပညာမျှဖို့လိုအပ်ပါတယ်၊ သဒ္ဓါနုံ့ပြီးပညာသာအားကောင်းနေတာမျိုးမဖြစ်သင့်သလို သဒ္ဓါသာအားကောင်းပြီးပညာနုံ့နေရင်လည်း မကောင်းပြန်ပါဘူး၊ ဒီလိုပြောလိုက်လို့ သူများအလှူကို မုဒိတာမပွားနိုင်တာပဲလို့ အထင်မလွဲသင့်ပါ၊ ဘုရားစကားတော်ကို ပြန်လည်ဝေမျှနေတာပါ၊ လမ်းကြောင်းမှန်ကို ဟောပြောပေးဖို့ ရဟန်းသံဃာတော်များမှာ တာဝန်ရှိသလို လူတွေကလည်း ကိုယ်တိုင်လေ့လာချင်စိတ်ရှိဖို့ လိုနေတာတော့အမှန်ပါပဲ။
ဘုရားကိုရွှေချတာတိုင်းပြည်အနာဂတ်မလှ..လူငယ်တွေကိုရွှေချမှတိုင်းပြည်အနာဂတ်လှမယ်.တဲ့.
အသိတစ်ယောက် တစ်ခါက ဘုရားအလျှူ တစ်ခုသွားတော့ စေတီထီးတော်အတွက် မိမိတို့မှာဝတ်ဆင်လာတဲ့ ဝထ္ထုငွေ စိန် ရွှေ လက်ဝတ်ရတနာတွေ ချွတ်လှူနေကြတာ အားရ ကြည်ညိုသဒ္ဓါ များစွာဖြစ်ရပါတယ်တဲ့ ဒါနဲ့ ပြန်ခါနီး အပေါ့သွားချင်လို့ အိမ်သာသွားတဲ့အခါ ပြုပြင်လှူ တန်းမဲ့သူမရှိလို့ တော်တော်လေးကို ပျက်ဆီးယိုယွင်း ညစ်ပတ်နံစော်နေတဲ့ အိမ်သာကို တွေရတယ်တဲ့ အလှူအတန်း လက်မနှေးတက်တဲ့ မြန်မာဗုဒ္ဓဘာသာဝင်တွေ အများစုဆင်းရဲနေကြတဲ့ အကြောင်းရင်းဟာ စေတနာသဒ္ဓါ အားကောင်းပြီး ချင့်ချိန်နိုင်တဲ့ ပညာအားနည်းတဲ့ အလှူတွေများနေလို့ဟု ဆရာတော်တစ်ပါးက မိန့်ကြားဖူးပါတယ် ထေရဝါဒ သာသနာသုံးရပ် လက်တွေ့ကျကျ ပိုမိုထွန်းကားဖို့ ပညာအားများ ပိုမိုစိုက်ထုတ်နိုင်ကြပါစေ
ဲ
ဘုန်းဘုန်းတို့ ရဟန်းသံဃာတော်တွေအနေနဲ့ ဒကာတွေ ဒကာမတွေကို လူမှုရေး ကျန်းမာရေး ပညာရေး စတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ အလှူဒါနပြုပြီး ပါရမီကုသိုလ် ဆည်းပူးကြဖို့ ဟောပြောကြပါတယ်။လုံးဝ မပြော မဆိုဘဲ နေတာမျိုးတော့ မဟုတ်ပါ။ အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးဆိုရင် “အနာဂတ်သာသနာရေး” ဆိုတဲ့ စာအုပ်ထဲမှာ ဒီအကြောင်းတွေကို ထည့်ရေးထားပါတယ်။ နောက်ပိုင်း အမြင်ကျယ်ကျယ်ထားရှိတဲ့ ဆရာတော်များလည်း ဒီလိုဘဲ ရေးပြီး ဒကာ ဒကာမတွေကို အသိဥာဏ် မြှင့်တင်ပေးပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ အလှူဒါနမှ ကုသိုလ်ရတယ် ဆိုတဲ့ အစွဲကြီးက သိပ်ပြီး ပြင်းထန်လွန်းအားကြီးတယ်။ ဘာသာရေးအတွက် ငွေတစ်ထောင်ကို မတွန့်မတို လှူသော်လည်း ပညာရေး ကျန်းမာရေးတို့အတွက် လူသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး ထောက်ပံကူညီဖို့ အလှူခံမယ်ဆိုရင် ငွေတစ်ရာ ထွက်လာဖို့တောင် မနည်း ပြောယူရမယ်။ သဒ္ဓါ ပညာ မျှတပြီး လူမှုအကျိုးပြု လုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်တတ်တဲ့ ဗုဒ္ဓဘာသာဝင်တွေ တိုးပွားလာအောင် ဘုန်းဘုန်းတို့ တဖြည်းဖြည်းချင်း ကြိုးစားယူကြရမှာပါ။
ကျနော်တို့ မြန်မာလူမျိုးတွေ လှူပုံ လွဲနေပြီ ထင်ပါတယ် ...တိုင်းပြည်မှာ လိုအပ်နေတဲ့ နေရာတွေ မှ အများကြီးပါ မရောင်ရာဆီလူးတော့ဖြစ်ကုန်ပါပြီ
တရုတ်ကြီးကတော့အထုတ်ကြီးပိုက်လို့ သယ်
သွားပြီ။
လောဘ၊ဒေါသ၊မောဟ-ကင်းစင်သည့်
ဘုရားရှင်ကိုအာရုံပြုလှူဒါန်းခြင်းအား
မည့်သည့်အရာနှင့်မျှမနှိုင်းယှဉ်သင့်ပါ။
အလှူခံပုဂ္ဂိုလ်သန့် စင်လေလေ၊ အလှူပေးပုဂ္ဂိုလ်များ၏နေ့ စဉ်ဘ၀ချမ်းသာ
လေလေ-ဖြစ်သည်။ယုံကြည်မှုသဒ္ဓါတရား
သည် ဘ၀ချမ်းသာမှန်၊ငြိမ်းချမ်းမှုအစစ်ကို
အထောက်အပံ့လုံးဝပြုမည်မှာအသေအချာ
ဖြစ်သည်။အလှူပေး-အလှူခံ၊ ရုပ်နဲ့ နာမ်၊
အလှူဝတ္ထု ၊ ရုပ်အစု ၊ ဘာတစ်ခုမှမမြဲပါ။
အနိစ်-စ ၊ ဒုက္ခ ၊ အနတ်-တာ ။
ထေရဝါဒသာသနာသည် ဘုရားရှင်ဟောကြားခဲ့သည့် တရားတော်များကို လက်ရှိခေတ်ကာလ အခြေအနေနှင့် မလျှော်ညီဟုဆိုကာ ထပ်မံဖြည့်စွက်ခြင်း နုပ်ပါယ်ခြင်း ပြင်ဆင်မွန်းမံခြင်း အလျှင်းမရှိ အတိအကျလိုက်နာသော သန့်ရှင်းခိုင်မာသော သာသနာဖြစ်ပါ၍ ထိုသာသနာရှိ ရဟန်းတို့သည် အသန့်စင်ဆုံးသော အလှူခံပုဂ္ဂိုလ်များဟု ယုံကြည်ပါသည် (အလုံးစုံကို သိတော်မှုသော မြတ်စွာဘုရား၏ ဟောကြားတရားများသည် အပိုအလိုမရှိ ထာဝရ ပြည်စုံမှန်ကန်နေ၏)
အဓမ္မိကဒါနမျိုး-၉-ပါး။
ဝိနည်းပိဋက။ပရိဝါ။ပါ။၎င်း။အဋ္ဌကထာ။၁၈၁။အလှူရှင်များ၏စိတ်ညွတ်ပြီးသားကိုပင် အလှူပွဲစားများက၀င်ရောက်နှောင့်ယှက်စွက်ဖက်ဖျက်ဆီးမှုကြောင့်၊အလှူရှင်များစိတ်ထား
မငြိမ်ဖြစ်ကာ မလုပ်သင့်ရာကိုလုပ်ရကား အဓမ္မိကဒါန ဖြစ်သည်ဟူ၏။ ။ယင်းအလှူမျိုးကိုမပေးလှူကောင်း။
(က)သံဃပရိဏတခေါ်ဤသံဃာအားလှူရန်ညွတ်ပြီးသောဝတ္ထုပစ္စည်းကို(၁)အခြားသံဃာအား၎င်း၊(၂)စေတီအား၎င်း၊(၃)ပုဂ္ဂိုလ်အား၎င်း ပေးလှူလိုက်ခြင်း။
(ခ)စေတိယပရိဏတခေါ်ဤစေတီအားလှူရန်ညွတ်ပြီးသောဝတ္ထုပစ္စည်းကို(၁)အခြားစေတီအား၎င်း၊(၂)သံဃာအား၎င်း၊(၃)ပုဂ္ဂိုလ်အား၎င်း ပေးလှူလိုက်ခြင်း။
(ဂ)ပုဂ္ဂလပရိဏတခေါ်ဤပုဂ္ဂိုလ်အားလှူရန်ညွတ်ပြီးသောဝတ္ထုပစ္စည်းကို(၁)အခြားပုဂ္ဂိုလ်အား၎င်း၊(၂)သံဃာအား၎င်း၊(၃) စေတီအား၎င်း ပေးလှူလိုက်ခြင်း။
(ဆရာတော်ဦးသြဘာသာဘိဝံသ-သုတေသနသရုပ်ပြအဘိဓါန်-စာမျက်နှာ-၁၆)
လျှူတန်မှု့ဒါနတွေဟာ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားခဲ့တဲ့အတွက် အကျိုးပေးမှာဖြစ်ပါတယ် မြန်မာတို့ရဲ့ သဒ္ဒါတရားထက်သန်တာကို သာဓုခေါ်ပါတယ် ထိုလျှုတန်းငွေဝထ္ထုတို့ကို တရုတ်ပြည်က သက်ဆိုင်ရာ မဟာယနဘုန်းကြီးများက မည်သို့အသုံပြုမယ်ဆိုတာ သဒ္ဒါပွါးများနိုင်ရန် သတင်းသိလိုပါတယ် မြတ်စွာဘုရားရှင်အဆုံးအမကို တသွေမတိမ်း အတိအကျလိုက်နာ ကျင့်သုံးနေတဲ့ ထေရဝါဒသာသနာ အတွက်ဆိုရင်တော့ ပိုပြီးကြည်ညိုသဒ္ဒါဖြစ်မိပါတယ်