စာဖတ်ပရိသတ်များခင်ဗျာ
ဧရာဝတီဟာ အမြတ်အစွန်းကို ဦးတည်တဲ့ စီးပွားရေးအဖွဲ့ မဟုတ်ပါဘူး၊ အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလ အလှူရှင်တွေရဲ့ ငွေကြေးအကူအညီ၊ လှူဒါန်းမှုတွေနဲ့ ရပ်တည် ဆောင်ရွက်နေတဲ့ မီဒီယာအဖွဲ့တခုဖြစ်ပါတယ်။ ကျနော်တို့ရဲ့တာဝန်က မြန်မာပြည်နဲ့ အရှေ့တောင်အာရှဆိုင်ရာကိစ္စတွေမှာ မှန်ကန်တိကျပြီး ဘက်လိုက်မှုမရှိတဲ့ သတင်းတွေ၊ အချက် အလက်တွေကို တင်ပြဖို့ဖြစ်ပါတယ်။
ကျနော်တို့အနေနဲ့ ကမ္ဘာတလွှားက ကျနော်တို့စာဖတ်ပရိသတ်အတွက် နောက်ဆုံးပေါ်သတင်းနဲ့ နက်နက်ရှိုင်းရှိုင်း လေ့လာသုံးသပ်ချက်တွေကို မိနစ်နဲ့အမျှ တင်ပြနိုင်ခဲ့ပါတယ်။ ဒီအတွက် ကျနော်တို့ ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာလည်း မြန်မာပြည်ထဲက စာဖတ်ပရိသတ်ဦးရေကို ပိုပြီးချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ ဒီလိုဆောင် ရွက်လာနိုင်တာဟာ စိတ်လှုပ်ရှားဖွယ် ပြည်တွင်းမီဒီယာ ဆင်ဆာ အပြောင်းအလဲကြောင့် ဖြစ်ပါတယ်။
အခုဆိုရင် ပြည်တွင်း စာဖတ်ပရိသတ် အနေနဲ့ ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဧရာဝတီကို တရားဝင် လက်လှမ်းမှီနိုင်ပါပြီ။ အဲဒီလို တရားဝင် လက်လှမ်းမှီလာတာနဲ့အမျှ ကျနော်တို့ ပြည်တွင်း စာဖတ်ပရိသတ်ဦးရေဟာလည်း အရင်ကထက်စာရင် လေးဆလောက် မြှင့်တက်သွားပါပြီ။
မြန်မာပြည်မှာ အခုလို အပြောင်းအလဲဖြစ်လာတဲ့ အချိန်မှာ ကျနော်တို့ အလုပ်အတွက် ငွေကြေး ထောက်ပံ့ကူညီမှုဟာလည်း တစထက်တစ အပြောင်းအလဲ ဖြစ်လာနေပါတယ်၊ လျော့နည်းလာနေပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အမှီအခိုကင်းတဲ့ ဝင်ငွေတွေ ပိုရရှိလာအောင် အွန်လိုင်းကြော်ငြာ ထည့်တဲ့နည်းကို စမ်းသပ်တဲ့ နည်းနာအသစ်တခု အဖြစ်နဲ့ အသုံးပြုလျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဟာ မြန်မာပြည်နဲ့ နိုင်ငံတကာမှာရှိတဲ့ ကျနော်တို့ စာဖတ်ပရိသတ် အတွက် ဘက်လိုက်မှုမရှိတဲ့ သတင်းအချက်နဲ့ တခြားမီဒီယာအစီအစဉ်တွေ ဆက်လက် တင်ပြနိုင်ဖို့ ကြိုးစားရာမှာ အထောက်အကူ ဖြစ်စေတဲ့ နည်းလမ်း အသစ်အဆန်းတခု ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
လက်ရှိအချိန်မှာတော့ ဧရာဝတီအနေနဲ့ နိုင်ငံတကာက ကျနော်တို့ စာဖတ်ပရိသတ်ရဲ့ ဖြူစင်တဲ့ ငွေကြေးအထောက် အပံ့အပေါ်မှာလည်း မှီခိုနေရဆဲပါ။ ဒါကြောင့် ပြည်တွင်းပြည်ပက ကျနော်တို့ရဲ့ သတင်းထောက်တွေကို ထောက်ပံ့နိုင်ဖို့ အတွက် ဧရာဝတီကို ငွေလှူဒါန်းကြဖို့ စဉ်းစားစေလိုပါတယ်။ ဒါမှမဟုတ် http://irrawaddystore.com မှာ မြန်မာ စာတမ်းပါတဲ့ ခရစ်စမတ်လက်ဆောင် တခုခု ဝယ်ယူ အားပေးပြီးတော့လည်း ကျနော်တို့ကို ကူညီနိုင်ပါတယ်။
ဧရာဝတီဆက်လက်ရှင်သန်နိုင်ဖို့နဲ့ မြန်မာပြည်အပြောင်းအလဲအတွက် ကူညီထောက်ပံ့မှုတွေအပေါ် ကျေးဇူးတင်ပါတယ်။
ဧရာဝတီ
PAYPAL ကနေတဆင့် ငွေကြေး လှူဒါန်းလိုသူတွေအနေနဲ့ အောက်မှာပါတဲ့ လင့်ကို နှိပ်လိုက်မယ် ဆိုရင် ဘယ်လို ဆက်လက် ဆောင်ရွက်ရမယ် ဆိုတာကို လမ်းညွှန်ပေးပါလိမ့်မယ်။
Link: http://irrawaddy.org/donations.html
ကြော်ငြာထည့်တာနဲ့ ပတ်သက်ရင် ကျွန်တော်ကတော့ ထူးပြီး ကန့်ကွက်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်တွင်းစာဖတ်ပရိသတ်ကို တကယ် ရည်ရွယ်ရင် ကြော်ငြာကို နည်းနည်း လျှော့သင့်ပါတယ်။ အဲလိုမှ မဟုတ်ရင် ပေ့ခ်ျတခု ဖွင့်လိုက်ရင် ကြော်ငြာအတွက်ပါ စောင့်နေရတာ ပိုပြီး ကြာပါလိမ့်မယ်။