VOA ဌာနမှူး မြန်မာဗီဇာရ

Tuesday, December 6, 2011

~





ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ရောက် ဦးသန်းလွင်ထွန်း (အဖြူရောင် ဘောင်းဘီရှည်နှင့်)

VOA အသံလွှင့်ဌာန (မြန်မာပိုင်း) ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံမှာ ရောက်ရှိနေတယ် လို့ လူရွှင်တော်ဇာဂနာရဲ့ Facebook ဓာတ်ပုံတပုံကို ကိုးကားပြီး မိုးမခမှာ ဖော်ပြထားပါတယ်။

"ဦးသန်းလွင်ထွန်း မြန်မာပြည်မှာ ၂ ပတ်နေမယ်၊ အလုပ်ကိစ္စသွားတာပါ" လို့ VOA ၀ိုင်းတော်သားတဦးက ဧရာဝတီကို ပြောပါတယ်။

စာနယ်ဇင်းသမားတွေကို ပြည်ဝင်ခွင့် အထူး တားမြစ်ခဲ့တဲ့ မြန်မာနိုင်ငံက အခုတော့ ဗျူဟာ ပြောင်းလာပါပြီ။

ဗီဇာလျှောက်ကြတဲ့ ပြည်ပအခြေစိုက် သတင်းသမား အတော်များများကို မီးစိမ်းပြနေတာပါပဲ။

သတင်းသမားတွေကို သူတို့ရဲ့ ရန်သူမျိုးငါးပါးစာရင်းထဲ မထည့်တော့ဘူးထင်ပါရဲ့။

ကောင်းလေစွ။




~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved