ထိုင်းရေဘေး အတွက် မဲဆောက် မြန်မာအလုပ်သမားတွေလည်း လှူ

Friday, December 2, 2011


မဲဆောက်မြို့ပိုင်ရုံးတွင်သွားရောက် လှူဒါန်းသည်။(ဓာတ်ပုံ - ဧရာဝတီ)

ထိုင်းနိုင်ငံဘန်ကောက်ရှိ ရေဘေးဒုက္ခသည်များအတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှ မြန်မာ အလုပ်သမားများက စားသောက်ကုန်များနှင့်ငွေသားများအပါအ၀င် ထိုင်းဘတ်ငွေ ၄၅၀၀၀ ခန့်ရှိအလှူပစ္စည်းများကို မဲဆောက်မြို့ပိုင်မှတဆင့် ယနေ့ ပေးအပ်လှူဒါန်း သည်။

စားသောက်ကုန်၊ ဆေးဝါးအပါအ၀င် ထိုင်းဘတ်ငွေ ၂၅၇၀၀ အနက် ငွေသားများကို မဲဆောက်မြို့ပိုင် နိုင်ပရီချာကျိုင်ဖက်နှင့် ဘန်ကောက် မဟာချိုင်းဒေသတွင် ရေဘေးကူညီမှုများပြုလုပ်နေသည့် ရွှေတွံတေးဝ ဆရာတော် ဦးဝါယမထံသို့ ထက်ဝက် စီပေးအပ်လှူဒန်း ခြင်းဖြစ်သည်။

အလှူပစ္စည်းနှင့်ငွေသားများကို မဲဆောက်မြို့နယ်အတွင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်း များက မဲဆောက်ဈေး အပါအ၀င် စက်ရုံအလုပ်ရုံများမှ ကောက်ခံရရှိခြင်းဖြစ်သည်။

1 comments :

  1. layaung said... :

    Great news, Thank you guys. I Am Proud as A Burmese, because of you.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved