တရုတ်နိုင်ငံ၏ အကြီးဆုံး ဘဏ်ရုံးခွဲ မြန်မာတွင် လာရောက် ဖွင့်လှစ်မည်

Thursday, December 1, 2011

တရုတ်နိုင်ငံ၏ အကြီးဆုံး ဘဏ် ဖြစ်သော စက်မှုနှင့် ကုန်သွယ်ရေး ဘဏ်(ICBC)ရုံးခွဲ ကို မြန်မာနိုင်ငံတွင် စတင် ဖွင့်တော့မည်ဖြစ် ကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ် ထားသော တရုတ်နိုင်ငံမှ ဘဏ်များထဲတွင် ICBC မှာ မြန်မာနိုင်ငံ၌ ပထမဆုံးကိုယ်စား လှယ်ရုံးခွဲ ဖွင့်လှစ်သောဘဏ် ဖြစ်လာမည် ဖြစ်သည်။

ကိုယ်စားလှယ်ရုံးခွဲကို ရန်ကုန်မြို့ ဆာကူရာတာဝါ၌ ဒီဇင်ဘာ ၂ ရက်တွင် စတင် ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှပြန် လည် သတင်းထုတ်ပြန်သည်။ ICBC ဘဏ်မှာ တရုတ်နိုင်ငံတစ်နိုင်ငံလုံးတွင် ဘဏ်ခွဲပေါင်း ၁၆၄ဝ၀ဝကျော် ဖွင့်လှစ်ထားပြီး၊ ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံတွင် ဘဏ်ခွဲပေါင်း ၂၃၄ ဘဏ် ဖွင့်လှစ်ထားသည်။ အဆိုပါ ဘဏ်၏ပထမဆုံးရုံးခွဲကို မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ရာ၌ ရုံးခွဲဖြစ်သည့်အတွက် ဘဏ်လုပ်ငန်းများ ဆောင်ရွက်၍ မရပေ။ သို့သော် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း များ၊ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသော ကုမ္ပဏီ များ၏ လုပ်ငန်းအခြေအနေများကို လေ့လာသွားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် မြန်မာ နိုင်ငံရှိ ဘဏ်များမှ ဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လုပ်ကိုင် လိုပါကလည်း နောင်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ဖွယ် ဘဏ်ကိုယ်စားလှယ်ရုံးခွဲဖွင့်ပွဲကို လာမည့်ဒီဇင်ဘာလ ၂ရက် ညနေ ၅ နာရီခွဲတွင် ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး၊ ICBC မှ တာဝန်ရှိသူ ၃၀ဦးခန့် လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

၇ ရက် သတင်းဂျာနယ် မှ ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်သည်။

3 comments :

  1. Anonymous said... :

    Burma should not let the chinese bank to operate at this time. we should fix the internal issue rather than let chinese take over burmese wealth. say NO to chinese bank.

  1. Mr. Big Idea said... :

    let's not work with the Chines Banks. The Myanmar Business men should compete with them to get the lion's share of the market. Never let them monopolize the Myanmar market. Let's practice "the principle of not giving a dime to China without our bigger profit or the bigger profit for us, the bones for them." Let's implement this.Let's compete with them fairly. But the Myanmar people should raise our National spirit.

  1. လောလောဆယ် ပြုပြင်ပြောင်းလဲရေးကာလမှာ တရုတ်ကို ခဏဘေးချိတ်ထားစေချင်တယ်။ လက်ခံပြီးတဲ့ ကိစ္စတွေကတော့ ထားလိုက်ပေါ့လေ။

    မြန်မာအစိုးရဘက်က မြန်မာပြည်သူလူထုရဲ့ ဆန္ဒ၊ အမေရိကန် နဲ့ အနောက်နိုင်ငံတွေရဲ့ တောင်းဆိုမှုတွေကို လိုက်ရောပြီးလုပ်ဆောင်မယ်ဆိုရင် စိတ်သာချ တရုတ်ဘဏ်တောင် လာဖွင့်စရာမလိုဘူး။ အနောက်နိုင်ငံတွေကပါ သူတို့ ဘဏ်ခွဲတွေကို မြန်မာပြည်မှာ လာဖွင့်မှာ။

    အခုလို အမေရိကန် နဲ့ မြန်မာ ဆက်ဆံရေး အသစ်ပြန်စတဲ့ အချိန်လေးမှာ ဆေးရိုးသည်က ကြားက ကန့်လန့်ကန့်လန့် မဖြစ်ပါစေနဲ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved