NLD မဲဆွယ်ပွဲအတွက် ဟစ်ပ်ဟော့ပ် သီချင်း တပုဒ်

Wednesday, December 7, 2011

~









မြန်မာပြည် ဟစ်ပ်ဟော့ပ်ရေစီးကြောင်းရဲ့ ပထမမျိုးဆက်တွေဖြစ်တဲ့ ဇေယျာသော်၊ ရန်ရန်ချန်း နဲ့ အနဂ္ဂ တို့ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှတ်တရ ရိုက်ကူးထားတဲ့ပုံပါ (ဓာတ်ပုံ - ဇေယျာသော် Facebook fan page)

၁၉၉၀ တုန်းက NLD ရဲ့ မဲဆွယ်သီချင်းအတော်များများမှာ ရိုးရာ အိုးစည်ဗုံမောင်းသံတွေ ပါပါတယ်။
အနှစ် ၂၀ ကျော်အကြာ ရွေးကောက်ပွဲ အသေးစားတခုကို ထပ်ဝင်မယ့်
NLD ရဲ့ ပထမဆုံး မဲဆွယ်သီချင်းမှာတော့ အိုးစည်ဗုံမောင်းသံမပါတော့ပါဘူး၊ ဒါပေမယ့် မဲဆွယ်သီချင်းက ရိုးရာ သံချပ်နဲ့ ဆင်တူတဲ့ ဟစ်ပ်ဟော့ပ် ပုံစံဖြစ်နေပါတယ်။



နားဆင်ကြည့်ပါအုံး။
ခေတ်ပေါ်သီချင်း နဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ စကားလုံးတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်နဲ့ မတူတော့ပါဘူး။

ဒီသီချင်းဖြစ်မြောက်ရေးအတွက် NLD ကို ၀န်းရံနေတဲ့
ဇေယျာသော် ပါဝင်ခြင်း ရှိမရှိ မသိရသေးပါ။





~


50 comments :

  1. DJ PHYO said... :

    Frankly speaking. its very bad rap and rhyme.

    NLD should not use Hard Core style Rap.

    Should use R&B style rap and sweet chorus , Ye' lay or Sai Sai style which may hit direct to girls and boys.

  1. အောင်ထက်မြင့် said... :

    လူငယ်တွေဆိုတော့ သွက်တယ် ရဲရင့်တယ် အားပါတယ် " အမေ့ထမီစ ခေါင်းမှာပတ်လို့" တဲ့ ... လှလိုက်တဲ့ အဖွဲ့အနွဲ့လေး ရင်ထဲကမလာပဲ ဒါမျိုးတွေ ထွက်မလာနိုင်ဘူး

  1. Anonymous said... :

    ပါတီမဲဆွယ်တဲ့ သီချင်းနဲ့ မတူပဲ တော်လှန်ရေး သီချင်းလို ဖြစ်နေပါတယ်.. ကိုယ့်ပါတီကောင်းကြောင်း မဲဆွယ်ရာမှာ သူများကို မပုတ်ခတ်ရဘူးဆိုတဲ့ အခြေခံ သဘောတရားကို နားလည်ရင် အန်အယ်ဒီဟာ ဒီသီချင်းကို ပယ်မှာပါပဲ.. ခုလဲ စပ်ထားတာပဲ ရှိပါသေးတယ်.. မသုံးဘူးလို့တော့ မျှော်လင့်ပါတယ်..

  1. warlord said... :

    ကျွန်တော်တို့က နိုင်ငံတိုးတက်ဖို့ ခေါင်းဆောင်မယ့်သူကို ရွေးကောက်တာပါ... ကိုးကွယ်ဖို့ ပုဂ္ဂိုလ် လိုက်ရှာနေတာ မဟုတ်ပါဘူး...မဲပေးမယ့်သူကို လေးစားတယ်ဆိုရင်တော့ အဲ့ဒီသီချင်းကို သုံးမယ် မထင်ပါဘူး...

  1. MTS said... :

    Obviously, the composer is good at using rhyming words, but lack a good knowledge of modern politics. Quite frankly, the lyrics should be more motivational and inspirational instead of choosing old-fashioned words.

  1. MTS said... :

    The theme is some kind of personal cult and it's the disappointing weakness of the entire song.

  1. MinAhPhay said... :

    I strongly support what was said by

    1. warlord, 2 .MTS and the one commented at 3 00 PM 6 Dec 2011.

    The lyrics is not good enough.

    The song should not emphasize on D A S S K . But to the party.

    And it is ' Thar Yar Hmu Ma Sheet Bu '. The vocalist has ' Da Mya Ah Tan " Pauk Nay Tae. Sorry for commenting like that.

    Lyrics are not appropriate.

    Please find the better composer and singer(s) for God Sake.

  1. Anonymous said... :

    I would like to suggest NLD not to use this song for their campaign. The song obviously shows lack of maturity in the composers. Politics is not a fancy thing. I am happy to see young artists become interested in politics. But, we need more wiser and mature young people than the ones who love to do fancy stuffs.

  1. Anonymous said... :

    ကျွန်တော်တို့က နိုင်ငံတိုးတက်ဖို့ ခေါင်းဆောင်မယ့်သူကို ရွေးကောက်တာပါ... ကိုးကွယ်ဖို့ ပုဂ္ဂိုလ် လိုက်ရှာနေတာ မဟုတ်ပါဘူး..

  1. Anonymous said... :

    ဗိုလ်သန်းရွှေကို စစ်တပ်က ကိုးကွယ်ခဲ့တာပါ။ ခေါင်းဆောင် ရွေးချယ်ချင်တယ်ဆိုရင် အဲဒီခေါင်းဆောင်က လူသတ်သမား၊ ဘိန်းစား မဖြစ်ဖို့  အရေးကြီးတယ်။ ဒီနေ့  ကြံ့ဖွတ် လွှတ်တော်ထဲမှာ ဘယ်လို လူတွေ ဦးစီးနေသလဲ။ ဘိန်းကုန်ကူးနေတဲ့ သူတွေပါတယ်။ နိုင်ငံရေး တစ်လုံးတစ်ပါဒမှ မသိတဲ့ မိုးကျရွှေ့ကိုယ် လက်ညိုးထောင် ခေါင်းခါ ဘောင်ဘီဝတ် အစိမ်းရောင်းတွေပါတယ်။ ကြံ့ဖွတ် က အာဏာရှင်စနစ်ကို ကိုးကွယ်ထားတာ အထင်အရှားဖြစ်တယ်။ သီချင်းက မှန်လွန်းတော့ အပြင်မှာ ဆိုလို့ ကောင်းပါတယ်။ ပါတီသီချင်း အနေနဲ့ ဆိုရင်တော့ နည်းနည်း ပြင်ထန်ပါတယ် ကိုညီတို့ ရေ။ အများကြီး အားပေးပါတယ်။ များများ အမျိုးသားရေးအတွက် ကြိုးစားပေးဖို့  ဖိတ်ခေါ်ပါတယ်။

  1. Anonymous said... :

    သီပေါမင်းကမင်းတုန်းမင်းရဲ့သား အိုဘားမားကဘယ်သူ့သားလဲ ။ ဗိုလ်ချုပ်သမီး ဗိုလ်လရော် မြေးဖြစ်တာနဲ့တော့မဲမပေးနိုင်ဘူး ဒါထက်ကောင်းတာလုပ်ပါအုန်း ၊ ဒါ့ထက်ကောင်းတဲ့သီချင်းရှာပါအုန်း ။

  1. Anonymous said... :

    ဟေ့ကောင် အရူး..
    လူဆိုတာ သိပ်တော်လွန်းရင်...ကိုယ်ကျင့်တရား
    သိပ်ကောင်းလွန်းလာ၇င်၊လူသာမန်တွေမလုပ်
    နိုင်တဲ့စွန့်လွှတ်မှု့..စွန့်စားမှုတွေလုပ်လာပြီဆိုရင်
    ကိုးကွယ်တတ်တာလူ့သဘာဝကကွ.
    အဲဒီသီချင်းသုံးတာနားထောင်တဲ့သူက လက်ခံ
    ရင် မင့်ပါးစပ်ပိတ်ထားရင်အကောင်းဆုံးပဲ..
    ကိုယ့် ဘာကောင်လဲဆိုတာ ကိုယ့်ကိုယ်ကို အ
    ရင်စဉ်းစား၊ ဒီအချိန်မှာ ဝေဖန်ရေးနှင့် ညီညွတ်
    ရေး ဘယ်ဟာပိုအရေးကြီးသလဲဆိုတာကိုမင်း
    နားမလည်ဘဲနဲ့ လျှောက်ပြောရင်အဆဲခံရမယ်.
    ပါးစပ်ပေါက်ပိတ်ထားတာအကောင်းဆုံး.အိုကေ

  1. Anonymous said... :

ြNLD မဲဆွယ်တဲ့သီချင်းဆိုပါဆိုမှ အဲဒီလို မဆိုရင် ဘာလဲ နအဖ လူသတ်ကောင်တွေ ကောင်းကြောင်း သီချင်းဆိုပြရမှာလား.အခု သီချင်းသံစဉ်ကလည်း လူတဦး တယောက်ကို ကိုးကွယ်တဲ့ သဘောမပါပါဘူး ဘာဖြစ်လို့များ မနာလိုဖြစ်နေရတာလည်း။

  1. Anonymous said... :

    hiphop ဆိုလို့ ရသဆိုတဲ့သူအကြောင်းနဲနဲပြောပါရစေ။ သူ့ကိုသေချာမသိပေမယ့် မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲအတွက် ဘဝတလျောက်လုံးနီးပါး ကိုယ်ကျိုးစွန့်ခဲ့သူတွေကိုသိပါတယ်၊ သူ့အနေနဲ့ မရှက်တတ်ရင်တောင် အားနာမှုလေးတော့ ရှိသင့်တယ်ထင်ပါတယ်၊ တိုင်းပြည်ကိုချစ်လွန်းလို့ပါလို့တော့မပြောပါနဲ့။ ရသရဲ့အသက်၂၉နှစ်လို့သိရပါတယ်။ ချစ်ချင်သပဆိုရင်လွန်ခဲ့တဲ့ ၁၀နှစ်၁၅နှစ်လောက်ထဲက အားရပါးရချစ်လို့ရပါတယ်။ အခုတော့ဗျာ မရည်ရွယ်ဘူးဆိုရင်တောင် လုပ်ရပ်ကအများကဲ့ရဲ့စရာဖြစ်နေပါတယ်။ လွှတ်တော်ကိုဝင်မဲ့(သို့)အမတ်နေရာနဲ့ထိုက်တန်တဲ့ လူငယ်သူရဲကောင်းတို့ရဲ့ အကြောင်းတော့ တစ်လုံးမှရေးဘော်မရဘဲ တစ်နေ့တစ်နေ့အင်တာဗျုးကတစ်မျိုး သတင်းနဲ့တစ်မျိုး ဒီရသဆိုသူရဲ့ အကြောင်းတွေကိုသာဖော်ပြနေတဲ့မီဒီယာတွေကိုလည်းဘာသဘောလဲလို့မေးစရာလူထုကြားမှာဖြစ်လာပါတယ်။ ကျွန်တော်တစ်ယောက်ထဲအနေနဲ့ကတော့ ရင်နာမိတယ်လို့ဘဲ ပြောပါရစေ။ စစ်အာဏာရှင်စံနစ်အောက်မှ မြန်မာပြည်လွတ်မြောက်ရေးအတွက် အသက်စွန့်ခဲ့ကြသော ရသတို့အရွယ် မြန်မာလူငယ်သူရဲကောင်းအပေါင်းတို့အား အောက်မေ့သတိယ ထာဝရဦးညွှတ်လျက်။
    (ညီညီနိုင်)

  1. ဟုတ်ပါတယ်။ ကျနော့်တဦးတည်းအနေနဲ့ ပြောရမယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လည်းချစ်တယ်။ လေးလည်း လေးစားတယ်။ ယုံလည်းယုံကြည်တယ်။ လူထုခေါင်းဆောင် တယောက်ဆိုတဲ့ ဂုဏ်အင်္ဂါ နဲ့ ပြည်စုံပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင် တယောက်အနေနဲ့ ရိုသေ၊ လေးစားပါတယ်။ ဒါပေမယ့် ကိုးကွယ်ရမယ့် ပုဂ္ဂိုလ်တယောက်အနေနဲ့တော့ မဟုတ်ပါဘူး။

    ဒီသီချင်းက NLD ပါတီ အတွက်ဆိုတာထက် ဒေါ်အောင်ဆန်းစုကြည်ကို အသားပေးပြီး စပ်ဆိုထားတဲ့သီချင်းဖြစ်ပါတယ်။ ဒေါ်စုအနေနဲ့လည်း ဒီသီချင်းကို ကြိုက်မယ်မထင်ပါဘူး။ သီချင်းက ခုတ်ရာတခြား၊ ရှရာ တလွဲ ဖြစ်နေပါတယ်။ ရည်ရွယ်ချက်ကို မရောက်ပါဘူး။

  1. အာကာထက် said... :

    ဘော်ဒါတို့ကလဲ စဉ်းစားပါအုံး သီချင်းက ဘယ်သူ့ကိုထိုခိုက်သလဲ ရိုင်းစိုင်းတဲ့ အသုံးအနှုံးပါလား လူငယ်တွေလေကွာ ဘယ်တုံးက လွတ်လပ်ခဲ့လဲ သူတို့သက်တမ်းအတခုလုံး မိမိယုံကြည်ချက်တွေကို ဖျက်ဆီး ခံထားခဲ့ရတာလေ အခုစာသားတွေက သူတို့ ရင်ဘတ်ထဲက တိုက်ရိုက်လာတဲ့ ခံစားမှုတွေ မြင်အောင်ကြည့်ပေးလိုက်ပါ သူတို့လိုတောင် မိမိကိုယ်တိုင်က လုပ်နိုင်ရဲ့လား ကမ္ဘာကျော် U 2 အဖွဲ့ သီချင်းတွေ နားထောင်ကြည့်ပါအုံး အဖိနှိပ်ခံပြည်သူတွှေအတွက် ခံစားပြီးဆိုပေးနေတာ ဒို့နိုင်ငံက လူငယ်တွေလည်း ဒီလိုလမ်းကိုလျှောက်ဖို့ကျိုးစားနေကြတာ ဖြစ်မှာပါ အားပေးလိုက်ပါ

  1. Anonymous said... :

    It is very good I think.

  1. Anonymous said... :

    We should use other song. This is not good for NLD Party.

  1. ko than shwe said... :

    This song should be used for election because of the time is hip hop century.

  1. zinko said... :

    အင်း ဒီသီချင်း နားထောင်းပြီး လူငယ်တွေ ထမိန် ၀တ် ကြ NLD နဲ့  ထီးတင်တာ မနှိုင်းသင့် ဘူး .

  1. Anonymous said... :

    ဟုတ်တယ်ထောက်ခံတယ်
    ဒီအချိန်မှာ ငြင်းနေဖို့အချိန်မရှိဘူး သူတို့တွေလည်းကောင်းအောင် ဆိုတာဘဲ အပြစ်လုံးဝမတင်ပါနဲ့ စကားချိုသာစွာပြောပါ
    အပြစ်တင်မယ်စကားကိုလုံဝ မပြောနဲ့
    သန်းရွှေ သိန်းစိန်ထက်စာရင် သီချင်းဆိုတဲ့ညီအကိုတွေက
    မျိုချစ်စိတ်ရှိတယ် . . .

  1. Anonymous said... :

    သာမာန်ပြည်သူတစ်ယောက်အနေနဲ့ အထူးအထွေတော့ မဝေဖန်တတ်ပါ၊ နားထောင်လို့ကောင်းတယ်၊ သဘောကျတယ်၊ စိတ်ဓါတ်တက်ကြွစေတဲ့ သီချင်းတစ်ပုဒ်ပါ။

  1. brave said... :

    မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်း..လက်ခံနှစ်သစ်ကြမှာပါ...လုံးဝကိုစိတ်ဓာတ်ကြွစေတဲ့သီချင်းစာသားလေးပါ

  1. Phoe Wunna said... :

    To me, it is a powerful song and I am energized by listing it. But, I don't think this song will become NLD's flag-ship organizing song. It may be one of many organizing songs.

  1. Anonymous said... :

    အနက်ဂ ဆိုတာ အရင် ထက်ထက်မိုးဦး ယောက်ျားလုပ်သွားတဲ့ကောင်လေး လား၊ အခု ဟိုအဆိုတော်မကြီးရဲ့ သမီးကို ၀ိုက်နေတာလား ယူသွားတာလား မသိဘူးလေ၊ ကြားရုံဘဲကြားဘူးတာ မမြင်ဖူးလို့ မေးကြည့်တာပါ

  1. တိုင်းရင်သားလေး... said... :

    မြန်မာလူမျိုးတွေမှာ.. တစ်ယောက်နဲ့တစ်ယောက်..
    အကောင်းမမြင်တတ်ကြတဲ့..အကျင့်ဆိုးတွေကို..
    ပြုပြင်နိုင်ကြပါစေ...လို့ ဆုတောင်းပေးလိုက်ပါတယ်..!!

  1. Anonymous said... :

    စာသားတွေရိုင်းပါတယ်..မြန်မာပြည်မှာ ဗမာတစ်မျိုးတည်းမဟုတ်ပါဘူး..
    တိုင်းရင်းသားအာဇာနည်တွေလည်းရှိပါတယ်..
    ဗိုလ်မင်းရောင်ဆိုတာ သမိုင်းမှာကျန်ခဲ့ပါပြီး..
    ဒီလိုစာသားတွေ ဟာတစ်ချို့လူမျိုးတွေနဲ့မကိုက်ညီပါဘူး.
    အမေ့ထမီစခေါင်းပတ်ချင်ရင်တော့ကိုယ့်ဟာကိုပတ်ပါ..
    မပတ်ချင်တဲ့သူများအတွက် ဒီစာသားကရိုင်းပါတယ်..
    ဘယ်တုန်းကမှ အမေ့ထမီစကိုခေါင်းမပတ်ခဲ့ပါဘူး..
    အောင်ဆန်းစုကြည်ကိုထောက်ခံဖို့ ယဉ်ကျေးတဲ့စာသားကို
    သုံးသင့်ပါတယ်..အမေနေရာမှာထားနိုင်ပေမယ့်
    ထမီစခေါင်းပတ်ခိုင်းတဲ့ အသုံးအနုန်းက ရိုင်းစိုင်းလွန်းအားကြီးပါတယ်..မဲပေးရင်အန်အဲဒီကိုပဲ
    ပေးဖို့ရည်ရွယ်ပါတယ်..
    အကုန်လုံးဒီလိုပါပဲ..
    ဒီလိုစာသားသီချင်းကြောင့် nld ကိုလူတွေချဉ်သွားပါ
    လိမ့်မယ်..သူများကိုထိခိုက်ပြီးပြောတာလည်းမကောင်း
    သူတွေရဲ့လက္ခာပါ..ကိုယ်ကောင်းအောင်သာကျိုးစားပြီး
    လုပ်ဆောင်သင့်ပါတယ်.

  1. Anonymous said... :

    တကယ်တော့ ကိုးကွယ်တာမဟုတ်ပါဘူး၊ အားကိုးတာပါ၊ အားကိုးထိုက်သူမို့ အားကိုးတာပါ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖအေတူသမီးပါ၊ တိုင်းပြည်နဲ့လူမျိုးအတွက် ဘဝကိုပေးဆပ်ထားသူပါ၊ မြန်မာနိုင်ငံသားများသာမကပါဘူး၊ ကမ္ဘာကပါ လေးစားရသူပါ၊ လေးစားထိုက်တဲ့ ဂုဏ်အရည်အချင်းရှိသူကို လေးစားတာ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝန်းရဲ့ အပြုအမူပါ။

  1. ဒီသီချင်းနဲ့ မဲဆွယ်မယ်...........တကယ်လား...? ကြည့်လည်းလုပ်ပါဦး။ အမိမြန်မာပြည်မှာ သီချင်းရေး သူ ၊ တေးဆို သူတွေ တော်တော်ရှားနေပြီလား...? ရှေးရှေးမှာ သာဓကတွေ ရှိပါတယ်။အတုယူစမ်းပါဦး။မြန်မာနိုင်ငံဆိုတာကိုလည်း သတိထားပါဦး.....။ ကိုရွှေ ၊ မရွှေ တိုရေ...........

  1. Anonymous said... :

    တော်တော်လေးကို လွဲနေပီးထင်တယ်... သူတိုပြောချင်တဲ့ ကိုးကွယ်တယ်ဆိုတာ တင်စားတာဖြစ် လိမ့်မယ်... ပီးတော့ခုမှ အဲလိုသီချင်းတွေ ဆိုခွင့်ရတယ် ဆိုတော နည်းနည်းနားလည်ပေးလိုက်ုကပါ

  1. သားသား
    ဘာမှတိဘူးဂျာ
    NLD နှင့် ကိုယ်ကျိုးစွန့်နေတဲ့ လူတွေကို လေးစားပါတယ်။
    comment ပေးရတာလွယ်တယ်ဗျ။
    တကယ်လုပ်ရတာ ခက်ခဲတယ်။
    ဘာဆိုဘာမှ တိဘူး
    နိုင်ငံေ၇း အကျဉ်းသားတွေတော့ အမြန်ဆုံးလွတ်စေချင်တယ်ဗျာ။
    ကဲ ဘာမှ သိသူ မသိသူတွေလဲ ရန်သတ်ကြဗျာ။
    ကျနော်လဲ ဆဲလို့ရတယ်နော်။
    ဒါဘဲ ဂွပ်။

  1. Anonymous said... :

    မဲဆွယ်သီချင်းထက် တော်လှန်ရေးသီချင်းလိုဖြစ်နေပါတယ်။ မဲဆွယ်ဖို့အတွက် ဒီသီချင်းကို မသုံးသင့်ပါဘူး

  1. ABA Hmun said... :

    ရှေးခေတ်နဲ့ မတူ ပေါ့ပ် ဟော့ပ် ခေတ်မှာ ဒီသံစဉ်မျိုးကို မျိုး ဆက်သစ်များအတွက် ကောင်းပါတယ်... သို့သော် တိုက်ပွဲ ခေါ်သံ ဆန်နေသလို ဖြစ်နေတာနဲ့ အမေ့ထမီစ ခေါင်းမှာ ပတ်လို့ စာသားလေးကို အရင်တုန်းက နားပန်တာတို့ လက်မှာ ပတ်တာတို့မျိုးရှိတော့ အဲဒါမျိုးလေး ပြောင်းလိုက် ရင် မဆိုးလောက်ပါဘူး... အဘတို့ခေတ်က သံစဉ်နဲ့တော့ သွားမနှိုင်းချင်ပါဘူး။ သူ့ခေတ်နဲ့သူပဲလေ...
    မြန်မာတွေက နှစ်ယောက်ရှိရင် ၄ မျိုးလောက် ဝါဒကွဲ နေ ကြတာ သမိုင်းတခုဖြစ်နေတာမို့ မထူးဆန်းပါဘူး... ခက်တာက အနှစ် ၂၀ ကျော်လုံးလုံး လူထုကို အဝတ် တထည်တောင် လုပ်မပေးနိုင်တဲ့ သူတွေက လုပ်နိုင်တဲ့ သူ တွေ လုပ်တိုင်း ထထ ဟောင်ပြီး ပြည်သူအများရဲ့ အိပ်မက်တွေကို ဖျက်ချင်နေတာ ကြားမြင်ရတော့ အံချင်လှပြီး အိပ်ပျက်လွန်းတယ်... စွမ်းနိုင်ရင် ကိုယ်တိုင် ဝင်နွှဲကြ တာလဲ မဟုတ်ဘူး... ခက်တယ်... ပြင်သင့်တာလေးတော့ ပြင်စေချင်ပါတယ်ကွယ်...

  1. Anonymous said... :

    what is means ,father aungsan? who r u? don`t u know who u are,isn`t?

  1. ဒီသီချင်း ဟာ ရေးသူအမည်မပါ ဆိုသူအမည်မပါတဲ့သီချင်းပါ ACID အဖွဲ့ကဆိုတယ်လို့လည်း ဧရာဝတီကမပြောထားပါဘူး ကျနော့်အထင်တော့ဒီသိချင်းဟာ NLDကို ဂျောက်တွန်းတဲ့သီချင်းပါ အချွန်နဲ့မတဲ့ပုံစံဖြစ်နေပါတယ် NLDကိုထောက်ခံသူတွေဟာငပေါတွေမို့ ဒီသီချင်းမျိုးကို စပ်ပြီးမဲဆွယ်တာလို့ အပြောခံရအောင်တမင်လုပ်ထားတဲ့ပုံပေါ်လွင်နေပါတယ် NLDထောက်ခံသူတွေနဲ့ NLDကို ပျက်ရည်ပြုလေ သူတို့ ရည်ရွယ်ချက်အောင်မြင်လေဖြစ်အောင်လုပ်ထားတဲ့သဘောလို့ထင်ပါတယ် ရေးသူ ဆိုသူ အမည်မပါတာလဲသံသယဝင်စရာပါ ACID ကတော့ သူတို့ရေးတာလဲမဟုတ်ဖူးလို့ပြောသွားပါတယ် အမေစုအနေနဲ့ လည်း ဒီသီချင်းမျိုးကို ဘယ်လိုမှနှစ်သက်မှာမဟုတ်ပါဘူး

  1. အခုလိုအချိန်မှာ FACE BOOK နဲ့ တခြားonline စာမျက်နှာတွေပေါ်မှာ သူ့လူကိုယ့်ဖက်သားလုပ် nldကိုထောက်ခံချင်ယောင်ဆောင်ပြီး ပူးသတ်တဲ့ဗျူဟာကိုသုံးနေတာတွေ၇ှိနေတာမို့စိုးရိမ်မိတယ်ဗျာ

  1. Anonymous said... :

    ဒီသီချင်းကို .... ရေး ဆို ဖန်တီးတဲ့သူ ဘယ်သူတွေ ဆိုတာ မဖေါ်ပြထားလို့ ဟိုထင် ဒီထင် ဖြစ်နေကြတယ် ... နောက်တခါ NLD ရဲ့ မဲဆွယ်သီချင်း ဆိုပြီး တချို့က သူ့တို့ဘာသာ သူတို့ ခေါင်းစဉ်တပ်နေတာပါ ..... NLD က မှတ်ပုံပြန်လည်တင်ထားတာ ခွင့်ပြုချက် စောင့်နေပြီး ရွေးကောက်ပွဲအတွက် ခုမှ စတင်ပြင်ဆင်နေတုန်းပါ .... ပြည်တွင်းက NLD အဖွဲ့ဝင်တွေ လုပ်ကြတာ မဟုတ်ပါဘူး ....
    မိတ်ဆွေတယောက်က ပို့ပေးလို့ ..... မေးလ်ထဲရောက်လာလို့ ဖွင့်ကြည့်တော့ ဒီသီချင်းဖြစ်နေတယ် ......
    သူ့ဆီပို့တဲ့သူက သူတို့လူငယ်တွေ သူတို့စိတ်ကူးနဲ့သူတို့ သူတို့လုပ်နိုင်တာ လုပ်နေကြောင်းနဲ့ နောက်ထပ်လည်း သီချင်းတွေ ထပ်ဖြန့်ဖို့ အစီအစဉ်ရှိကြောင်းနဲ့ ထပ်လုပ်နေကြောင်း .... မြန်မာသံစဉ်နှင့်လည်း ပြုလုပ်နေကြောင်း ပြောတယ်လို့ ဆိုပါတယ် ဘယ်ကလဲ ဘယ်သူလဲဆိုတာ မပြောပြလို့ သေချာမသိပေမဲ့ ခန့်မှန်းကြည့်ခြင်းအားဖြင့် ပြည်ပမှာ ရောက်နေကြတဲ့ လူငယ်တွေထဲက အချို့ ဖြစ်နိုင်ဖို့ များပါတယ် ... ဇေယျာသော်တို့နဲ့လဲ မပါတ်သက်ပါဘူး ... အခုမှ ကြိုးစား စမ်းသပ်ပြီး လုပ်ကြတဲ့ လူသစ်တန်း လူငယ်တချို့ ရေးစပ်သီဆို ဖန်တီးထားကြတာပါ ..... သူတို့လူငယ်လေးတွေ သူတို့လုပ်နိုင်တာ လုပ်ကြတာကို ဝမ်းသာပါတယ် ... ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် NLD အနေနဲ့ ဒီသီချင်းကို စည်းရုံးရေးသီချင်း အဖြစ်တော့ သုံးလိမ့်မယ်လို့ မထင်ပါဘူး ... ဂီတလောက ကအနုပညာရှင်တွေနဲ့ တွေ့တုန်းကလည်း ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်သီချင်း လုပ်ဖို့ဆိုပြီး အထင်နဲ့ ခေါင်းစဉ်တပ် သတင်းရေးတဲ့ သတင်းဌာနတွေ အများကြီးတွေ့ရပါတယ် ပြည်ပ အခြေစိုက် သတင်းဌာနတွေပါ ... နောက်ပိုင်း သတင်းတွေကို တင်တဲ့အခါ တတ်နိုင်သလောက် တိကျမှုရှိစေချင်ပါတယ် .... အထင်နဲ့ ခန့်မှန်းပြီး ခဏ ခဏ ရေး ရေး ဒီလိုရေးနေကြရင် ..... နောက်ပိုင်း ပရိသတ်က ယုံကြည်မှု အားနည်းလာပါလိမ့်မယ် .....

  1. ဟုတ်တယ်ဗျာ ဘလောဂ် တွေနဲ့ သတင်းဌာနတွေကိုစိတ်ပျက်လာပြီ NLDရဲ့မဲဆွယ်သီချင်းပြောရအောင် NLDကကြေငြာပြီးထုတ်ထားတာလဲမဟုတ် ဘယ်ကဘယ်သူရေးမှန်းမသိပဲလုပ်နေကြတာ စိတ်ပျက်စရာပဲ သီချင်းတွေ အများကြီး၇ှိတဲ့ကြားက ဒီသီချင်းနဲ့ ပဲလိုက်ဖွနေကြတာဘာသဘောလဲ မသိဘူး လိုချင်ရင်ပြော သီချင်းတွေအများကြီး

  1. Anonymous said... :

    Irrawaddy's should not use this picture together with this song. It makes people to think that ACID sing this song.They should mention the real composer and the singer.

  1. Grace said... :

    ဟူး...စောက်ပေါသီချင်း။ မျိုးချစ်စိတ်တောင် ဘယ်နားလွင့်သွားပါလိမ့်။

  1. Grace said... :

    ဟူး...စောက်ပေါသီချင်း..မျိုးချစ်စိတ်တောင်ဘယ်နားလွင့်သွားပါလိမ့်။။။။။

  1. Anonymous said... :

    I think this song is really very nice for motivation. But you have to express for the whole nation it just as an advertisement for NLD. If you want to organize for the whole community, it will be very useful. But need to edit. I cannot create like you. Therefore, i just want to give you my opinion.For this song shouldn't be for the individual party. If you focus on it just for NLD, it is OK.

    thanks a lot.

  1. Anonymous said... :

    တော်တော်သောက်သုံး မကျတဲ့ ကောင်တွေ ဘဲ မိန်းမ တယောက်ထမီ များ ခေါင်း မှာ ပတ်မတဲ့ ငပေါ ငပေါ ငပေါ

  1. Myanpyithar said... :

    အော် အမေ့ထဘီစဆိုတဲ့ အသုံးအနှုန်းကိုတောင်လေးလေးနက်နက်မသိတော့တဲ့သူတွေ များနေပါလား။ အင်း နောက်အမေဆိုတဲ့ အဓိပ္ပာယ်ကိုတောင်မသိတော့ရင်ခက်ရချည်ရဲ့။ အမေက အမျိုးသမီးပါပဲ။ ဒါပေမယ့် အမျိုးသမီးတိုင်းကတော့ အမေဆိုတဲ့ အဓိပ္ပာယ်ကို ပြည့်ပြည့်၀၀ မရှိနိုင်ပါဘူး။ အမေဆိုတဲ့ အဓိပ္ပာယ်ကိုနားလည်အောင်မပျိုးထောင်လိုက်နိုင်တဲ့ အမေတွေကို သနားတယ်။ နောက် အမေကိုတန်ဖိုးထားတဲ့ မြန်မာဓလေ့ကို နှမြောတယ်။ အဲ စကတ်အောက်က မွေးခဲ့တဲ့သူတွေတော့ မဟုတ်လောက်ဘူးထင်ပါတယ်။ မြန်မာပြည်ကမွေး မြန်မာပြည်သားစိတ်မရှိ အမေအဓိပ္ပာယ်ကိုနားမလည် ဘယ်သူက ရိုင်းနေသလဲဆိုတာ ပြန်စဉ်းစားကြပါဦး။

  1. ဘယ်လိုဘဲနေနေဗျာ ခင်ဗျားတို့ကိုယ်တိုင်ရော သူတို့လို သတ္တိရှိလို့လား သူတို့ အဘိုးတွေ ၊ အဖေ တွေကိုမစော်ကားပါနဲ့ ခင်ဗျားရဲ့ မျိုးရိုးသာ အဲ့လိုဆို ခင်ဗျားပါးစပ်က ချမှာမဟုတ်ပါဘူး...အမေစု နဲ့လူငယ်လှုပ်ရှားသူတွေကိုလည်း ခင်ဗျားတို့ ဝေဖန်စရာ မလိုပါဘူး... ခင်ဗျားကိုယ်တိုင်ရော ဘယ်ထောင့်၊ ဘယ်နေရာက ပါပြီးပြီလဲ...အိပ်သဲာ်ဝင်ပါတာပြောတာမဟုတ်ဘူးနော် ခင်ဗျားကိုယ်တိုင် သူတို့လို့ အနစ်နာခံနိုင်ပြီလားစန်းစစ်လိုက်ပါ ခင်ဗျားမိသားစုနဲ့ ခွဲခွာပြီးထောင်ထဲမှာနေနိုင်ပြီလား...ပြန်စဉ်းစားပြီးမှ သေသေချာချာရေး ကိုယ်တိုင်ဘာမှမဟုတ်ဘဲနဲ့မပုတ်ခတ်ပါနဲ့....သူတို့လိုခင်ဗျားလည်းသီချင်းဆိုလိုရတာဘဲ...ဆိုကြလေ..ခင်ဗျားတို့မဆိုရဲပါဘူး....ခင်ဗျားတို့ ကေတီဗွီ မှာသာအော်ရဲမယ် ဒါမျိုးကြ မဆိုရဲဘူးမို့လား နိုင်ငံတော်သီချင်းရောကောင်းကောင်းရသေးလား...ပြန်ကျတ်လိုက်အုံး...သူတို့တွေဘာလုပ်လုပ် ခင်ဗျားပြောစရာမလိုဘူး...ခင်ဗျားမကြိုက်ရင် ခင်ဗျားကိုယ်တိုင် လမ်းသစ်ဖောက်လေ ကောင်းရင် ကျွန်တော်တို့နောက်ကနေလိုက်လာမယ် ကိုယ်တိုင်မဖောက်ရဲရင်လည်း နောက်ကကောင်းကောင်းလိုက် နောက်ကနေမဟောင်နဲ့ .....(မှန်ချက်။ ။ ခင်ဗျား= အမေစု နှင့် ယုံကြည်ချက်ဖြင့်လုပ်ဆောင်သူအားလုံးကို စော်ကားသူမှန်သမျှ...)မိန်းမထမီဆိုပြီးသုံးထားတဲ့ခင်ဗျားကိုလည်းပြောလိုက်မယ် မိန်းမလို့သုံးရအောင် ခင်ဗျားပါးစပ်နဲ့တန်လား ခင်ဗျားလို ၃ ၊ ၄ မြန်မာနိုင်ငံ ကပျောက်သွားလို့ ဘယ်သူမှဝမ်းမနည်းဘူး အမေစုတို့လို လူမျိုးက ကမ္ဘာ ကကို အသိအမှတ်ပြုထားတဲ့နိုယ်ဘယ်ဆုရှင်ကွ ချီးထုပ်ရ.. ချီးထုပ်ကမှ ခွေးစားသေး ၊ သေးထုပ်...

  1. နတ်ဆိုးငတိုး said... :

    ပြောမနေနဲ့ငါ့ကောင်ရေ သူတို့က အမေဆိုတာလည်းနားမည်ဘူး... အမေထဘီိလို့ ဘာလို့တင်စားလည်းသူတို့မသိဘူး... အလကား သိချင်ယောင်ဆောင်နေတာ မြန်မာပြည်မှာ အဲ့လိုကောင် တွေရှိလို့ မတိုးတက်တာ....သူတို့သည့်တာက လူတစ်ယောက် မြှောက်ပြီး ပင့်ပြီးစားရအောင်လို့သိတာ စနစ်ဟောင်းတွေလေ....သိတယ်မို့လား

  1. maung Yin said... :

    ဆရာတော်တွေထဲမှာတောင် မိဘကျေးဇူး၊ အမေ့ကျေးဇူးဆပ်မကုန်ဘူး အမေ့ကျေးဇူးကိုအောက်မေ့သောအားဖြင့် အမေ့ထမီစကိုဆောင်ထားတယ်။ အမေ့ကျေးဇူးနဲ့ နှိုင်းစာရင် ဒါဟာမပြောလောက်ဘူး။ ငါဟာ အမေ့ကျေးဇူးကြောင့် လူဖြစ်လာရတယ်၊ အမေ့ကျေးဇူးကြောင့် အသက်ရှင်ကြောင့် အသက်ရှင်နိုင်တယ်၊ ဘာသာ၊သာသနာ လူမျိုးအကျိုးကိုလုပ်နိုင်တယ် စတဲ့လေးနက်တဲ့အဓိပ္ပာယ်တွေနဲ့ အမေ့ထဘီစဆောင်တယ်ဆိုတာ မြန်မာဓလေ့မှာရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ကို မမွေးပါဘူး။ ဒါပေမယ့် မြန်မာပြည်သားတွေရဲ့ ဒုက္ခ၊သုက္ခတွေကို မိခင်သဖွယ် စာနာထောက်ထားပြီး သူ့ဘ၀ကို ရင်းနေတာပါ။ ကျွန်တော်တို့ သူ့ကို အမေလို့မခေါ်ထိုက်ဘူးလားခင်ဗျာ။ သူ့လမ်းညွှန်မှုအောက်မှု ညီညွတ်တိုးတက်တဲ့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုဆီကိုမသွားသင့်ဘူးလားခင်ဗျာ။ အင်း မြန်မာပြည်မှာ ဒီလိုလေးနက်တဲ့အသုံးအနှုန်းတစ်ခုအတွက်တောင် ဒီလောက်အငြင်းပွားနေရင် ရင်လေးမိပါတယ်ဗျာ။ အထက်မရောက်၊ အောက်မရောက်၊ တတ်ယောင်ကားတွေက များ၊ အာများပြီး ကိုယ့်တာဝန်ကိုယ်မသိတဲ့ လူတွေများနေတော့ …

  1. Anonymous said... :

    လွတ်လပ်စွာ တွေးခေါ်မယ် လွတ်လပ်စွာပြောဆို မယ် လွတ်လပ်စွာ ကိုးကွယ်မယ် လို့ပဲ သီချင်း ထဲမှာ ပါတာ ဒေါ်စု ကို ကိုးကွယ် မယ်လို့ မပါဘူး။ သီချင်းကိုဖြင့် သေချာနားမထောင်ဘူး comment ပေးချင်တာက အရင်။ လွတ်လပ်စွာ ကိုးကွယ်မယ် ဆိုတာ ဘယ်ဘာသာမဆို ကိုယ်ကိုးကွယ်တဲ ဘာသာ ကို လွတ်လပ်စွာကိုးကွယ် မယ် လို့ပဲ ဖြစ်မှာပေါ့။

  1. Maung Ethnic said... :

    သီချင်းရေးဆရာက ဒေါ်အောင်ဆန်းစုကြည် မျိုးရိုးဂုဏ်ကို ဖော်တဲ့အနေနဲ့ ဗိုလ်မင်းရောင်ကိုထည့်စပ်တာပါ။ ကိုယ့်လူတို့က ဘယ်နဲ့ တိုင်းရင်းသားသူရဲကောင်းတွေဆွဲထည့်လာတုန်း။ သီချင်းကိုလည်းသေသေချာချာနားထောင်ကြပါဦး။ နေရာတကာ တိုင်းရင်းသားကိစ္စဆွဲမထည့်ပါနဲ့။ အခုရေးတာလည်းတိုင်းရင်းသားစစ်စစ်ပါ။ သူ့နေရာနဲ့ သူအလိုက်အထိုက်ဆီလျော်အောင်ရေးထားတဲ့ဟာကို နေရာတကာဆွဲမထည့်ချင်စမ်းပါနဲ့ဗျာ။ လူအမြင်ကတ်လိမ့်မယ်။ ပြောပါများတော့ထုံသွားလိမ့်မယ်ဗျာ။ ပြောရမယ့်နေရာ ထိထိရောက်ရောက်ပြောပါ။ မှန်ပါတယ် တိုင်းရင်းသားသူရဲကောင်းတွေ အများကြီးရှိပါတယ်။ ဖော်ထုတ်ဖို့လည်းလိုပါတယ်။ သူများမျက်ချေးချည်းပဲ မြင်နေရင် ကိုယ်မျက်စိမှာ ကိုယ့်မျက်ချေးနဲ့ကို အမြင်မကြည်မှုန်ဝါးဝါးဖြစ်နေမှာစိုးလို့ပြောတာပါ။ အကြံပေးလိုက်မယ် တိုင်းရင်းသားသူရဲကောင်းတွေကိုလည်း ဒီလိုသီချင်းနဲ့ဖော်လို့ရပါတယ်။ လုပ်ကြပါ အားပေးပါတယ်။ တိုင်းရင်းသားအရေးတွေလည်း ဒီလိုပဲ အနုပညာ ပုံစံအမျိုးမျိုးနဲ့ ဖော်ထုတ်လို့ရပါတယ်။ နေရာတကာ တိုင်းရင်းသား အရေးဆွဲထည့်နေရင် ကြာရင် ဘယ်သူမှ အလေးမထားမှာကို စိုးရိမ်မိလို့ပါ။ အမှားပါရင်ခွင့်လွှတ်ပါ။ မြန်မာပြည်ငြိမ်းချမ်းရေးက လူမျိုးရေးခွဲခြားမှု မုန်းတီးမှုတွေပါနေရင် ဘယ်သူ ဘယ်သူအတွက်မှ မကောင်းပါဘူး။ တိုင်းရင်းသားတွေ ရှေ့တန်းတင်ပြီး မြန်မာတပြည်လုံးက သွေးသားရင်းချာတွေအတွက် ကျွန်တော်တို့သဘောထားကြီးကြရအောင်လားဗျာ။

  1. Anonymous said... :

    ကိုယ်တိုင်လည်းမလုပ်နိုင်
    သူများလုပ်နေတာလဲအားမပေး
    တော်လိုက်တဲ့စိတ်ဓါတ်တွေ
    လေနဲ့comment ရေးဖို့ဘဲတတ်တယ်
    ကြိးပွားအုန်းမယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved