မျှော်တလင့်လင့်

Thursday, January 12, 2012

~



ဒီငြိမ်းလင်း နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုံ့ဆော်ချက် ဓာတ်ပုံတပုံကို ဖေ့စ်ဘုတ်မှာ အခုလို တွေ့ရပါတယ်

၆၅၁ ဦး လွှတ်ပေးမယ်လို့ ဒီညနေ ကြေညာချက် ထွက်လာတယ်။
ဒီလထဲ နိုင်ငံတော် လာမယ် လို့ ထောင်အပြင်ကလူတွေ မျှော်လင့်မထားကြဘူး။
ဖေဖော်ဝါရီ ၁၂ မှာတော့ လာနိုင်ကောင်းရဲ့လို့ပဲ တွက်ကြတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်က ဒီညနေ ၆း၀၀ သတင်းမှာ ပါမယ်လို့ သတင်းမကြေညာခင် မိနစ်ပိုင်းအလိုမှာ အင်တာနက်မှာ ပြောနေကြပြီ။

သတင်းကြေညာအပြီး ဖေ့စ်ဘုတ်မှာ ကြည့်လိုက်တော့ လူအတော်များများက ဒီကြေညာချက်ကို ကြိုဆိုကြ သုံးသပ်ကြတာကို တွေ့ရပါတယ်။

ထူးခြားတာကတော့ ၆၅၁ ထဲ မင်းကိုနိုင်တို့ ပါမယ်လို့ ထင်ကြေးပေးနေကြတာပဲ။
လွှတ်ပေးမယ့် ၆၅၁ ယောက်လုံး နိုင်ငံရေးသမားတွေဖြစ်မယ်လို့ ထင်ကြသူတွေတောင် ရှိတယ်။
နိုင်ငံရေးလောကသားတွေကလည်း အင်မတန် အကောင်းမြင်နေကြတာ တွေ့ရတယ်။

နောက်ဆုံးအကြိမ် လွှတ်ပေးတုန်းက လွတ်လာသူတွေထဲ ထင်ရှားသူ လေးငါးယောက် ပါလာတယ်။ ဝေဖန်သံတွေ ညံသွားတယ်။ လွတ်တဲ့ထဲပါတဲ့ ဇာဂနာကလည်း ပက်ပက်စက်စက် ဝေဖန်တယ်။

မနက်ဖြန် ထောင်တံခါးဖွင့်တဲ့အခါ ထင်ရှားသူ၊ မီဒီယာမှာ မကြာခဏ ဖော်ပြခံရသူ ဆယ်ယောက်အထက် မပါရင်တော့ သမ္မတ ဦးသိန်းစိန်ကို အပြင်းအထန် ဝေဖန်ကြအုံးမှာ အသေအချာပါပဲ။

ချွေတာရေးမူဝါဒနဲ့လွှတ်ပေးနေတဲ့ လွတ်ငြိမ်းချမ်းသာကြောင့် နက်ဖန် သတင်းတွေကို စိတ်ဝင်တစားစောင့်ကြည့်နေကြမှာ အသေအချာပါပဲ။



~

3 comments :

  1. တောသား said... :

    ဒီတခါ ဘီလ်ဂိတ် နဲ့ အမေရိကန်က လာမယ့်လုပ်ငန်းရှင်တွေအတွက်...

  1. I am strongly hopping to release all
    political prisoners including Min ko
    naing and other (88) studens leaders.

  1. Anonymous said... :

    "ချွေတာရေးမူဝါဒနဲ့လွှတ်ပေးနေတဲ့ လွတ်ငြိမ်းချမ်းသာကြောင့် နက်ဖန် သတင်းတွေကို စိတ်ဝင်တစားစောင့်ကြည့်နေကြမှာ အသေအချာပါပဲ။"

    အဆိုးမမြင်ကြနဲ့လေကွယ် ..... တပေါစ - ချို့ ခြံချွေတာခြင်းသည် မင်္ဂလာမည်၏ လို့ ဒို့ ဗုဒ္ဒဘာသာ မှာ ပြောထားတယ်လေကွယ်။ သမ္မတကြီးက နိုင်ငံရေးအကျဉ်းသားတွေကို ခြိုးခြိုးခြံခြံချွေချွေတာတာ နဲ့ လွှတ်ပေးနေတယ်မဟုတ်ဘူးလားကွယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved