ပါဝါ ၅၄

Tuesday, December 27, 2011

~




မျိုးကြီး၊ လေးဖြူ၊ ဒေါ်အောင်ဆန်းစုကြည်၊ အငဲ၊ ၀ိုင်ဝိုင်း (ဓာတ်ပုံများ - IC/Facebook)

IC တီးဝိုင်း မိသားစုက ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က သွားတွေ့ပါတယ်။

မကြာသေးမီက ဂီတလောကသမားများ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ ကြိမ် တွေ့ဆုံရာမှာ သူတို့ မပါဝင်ပါဘူး။
တွေ့မယ်ဆိုတဲ့သတင်း မရလို့၊ ခရီးလွန်နေကြလို့ လာမတွေ့ဖြစ်ဘဲ ခုမှ သွားရောက် တွေ့ဆုံတာဖြစ်တယ်လို့ သိရပါတယ်။

NLD က စီစဉ်တဲ့ ကြာသပတေးနေ့ (ဒီဇင်ဘာ ၃၀ ရက်နေ့) တိုင်းရင်းသားပညာရေးရန်ပုံငွေမှာ ပါဝင်ကူညီဖို့ ထင်ရှားတဲ့ တီးဝိုင်းများ၊ အဆိုတော်များက အသင့် ဖြစ်နေပါပြီ။ အဲဒီပွဲကြော်ငြာမှာတော့ IC တီးဝိုင်း နဲ့ IC အဆိုတော်များရဲ့ နာမည်ကို မတွေ့ရပါ။

လေးဖြူက အဲဒီပွဲကို ဧည့်သည်အဖြစ်နဲ့ လာမယ်၊ အခြေအနေပေးရင် စင်ပေါ်တက် ဖျော်ဖြေမယ် လို့ Burma VJ Media Network ကို ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ IC မိသားစု

တွေ့ဆုံပွဲမှာ IC မန်နေဂျာဟောင်း ကိုကိုလွင်က ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းတော်သားများ၊ အဆိုတော်များနဲ့ မိတ်ဆက်ပေးပါတယ်။

လေးဖြူနဲ့ မိတ်ဆက်ပေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က လေးဖြူကို "သိတယ်" လို့ ပြောပါတယ်။

လေးဖြူရဲ့ ၁၉၉၅ မှာ ထွက်တဲ့
ပါဝါ သီချင်းခွေတခု အမည်က ပါဝါ ဖြစ်ပါတယ်။ မူလက ပါဝါ ၅၄ လို့ အမည်ပေးခဲ့တာပါ။ ၅၄ ဆိုတာကို ကျေးဇူးရှင် စိစစ်ရေးဌာနက ဆင်ဆာဖြတ်ပါတယ်။

အဲဒီ ဂဏန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်နံပါတ်နဲ့ တူနေတာပါ။

ဒီဖြစ်ရပ်ကြောင့်ပဲ နိုင်ငံရေးလောကမှာ လေးဖြူပါဝါ ဆိုတာတွေကို သီချင်းနားမထောင်ဘဲ အမှတ်ထင်ထင် ဖြစ်သွားသလို ဂီတလောကမှာလည်း ၅၄ ဟာ တက္ကသိုလ်ရိပ်သာလမ်းက အိမ်နံပါတ်မှန်း သိသွားကြပါတယ်။

ဆင်ဆာဖြတ်ပြီး ပါဝါ အယ်လ်ဘမ်

အခုတော့ ပါဝါ ၅၄ ကို ဖန်တီးခဲ့သူများနဲ့ နိုင်ငံရေးပါဝါ၅၄ အိမ်ရှင်တို့ တွေ့ဆုံကြပါပြီ။ ထပ်မံ တွေ့ကြဦးမယ်လို့ ဆိုပါတယ်။



~

9 comments :

  1. Jude said... :

    သြော် ကိုလေးဖြူကလဲအမျိုးတွေအကုံလုံးခေါ်လာတယ်နော် ။

  1. Anonymous said... :

    ကိုလေးဖြူရေ....
    ဟိုတုန်းကတောင် ပါဝါ ၅၄ တို့ဘာတို့ပေါ့ ...
    အရေးအကြောင်းဆိုမှ လွဲတော့မယ်ကွာ

  1. Anonymous said... :

    ရောရောနှောနှောမသွားချင်ဘူး သန်.သန်.လေး အမျိုးတွေခေါ်သွားရတယ် တွေ.ဘို.ရာလွယ်တာမှတ်လို.

  1. Anonymous said... :

    ကိုလေးဖြူရဲ့ ငွေလမင်း လည်းထိန်ထိန်သာနေပါပြီဗျာ

  1. ခေါင်းဆောင်လုပ်ရင် ခေါင်းဆောင်လုပ်ခဲ့ရင်တော့ သူတို့နဲ့အတူ ပြည်နဲ့အတူ။ သေအတူ ရှင်အတူပေါ့။ အသက် ပေးပြီး ခေါင်းဆောင်ရမှာလား။ ထွက်ပြေးပြီးတော့မှ ခေါင်းဆောင်ရတော့မှာလား။ ရှင်းသွားခဲ့ပါပြီ။

  1. Anonymous said... :

    ကျွန်တော်ကတော့ IC crazy မဟုတ်ဘူး။ IC ကအတီးသမားကော အဆိုသမားတွေကော အစိုးရနဲ့
    ရောရောနောနောနေခဲ့တာတော့မတွေ့ဘူးဘူး။ အားလုံး
    လည်းအသိပဲ။ policy သီချင်းတွေဆိုတဲ့လူတွေ
    ဒေါ်စုဘေးမှာ ၀ိုင်းအုံနေတာပဲ။ ခင်ဗျားတို့လည်းအသိပဲ။
    ခေတ်ကောင်းမှရှုးချင်ယောင်ဆောင်နေတဲ့အနုပညာရှင်
    အများကြီးပဲ။ ကျွန်တော်ကတော့ သဘောကျတယ်။
    ကိုယ့်မူနဲ့ကိုနေတာ။ အဓိက ကကိုယ့်စိတ်ရင်းပဲ။

  1. Anonymous said... :

    တကယ်တော့ ကိုဇာဂနာကြီးတို့နဲ့အတူ ဟိုအစောပိုင်းထောင်မကျခင်လောက်ကတည်းက အကုန်ပေါင်းလုပ်လိုက်ရရင် အကောင်းသားဗျာ ဘာဘဲပြောပြော အခုလိုအခွင့်ရလိုက်တာနဲ့ပဲ သူ့ကိုဝိုင်းလိုက်ကြတာ အားပေးလိုက်ကြတာ ပူးပေါင်းလိုက်ကြတာ ကောင်းပါတယ် သူအတွက်အများကြီးအားရှိစေပါတယ် သူဇွဲနပဲကြီးကြီးနဲ့လုပ်နေတယ်ဆိုတာလဲ ခင်ဗျားတို့ကျုပ်တို့အတွက်ဘဲလေ ဂေါင်းတွဲကြီးဘဲ သွားနေလို့ မဖြစ်သေးဘူးလေဗျာ ခင်ဗျားတို့လိုထင်ရှားသူတွေ ပိုပါသင့်တယ်နော ခင်ဗျားတို့ဖျော်ဖြေတဲ့ပွဲ ပရိတ်သတ်အများကြီးအားပေးခဲ့ရင်......

  1. Anonymous said... :

    appreciate! Please no more copy songs and respect copyright. Be a piracy free country, can we?

  1. Toetar said... :

    အဲ့ဒီပွဲလေးမှာ ကိုလေးဖြူ သီဆိုခွင့်၇ခဲ့မယ်ဆို၇င်တော့
    အလင်းေ၇ာင် သီချင်းလေးဟာ ယခုပွဲနဲ့ အလိုက်ဖက်ဆုံးပါ၊ ၃၀ ၇က်ညကျ၇င် အွန်လိုင်းပေါ်က
    ဖယောင်းတိုင် ထွန်းဖို့ စောင့်နေမယ်.....................

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved