Person of the Year ဘယ်သူဖြစ်မလဲ

Tuesday, December 6, 2011

~








တူရကီ ၀န်ကြီးချုပ်Recep Tayyip Erdogan

"We are the 99%." လို့ ကြွေးကြော်ခဲ့တဲ့ Occupy Wall Street ဆန္ဒပြသူတွေက ဒုတိယ မဲအများဆုံး ရနေပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူး Lionel Messi

တကမ္ဘာလုံးက စောင့်ကြည့်ရတဲ့၊ TIME မဂ္ဂဇင်းကရွေးမယ့် ၂၀၁၁ အတွက် Person of the Year ဘယ်သူဖြစ်မလဲ။

ထုံးစံအတိုင်း ရွေးချယ်မှုကတော့ TIME အယ်ဒီတာများရဲ့ စိတ်ကြိုက်ရွေးချယ်မှုဖြစ်ပါတယ် တဲ့။
အခုလောက်ဆိုရင် ရွေးပြီးသားတောင် ဖြစ်မယ် ထင်ပါရဲ့။

သူတို့ရဲ့ ရွေးချယ်မှု၊ ရေးချယ်မှုကို ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် TIME မှာ ဖတ်ရမှာပါ။
ဒီဇင်ဘာ ၁၆ ရက်နေ့ ဆိုင်ပေါ်ရောက် အွန်လိုင်းပေါ် ရောက်မှာပါ။

ဒါပေမယ့် - ပရိသတ်ရဲ့ အမြင်တွေကိုလည်း တောင်းထားပါတယ်။

ပရိသတ်ရွေးချယ်မှုထဲက ထိပ်ဆုံး ၁၀ ဦးကို အခုလို တွေ့ရပါတယ်။

အဲဒီထဲမှာ တရုတ်အစိုးရရဲ့ပစ်မှတ်ထားတိုက်ခိုက်မှု ခံနေရတဲ့ အိုင်ဝေေ၀၊ ပန်းသီးဖခင်ကြီး Steve Jobs တို့လည်း ပါဝင်ပါတယ်။

ထိပ်ဆုံးရောက်နေသူက တူရကီ ၀န်ကြီးချုပ် Recep Tayyip Erdogan ဖြစ်ပါတယ်။


1 Recep Tayyip Erdogan - 100,078
2 Lionel Messi - 72,165

3 The 99% - 59,922
4 Anonymous 33,738

5 Steve Jobs - 28,073
6 Arab Youth Protesters - 22,125

7 Fukushima 50 - 14,703
8 SEAL Team 6 - 11,367

9 Gabrielle Giffords - 10,848
10 Ai Weiwei - 10,696

ဒီစာရင်းကို http://www.time.com/time/specials/packages/article/0,28804,2098471_2098928_2098929,00.html မှာ ကြည့်နိုင်ပါတယ်။






~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved