ကမ္ဘာ့ HIV/AIDS နေ့ မဲဆောက်မှာ လမ်းလျှောက်ချီတက်

Friday, December 2, 2011



မဲဆောက်က ကမ္ဘာ့ HIV/AIDS နေ့ လမ်းလျှောက်ချီတက်ပွဲ (ဓာတ်ပုံ - ဧရာဝတီ)
ဒီဇင်ဘာ ၁ ရက်နေ့ကျရောက်သည့် ကမ္ဘာ့ HIV/AIDS နေ့ အထိမ်းအမှတ် ထိုင်း-မြန်မာနယ်စပ် မဲဆောက်အခြေစိုက်ကျန်း မာရေး အဖွဲ့အစည်းများက ကမကထပြု၍ လမ်းလျှောက်ချီတက်ပွဲကိုယနေ့ပြုလုပ်ရာ မဲဆောက်ရှိ မြန်မာ ကျောင်းသားများ နှင့်
အလုပ်သမား ၄၀၀ ခန့် မဲဆောက်မြို့လယ်မှတဆင့်မြို့ပြင်ရှိ အခမ်းအနားကျင်းပသည့် CDC မြန်မာည အထက်တန်းကျောင်း သို့ သွားရောက်ခဲ့ကြသည်။

အခမ်းအနားကျင်းပရေး အဖွဲ့ဝင်တဦးဖြစ်သည့် ကိုမိုးကြိုး“ဒီရောဂါကြောင့် ကမ္ဘာပေါ်မှာနေ့စဉ် ကူးစက်ခံနေရတဲ့ လူနဲ့သေဆုံး နေ တဲ့လူ အရေအတွက်က သောင်းနဲ့ချီရှိတယ်၊ ဒါကြောင့် ပညာပေး အစီစဉ်တွေကို ပိုမိုသိရှိ နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ် တာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

၁၉၈၁ ခုနှစ်ဇွန်လ ၅ ရက်နေ့တွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိမြို့ရှိ လူငယ် မိန်းမရှာ ၅ ဦး ၌ HIV ပိုး စတင်တွေ့ရှိကြောင်း အမေရိကန် သိပ္ပပညာရှင်များက အတည်ပြုခဲ့ပြီးနောက် ကမ္ဘာတ၀န်းပျံ့နှံ့ခဲ့သော AIDS ရောဂါဖြစ်ပွားမှုမှာ ယခုနှစ်တွင်နှစ်ပေါင်း ၃၀ ပြည့်ခဲ့ ပြီးဖြစ်သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved