နယူးဒေလီက ကရင်နှစ်သစ်ကူးနေ့

Sunday, December 25, 2011


အိန္ဒိယနိုင်ငံရောက် ကရင်တိုင်းရင်းသားတွေရဲ့ ဒီနေ့ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားက ပုံရိပ်တွေပါ။ ပြီးခဲ့တဲ့ မေလ တုန်းက အိန္ဒိယအကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ကရင်တော်လှန်ရေးသမားတွေအတွက် အိန္ဒိယကိုရောက်ပြီး ပထမဆုံးအကြိမ် ကျင်းပရတဲ့ နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။

ကရင်အမျိုးသားအလံတော်ကို လွှင့်တင်ပြီး ကရင်အမျိုးသားသီချင်းကို သီဆို ဦးညွှတ်ကြပြီးတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောက ပေးပို့တဲ့ နှစ်သစ်ကူး သ၀ဏ်လွှာကို ကရင်၊ ဗမာ နှစ်ဘာသာနဲ့ ဖတ်ကြားခဲ့ပါတယ်။

ကရင်နှစ်သစ်ကူးနေ့ ကျင်းပကြတဲ့ သမိုင်းကြောင်းတွေကိုလည်း ရှင်းလင်းပြောဆိုပြီး နှစ်သစ်အတွက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာတွေနဲ့ ၀တ်ပြုဆုတောင်း မေတ္တာပို့တာတွေ ပြုလုပ်ခဲ့ပါတယ်။
(ဓာတ်ပုံ - ဧရာဝတီ)
...........

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved