ရယ်စရာ ပဟေဠိ အမှတ် ဝ၂၁ အဖြေများ
မေးခွန်း ၁) မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ ညွှန်ကြားရေးမှူးချုပ်၊ သံအမတ်ကြီး စတဲ့ ရာထူးတွေ မရကြပါဘူး။ သူတို့မှာ ဘာ ချို့ယွင်းချက် ရှိနေလို့လဲ။
သဲလွန်စ= စစ်ထဲဝင်။ိ
အဖြေ - ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ လုပ်သက်ရင့်ထော်နေပါစေ ဒီရာထူးတွေ ပေးတဲ့ထုံးစံ မရှိပါ။
ဒီရာထူးတွေက တပ်က လာသူတွေ အတွက်ပါ။ ဒါကြောင့် ဒီရာထူးတွေ ရချင်ရင် စစ်ထဲဝင်ပါ။
စစ်ရေးအတွေ့အကြုံ ရှိရင် နာဂစ်ဥပဒေအရ သမ္မတတောင်ဖြစ်နိုင်ပါတယ်။
=======================
မေးခွန်း ၂) ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီ ဆန့်ကျင်ကြပါ စသဖြင့် ဗိုလ်ချုပ်ကြီး တို့ရဲ့ ကြော်ငြာတွေကို စာအုပ် စာစောင် မဂ္ဂဇင်း ဂျာနယ်တွေက အခမဲ့ ဖော်ပြလာတာ အနှစ် ၂၀ ကျော်ပါပြီ။ အခု မဂ္ဂဇင်းတစောင်က ပြောလိုက်ပါတယ် - ကြော်ငြာခ ရမှ ဒီကြော်ငြာတွေ ထည့်ပေးမယ် တဲ့။ ဘယ်မဂ္ဂဇင်းက အဲဒီလို ပြောလိုက်တာလဲ။
သဲလွန်စ - ကြော်ငြာပါတဲ့ မဂ္ဂဇင်း၊ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တယ်။
အဖြေ - ဧရာဝတီ မဂ္ဂဇင်း
=======================
မေးခွန်း ၃) မျိုးချစ်စိတ် ဆိုတာ လူမျိုးခြားမုန်းတီးရေး၊ ငါ့အမျိုးတွေ နေရာကောင်းရရေး စသဖြင့် အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ကြပါတယ်။ ဒါဆိုရင် ပြည်သူ့ဆန္ဒကိုရော ဘယ်လို အဓိပ္ပာယ် ဖွင့်ကြမလဲ။ ပြည်သူ့ဆန္ဒ ဆိုတာ ဘာလဲ။
သဲလွန်စ - ၀ိုင်းဝိုင်းလေး။
ပြည်သူ့ဆန္ဒ ဆိုတာ ပုလင်းဝိုင်းလေးနဲ့ ထည့်ရောင်းတဲ့ နာမည်ကျော် သွေးဆေး ဖြစ်ပါတယ်။
း)
အာဇာနည်နေ့ မြင်ကွင်း (ဓာတ်ပုံ - မိုးသူအောင်)
ဓာတ်ပုံနှင့် ပုံစာများ - မိုးသူအောင်/Facebook မှ ယူပါသည်။
ဒေါ်နော်အုန်းလှနှင့်ဦးဝင်းချို ဦးဆောင်သည့် ပြည်သူအင်အား ၁၀၀ ခန့်ပါဝင်သည့်အဖွဲ့မှ အာဇာနည်ကုန်းရှိရာ အရပ်သို့ မျက်နှာလှည့်ကာ အလေးပြုစဉ်
အာဇာနည်ကုန်းသို့ ပန်းများယူဆောင်ခွင့် မရှိသည့်အတွက် လမ်းပေါ်မှနေ၍ အာဇာနည်ကုန်းသို့ ရည်စူးကန်တော့ကျစဉ်။(ယင်းအဖွဲ့သည် တာမွေပလာဇာတွင် လုံခြုံရေးအဖွဲ့များ၏ တားမြစ်ခြင်းခံခဲ့ရသည့် အဖွဲ့ဖြစ်သည်။)
NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့အခမ်းအနားသို့ အနောက်နိုင်ငံသံရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦး တက်ရောက်လာစဉ်။ယင်းအခမ်းအနားသို့ အမေရိကန်၊ဗြိတိန်သံရုံးတို့မှ သံရုံးတာဝန်ရှိသူများအပါအဝင်အခြားသံရုံး ၃ ခုမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်
Generation Wave အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူHip Hop အဆိုတော်ဇေယျာသော်သည်လည်း ပြည်သူတို့နှင့် ပူးပေါင်းကာ အာဇာနည်ကုန်းသို့ ချီတက်နေစဉ်
အာဇာနည်ကုန်းပေါ်သို့ တက်ရောက်ရန် စည်းစနစ်ကျစွာ စီတန်းနေကျစဉ်။
အာဇာနည်ကုန်းသို့ တက်ရောက်လိုသူများသည် NLD ပါတီမှတက်ရောက်သူများနှင့် ပူးပေါင်းကာ စီတန်းတက်ရောက်ကျစဉ်။
BG သွေးအလှူအဖွဲ့၏ အာဇာနည်နေ့ လွမ်းသူ့ ပန်းခွေ
ကျဆုံးလေသော အာဇာနည်ခေင်းဆောင်ကြီးများအား ပြည်သူများမှ သတ်မှတ်ထားသောအချိန်တွင် အလေးပြုစဉ်
အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုစဉ်၊
ယင်းအချိန်ခဏတွင် ရာသီဥတုမှာ အုံ့မှိုင်းနေကာ၊ဖြတ်သန်းသွားသော မော်တော်ကားအသီးသီးမှလည်း ဟွန်းများတီးကာ ဖြတ်သန်းသွားလာကြသည်ကို တွေ့ရှိရသည်
နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကျဆုံးလေသောအာဇာနည်ခေါင်းဆောင်ကြီးများအား ပြည်သူနှင့်အတူ အလေးပြုရန် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဗဟိုအလုပ်အမှုဆောင်များ ရုံးအပြင်တွင် တန်းစီနေစဉ်
ဒေါ်နော်အုန်းလှနှင့်ဦးဝင်းချို ဦးဆောင်သည့် ပြည်သူအင်အား ၁၀၀ ခန့်ပါဝင်သည့်အဖွဲ့မှ အာဇာနည်ကုန်းရှိရာ အရပ်သို့ မျက်နှာလှည့်ကာ အလေးပြုစဉ်
အာဇာနည်ကုန်းသို့ ပန်းများယူဆောင်ခွင့် မရှိသည့်အတွက် လမ်းပေါ်မှနေ၍ အာဇာနည်ကုန်းသို့ ရည်စူးကန်တော့ကျစဉ်။(ယင်းအဖွဲ့သည် တာမွေပလာဇာတွင် လုံခြုံရေးအဖွဲ့များ၏ တားမြစ်ခြင်းခံခဲ့ရသည့် အဖွဲ့ဖြစ်သည်။)
NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့အခမ်းအနားသို့ အနောက်နိုင်ငံသံရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦး တက်ရောက်လာစဉ်။ယင်းအခမ်းအနားသို့ အမေရိကန်၊ဗြိတိန်သံရုံးတို့မှ သံရုံးတာဝန်ရှိသူများအပါအဝင်အခြားသံရုံး ၃ ခုမှတာဝန်ရှိသူများ တက်ရောက်ခဲ့သည်
Generation Wave အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူHip Hop အဆိုတော်ဇေယျာသော်သည်လည်း ပြည်သူတို့နှင့် ပူးပေါင်းကာ အာဇာနည်ကုန်းသို့ ချီတက်နေစဉ်
အာဇာနည်ကုန်းပေါ်သို့ တက်ရောက်ရန် စည်းစနစ်ကျစွာ စီတန်းနေကျစဉ်။
အာဇာနည်ကုန်းသို့ တက်ရောက်လိုသူများသည် NLD ပါတီမှတက်ရောက်သူများနှင့် ပူးပေါင်းကာ စီတန်းတက်ရောက်ကျစဉ်။
BG သွေးအလှူအဖွဲ့၏ အာဇာနည်နေ့ လွမ်းသူ့ ပန်းခွေ
ကျဆုံးလေသော အာဇာနည်ခေင်းဆောင်ကြီးများအား ပြည်သူများမှ သတ်မှတ်ထားသောအချိန်တွင် အလေးပြုစဉ်
အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုစဉ်၊ယင်းအချိန်ခဏတွင် ရာသီဥတုမှာ အုံ့မှိုင်းနေကာ၊ဖြတ်သန်းသွားသော မော်တော်ကားအသီးသီးမှလည်း ဟွန်းများတီးကာ ဖြတ်သန်းသွားလာကြသည်ကို တွေ့ရှိရသည်
နံနက် ၁၀နာရီ ၃၇ မိနစ်အချိန်တွင် ကျဆုံးလေသောအာဇာနည်ခေါင်းဆောင်ကြီးများအား ပြည်သူနှင့်အတူ အလေးပြုရန် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဗဟိုအလုပ်အမှုဆောင်များ ရုံးအပြင်တွင် တန်းစီနေစဉ်
ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်မှာ ဂါရ၀ပြု
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီမနက် အာဇာနည်ဗိမာန် သွားရောက် ဂါရ၀ပြုတဲ့ ပုံတွေ ဖြစ်ပါတယ်။(ဓာတ်ပုံများ - AP)

''ငါတို့ဗိုလ်ချုပ် ပြောင်ပြောင်ရောင်ရောင် ဖြစ်တော့မယ်''
ဇူလိုင် ၁၇ ရက်နေ့က ရန်ကန်ြမို့ ကန်တော်ကြီးပန်းခြံထဲက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုတိုက်ချွတ် သန့်ရှင်းမှုတွေ ပြုလုပ်နေတာ တွေ့လိုက်ရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လုပ်နေတာပါ။
ကြေးရုပ်ပတ်လည် ကြွေပြားတွေ အခင်းတွေကိုလည်း ပြင်ဆင်မွမ်းမံ၊ တိုက်ချွတ်ဆေးကြောတာ တွေ့လိုက်ရပါတယ်။
ယခင့်ယခင် နှစ်များက ဒီလို လုပ်ဆောင်တာ မရှိခဲ့လို့ ဗိုလ်ချုပ်ကြေးရုပ် ကြေးဂျီးတက်ရတဲ့ကာလ အတော် ကြာမြင့်ခဲ့ပါတယ်။
ဒီလို မွမ်းမံတာ နှစ်စဉ် လုပ်သလားလို့ သန့်ရှင်း ဆေးကြောနေသူ တယောက်ကို မေးကြည့်တော့ ဒါ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ကို ငြမ်းတွေ ဆင်ပြီး တိုက်ချွတ် သန့်ရှင်းရေး လုပ်နေတဲ့ မြင်ကွင်းဟာ တွေ့မြင်သူအပေါင်းအတွက်တော့ မကြုံစဖူး ကြုံရတဲ့ အထူးအဆန်း မြင်ကွင်း ဖြစ်နေပါတယ်။ ကန်တော်ကြီးတဝိုက် ဂိတ်ထိုး ပြေးဆွဲနေတဲ့
တက္ကစီ မောင်းသူတဦးက ''ငါတို့ဗိုလ်ချုပ် ပြောင်ပြောင်ရောင်ရောင် ဖြစ်တော့မယ်'' လို့ အံ့သြ ဝမ်းသာ ဟာသနှော ပြောလိုက်ပါတယ်။

Subscribe to:
Comments
(
Atom
)
ဘလော့ဂ် အကြောင်း
ဧရာဝတီ ဘလော့ဂ် ဟာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားတခုပါ။ လှုပ်ရှားနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာသတင်း အချက်အလက်တွေကို ဧရာဝတီ သတင်းဌာနကတဆင့် ပရိသတ်များ ဖတ်ရှုရပြီး ဖြစ်နေမှာပါ။ ဒါပေမယ့် မြန်မာပြည် တဝန်းက ရပ်ကွက်တွေ၊ လမ်းတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရင်ဖွင့်သံတွေ၊ ပါးစပ်သတင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ပရိသတ်တွေဆီ ပိုမိုပေးနိုင်ဖို့အတွက်နဲ့ ပရိသတ်ဆီက စကားတွေကို တိုက်ရိုက် ကြားနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်ကို ဖွင့်လှစ်ထားတာပါ။
ရုပ် / သံ
တပတ်အတွင်း အဖတ်အများဆုံး
-
ပြည်တွင်းက သတင်းထောက် တဦး ပေးပို့တဲ့ စာကို ဧရာဝတီ ဘလော့ဂ် ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေ...
-
လူငယ်တွေ အသည်းစွဲ ရော့ခ် အဆိုတော် မျိုးကြီး တယောက် အကျိုးပြုသီချင်း ဆိုနေပြီလို့ သိရပါတယ်။ စစ်အစိုးရရဲ့ ရုပ်သံမီဒီယာဖြစ်တဲ့ မြ၀တီ၊ မြန်မာ့...
-
- စစ်အစိုးရ အကြိုက် ဆောင်းပါးတွေ ရေးလေ့ရှိတဲ့ ငါးမင်းဆွေ (ဖားမင်းဆွေလို့လည်း နောက်ပြောင်ခေါ်ကြတယ်။ ဖားလွန်းလို့တဲ့) ဟာ ဒီနေ့ ၁၁ နာရီက NLD ရ...
-
- ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ စာနယ်ဇင်းသမားတွေကို ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက ငိုယိုပြလိုက်ပါတယ်။ ကနဦး မိန့်ခွ...
နေ့စဉ်သတင်းလွှာမှာယူရန်
ကွန်မန့်များ
နောက်ဆုံးရ သတင်းများ