ဆူနာမီမှာ ပျောက်ဆုံးကလေးငယ် ၇ နှစ်အကြာမှာ မိဘနဲ့ ပြန်ဆုံ

Sunday, December 25, 2011

ခေါင်းအုပ်အဖြူနဲ့ မိန်းကလေးကတော့ မာရီ ပါ။ သူ့မိသားစုနဲ့ အတူ (ဓာတ်ပုံ - AP)

အင်ဒိုနီးရှားနိုင်ငံ အနောက် အာချေးဒေသ၊ Meulaboh မှာ ၂၀၀၄ ဆူနာမီတုန်းက ဖခင်လက်ကနေ လွတ်ပြီး ပျောက်ဆုံးသွားတဲ့ ၇ နှစ်အရွယ် မိန်းကလေးငယ်ဟာ ၇ နှစ်ကြာပြီးတဲ့နောက် မိသားစုနဲ့ ပြန်ဆုံရပါတယ်။

မိသားစုနဲ့ ကွဲပြီးနောက် ဘန်ဒါအာချေးမြို့တော်မှာ ၇ နှစ်လုံးလုံး တောင်းရမ်းစားသောက်သူ အဖြစ် ခိုင်းစေခံခဲ့ရပါတယ်။ အခုဆိုရင် မာရီ ယုရန်ဒါလို့ ခေါ်တဲ့ ဒီကလေးမဟာ အသက် ၁၄ နှစ် ရှိနေပါပြီ။

မာရီဟာ ကားဂိတ်တခုကနေ ၆ နာရီကြာ ကားတက်စီးလာခဲ့တယ်။ အဲဒီနောက် ကားဂိတ်တခုက ကော်ဖီဆိုင် အပြင်ဘက်မှာ ထိုင်နေခဲ့ပါတယ်။ ကားသမားတယောက် ဘယ်ကလာသလဲ၊ ဘယ်သွားမလို့လဲ စပ်စပ်စုစု မေးမြန်းခဲ့ပါတယ်။

မာရီက သူ့မိသားစုဟာ Ujong Baroh ရွာမှာ ရှိကြောင်း၊ ဒါပေမယ့် သူမသွားတတ်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကားဆရာလည်း အဲဒီရွာက ခေါ်သွားပေးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အီဘရာဟင် ဆိုသူကို ဆင့်ခေါ်ပေးပါတယ်။ မာရီက သူ့အဖိုးဟာ အီဘရာဟင်ပါလို့ ဆိုတာကိုး။

အဘိုးဖြစ်သူ အီဘရာဟင်ကလည်း သိပ်မမှတ်မိ။ ဆူနာမီကလည်း တရွာလုံးကို ဖျက်ဆီးသွားတာကိုး။ ၇ နှစ်ကြာပြီဆိုတော့လည်း မမှတ်မိ ဖြစ်နေတယ်။

ဒါနဲ့ မာရီရဲ့ ဖအေဖြစ်သူကို ခေါ်ပြပြန်တော့လည်း သူကလည်း ရုပ်ကို ဖမ်းမရဖြစ်နေတယ်။ ဒါတွေ အားလုံးက မအေဖြစ်သူ ယွတ်စနီဒါ လာမှပဲ ရှင်းသွားပါတော့တယ်။

"မာရီက သူ့အမေကို အမေလို့ အော်ပြီး ပြေးဖက်တယ်။ သူတို့ နှစ်ယောက်စလုံး ငိုကြတယ်" လို့ အီဘရာဟင်က ပြောပါတယ်။

မအေဖြစ်သူက သမီးရဲ့ ခန္ဓာကိုယ်အမှတ်အသား၊ ခြေလက်တွေကို မှတ်မိတယ်။ ဒါနဲ့ပဲ ဇာတ်လမ်းက ရှင်းသွားပါတယ်။

ဆူနာမီ ကံဆိုးသူ မိမာရီတယောက် အခုတော့ မမျှော်လင့်ဘဲ မိသားစုနဲ့ ပြန်ဆုံသွားပါပြီ။ နှစ်သစ်ကူးမှာ ကံကောင်းမှု တရပ်ပေါ့။

Ref: Jakarta Globe








6 comments :

  1. Anonymous said... :

    မိခင်ရဲ့ မေတ္တာကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်တယ်၊
    အဖေလည်း မမှတ်မိ၊
    အဖိုးလည်း မမှတ်မိ၊
    အမေသာ သေသွားခဲ့ရင် ဒီကလေးမဘ၀ကို တွေးကြည့်။

  1. ကိုယ်နဲ့ ဘာမှမဆိုင်ပေမယ့် ကြက်သီး ဖြန်းကနဲ ထသွားလောက်အောင်ကို ပီတိ ဖြစ်မိပါတယ်--

  1. Anonymous said... :

    ဒီလိုအဖြစ်ဆိုးဒုက္ခတွေက သဘာဝဘေးအန္တရာယ်တွေကြောင့်ပါ ဒီထက်ဆိုးတာက လူတစ်ယောက်ကို တိရိစ္ဆာန်တစ်ကောင်လို ရောင်းဝယ်ပြီး မတရားခိုင်းစေ ကျေးကျွန်ပြု ဝင်ငွေရှာနေကြသူများလည်းရှိကြပါတယ် အထူးသဖြင့် မြန်မာမိန်းခလေးများကိုပါ မြန်မာပြည်ရဲ့ တရုတ်နယ်စပ် ထိုင်းနယ်စပ်ဒေသတွေမှာ အဆိုးဆုံးပါ ကျွန်တော်တို့အားလုံးက ရှာဖွေဖေါ်ထုတ် တားဆီးကာကွယ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်

  1. Anonymous said... :

    ဒီသတင်းမနေ့က Singapore Channel 5 က လွှင့်သွားတာ ကြည့်လိုက်ရတယ်။ တကယ်ကို ၀မ်းသာပီတိဖြစ်ရတယ်ဗျာ။

  1. Mgluuaye said... :

    ဖြစ်နိုင်ရင်...ဒီလိုမင်္ဂလာသတင်းတွေပဲအမြဲကြားချင်တယ်ဗျာ...

  1. Toetar said... :

    ဒီသတင်းကို ဖတ်ကြည့်ပြီး ခံစား၇တဲ့ ကြည်နူးဝမ်းမြောက်မူ့
    ကတော့ ပြောမပြတတ်အောင်ပါပဲလို့ ဦးစွာဝမ်းမြောက်စကား ပြောပါ၇စေ၊
    ဖခင်မေတ္တာနဲ့ ပတ်သက်ပြီး တစ်ခုပြောချင်းတာကတော့
    သားသမီးတွေဝမ်းစာေ၇းအတွက် ၇ှာဖွေ၇င်းနဲ့
    ပင်လယ်ပြင်မှာ၊ေ၇ပြင်မှာ အသက်ပေးသွား၇တဲ့ဖခင်တွေ
    မြေကြီးပေါ်မှာ၊မြေပြင်မှာ အသက်ပေးသွား၇တဲ့ဖခင်တွေ
    ဝေဟင်ထဲမှာ၊လေပြင်မှာ အသက်ပေးသွား၇တဲ့ဖခင်တွေ
    လိုမျိုး ဖခင်ကောင်းတွေအများကြီး၇ှိသလို ၀တ္တ၇ားမဲ့တဲ့
    ဖခင်တွေ၇ှိ တယ်ဆိုတာလည်းမငြင်းပါ။
    မိခင်က မွေးထုတ်ပေးခဲ့လို့ ကျနော်တို့လိုလူဖြစ်လာ၇တဲ့
    လူတွေ၇ှိသလို မိခင်မေတ္တာစိတ်မ၇ှိလို့ ဗိုက်ထဲမှာတင်
    ဖျက်ထုတ်ပစ်လိုက်လို့ ဘယ်ဘ၀ေ၇ာက်သွားမှန်းမသိ
    တဲ့ သတ္တ၀ါတွေလည်းအများကြီး၇ှိပါတယ်၊
    အ၇ာ၇ာတိုင်းမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေတတ်တာ
    မပြောင်းလဲတဲ့ လောက၇ဲ့ နိယာမတ၇ားပါ။
    အ၇ာ၇ာကို အကောင်းမြင်ဝါဒနဲ့ ကြည့်၇င်တော့
    အကောင်းချည်းပဲ မြင်၇မှာပါလို့ ပြောချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved