ထိုင်းရောက် မြန်မာအလုပ်သမားများ အဆင်ပြေရေး

Saturday, December 10, 2011

အလုပ်သမားဝန်ကြီးဌာန အလုပ်ကြိုးစားနေဟန်ရှိပါတယ်။

ထိုင်းရောက် မြန်မာပြည်သား အလုပ်သမားတွေဆီကို ပို့မယ့် အဖွဲ့ ၅ ဖွဲ့ကို သင်တန်းပေးနေပြီ တဲ့။
အဲဒီ အဖွဲ့တွေကို ရှေ့လ ၇ ရက်နေ့မှာ ချင်းမိုင်၊ မဟာချိုင်၊ ဘန်ကောက်၊ စမွန်ပရာကန်၊ ဆူရတ်ဌာနီ ဆိုတဲ့ ၅ နေ့ကို လွှတ်မယ်လို့ ဆိုတယ်။
နေရပ်ကိုငွေလွှဲတာတွေ အဆင်ပြေအောင် လုပ်ပေးဖို့ စီစဉ်နေပြီ တဲ့။
ညှိနှိုင်းနေတဲ့ ကိစ္စထဲမှာ ကားသွင်းခွင့် ဆိုတာတောင် ပါသေးတယ်။

ဒီနေ့သတင်းစာမှာ ရေးထားတာပါ။





1 comments :

  1. Anonymous said... :

    အမီမြေက အကြောင်းအမျိုးမျိုးနဲ့ ပြည်ပရောက်နေတဲ့ ဗမာပြည်သား အားလုံးကို အကာအကွယ်ပေးရေး ဟာ သက်ဆိုင်ရာ သံရုံးတွေ၊ နိုင်ငံခြားရေးဌာနတွေ အနေနဲ့ အမျိုးသားရေး အသွင် လုပ်ကို လုပ်ရမှာပါ။ သိက္ခာရှိတဲ့ အစိုးရတိုင်းက လုပ်ကြ သလို၊ ပြည်ပရောက် ဗမာပြည်သားတွေ အကျိုးစီးပွား ကာကွယ်ရေး ဆိုတာကို အတက်နိုင်ဆုံး အလေးထားသင့်ပါတယ်။ ပြည်ပရောက် အလုပ်သမားတွေ အပေါ် ၂ နိုင်ငံ အခွန်ပေးဆောင်နေရသည့်ကိစ္စ ကို ရှင်းလင်းဖို့ လို ပါတယ်။ ထိုင်းမြေပေါ်မှာ ထိုင်းလူမျိုး အလုပ်ရှင်တွေ နိုင်ထက်စီးနင်း ဗိုလ်ကျ အမြတ်ထုတ်နေတာ၊ ထိုင်းရဲတွေ က ဗမာပြည်သား အလုပ်သမားတွေကို ဖမ်းမယ်ဆီးမယ် ဗြောင်ဓါးပြတိုက်နေတာ တွေကို ဘယ်လို အကာအကွယ်ပေးနိုင်မလဲ။ နိုင်ငံကြီးသား အစိုးရတွေ အကုန်လုံး ဟာ ပြည်ပရောက်နေတဲ့ ကိုယ်နိုင်ငံ သားတွေရဲ့ အကျိုးစီးပွားကို အချိန်နှင့် တစ်ပြည်တည်း စောင့်ရှောက်ပေးနေကြပါတယ်။ ဘာမဟုတ်တဲ့ တရုပ်အစိုးရကတောင် ပြည်ပရောက်သူ့ နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်ဖို့  အမြဲကျိုးစားပါတယ်။ ပြည်တွင်းပြည်ပ မခွဲခြားပဲ ကိုယ်နိုင်ငံသား အကျိုးစီပွားကို ကာကွယ်တဲ့ မူ စောင့်ရှောက်တဲ့ အကျင့် စရိုက်ကောင်းတွေ ရှိကို ရှိရမယ်။ အမှန်တကယ် ထိုင်းနိုင်ငံရောက် ဗမာပြည်သား အားလုံးကို အတက်နိုင်ဆုံး ဗမာအစိုးရ အဆက်ဆက် အကာအကွယ်ပေးနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved