နောက်ပြန်မလှည့်

Thursday, January 12, 2012

the nation news paper photo

ထိုင်းနိုင်ငံရောက် ကာချုပ်က
မြန်မာ့နိုင်ငံရေး နောက်ပြန်မလှည့်ဘူးလို့ ပြောလိုက်ပါတယ်

အပြောင်းအလဲ သိပ်များရင် စစ်တပ်က အာဏာသိမ်းတော့မှာပဲလို့ တချို့က ယူဆနေချိန်မှာ ကာချုပ်က အခုလို ပြောလိုက်တာပါ



ညွှန်း - ယနေ့မြန်မာ့အလင်းကြေးမုံ

9 comments :

  1. Anonymous said... :

    ဗိုလ်ချုပ်ကြီးတွေ အာဏာမသိမ်းဘူးဆိုတာ ပြည်သူကို ရဲရဲကြီး အာမခံ ထုတ်ပြောဖို့ လိုတယ်။ အပြင်မှာ ပြောမနေနဲ့။ ရင်ထဲက တကယ်ပြော ချင်တယ်ဆိုရင် ဖွဲစည်းပုံဥပဒေ ထဲက အာဏာသိမ်းပိုင်ခွင့် ပြဌာန်းထားတာကို အပြီးအပိုင် ဖြတ်သိမ်းပိတ်ဖို့ လို ပါတယ်။ အပိုမပြောနဲ့ လက်တွေ လုပ်ပြလိုက်ပါ။

  1. Shyam said... :

    awesome!!! my great fear was that they will take over the power again...
    so thankful to them of today's news about more release of political prisoners and a promise that the military won't take over again...
    my mind is feeling very fresh and happy :D

  1. Anonymous said... :

    ကာချုပ်ကြီး နောက်ပြန်လှည့်ချင်သေးလို့လားဟင်? လှည့်မယ်ဆို ဘယ်ခေတ်ကိုပြန် လှည့်ချင်တာလဲခင်ဗျာ။ နီးနီး နားနား စစ်အုပ်ချုပ်ရေးခေတ်(နအဖ)ကိုလား၊ မဆလ ခေတ်လား၊ ပဒေသရာဇ် ခေတ်လားဗျာ့။ ၁၉၄၈ မှာ လွတ်လပ်ရေးရပြီးကအချိန်ကစပြီး ထစ်ကနဲရှိ အာဏာသိမ်းနေကြတာဟာ တိုင်းပြည်လဲ ဖွတ်မွဲပြာကျနေခဲ့ပါပြီဗျာ။ အာဏာသိမ်းခဲ့တဲ့သူတွေလဲ ချမ်းသာကုန်ကြပါပြီဗျာ။ နိုင်ငံရေးမှာ စစ်တပ်ဝင်ပါလိုက်တာ ဘယ်ခေတ်များ တိုင်းပြည်တိုးတက်သွားဖူးလို့လဲဗျာ့။ ပြည်သူတွေလဲ နိုင်ငံတစ်ကာအလယ်မှာ မြန်မာဆိုရင် အထင်သေးကြလွန်းလို့ အာစီယံဒေသတွင်း နိုင်ငံတွေမှာတောင်မှ မြန်မာတွေမျက်နှာငယ်ခဲ့ရတာ အားလုံးအသိပါ။
    မြန်မာတွေမညံ့ကြဘူးဆိုတာ ဖြစ်ဖို့ အတွက် အားလုံးကိုပြောင်းလဲပြပါ။
    မြန်မာ့နိုင်ငံရေးနောက်မလှည့်ဘူးလို့ ပြောတဲ့ အတွက်ဝမ်းသာ အားတက်ရပါတယ်။ မလှည့်ဘူးပြောပြီး ခြေစုံတော့ ရပ်မနေနဲ့ကြပေါ့ဗျာ။ တစ်ဟုန်ထိုး ရှေ့ကိုပဲ အားနဲ့ မာန်နဲ့ ချီတက်ကြပါ။
    ဖြစ်အောင်လုပ်ရင် ဖြစ်တာပေါ့ဗျာ. .မြန်မာတွေ မလုပ်ကြသေးလို့ပါ. .မဟုတ်ဘူးလား. .

  1. dadida said... :

    some cases are not yet finished so you have 2 turn back like corruptions of late junta.

  1. အာဏာထပ်သိမ်းဖို့လိုသေးလားဗျာတခါတည်းသိမ်းပြီးသား
    မဟုတ်ဘူးလား။ပြည်သူ့လွှတ်တော်ထဲမှာတောင်စစ်အ၀တ်
    နဲ့လွှတ်တော်တက်နေတာမတွေ့မိဘူးလား။ဆင်တကောင်လုံ
းတွေ့နေမှတော့ဆင်ခြေရာကိုဘယ်မှသွားရှာစရာမလိုတော့ဘူးထင်ပါတယ်။

  1. Anonymous said... :

    ခင်ဗျားတို့ နောက်ပြန်လှည့် စစ်အာဏာသီမ်းလဲ ပြည်သူက လက်မခံတော့ဘူးဗျ။ နှစ် ၅၀ လူထုကို ဖိနှိပ်ပေမဲ့ ဦးမညွတ်ဘူးဆိုတာ သက်သေပြနေတယ်လေ။

  1. Anonymous said... :

    မြန်မာနိုင်ငံ အမြန်တိုးတက်ပါစေဗျာ သူများနိုင်ငံတွေမှာဆိုရင် ဆင်းရဲသားတွေက ကားလဲစီးနိုင်တယ် မချမ်းသာပေမဲ့ အလုပ်အမြဲလုပ်နေရင် တော်တော်လေးပြည့်စုံအောင်နေနိုင်ကြတယ် အလုပ်လဲမရှားဘူး ကျနော်တို့ နိုင်ငံမှာကျတော့ ချမ်းသာတဲ့ သူကချမ်းသာပြီးဆင်းရဲတဲ့ သူကတအားဆင်းရဲတယ် တိုးတက်လာနေတဲ့ နိုင်ငံတွေကိုကြည့်ရင် တိုင်းပြည့်ရဲ့ အစိုးရကအဓိကပဲ ကျနော်တို့ နိုင်ငံသူများနိုင်င်္ငတွေလိုအမြန်တိုးတက်ပါစေလို့ ဆုတောင်းနေမိပါတယ် ဗိုလ်ချုပ်ကြီးတွေအာဏာမသိမ်းဘူးလို့ အာမခံထုပ်ပြောဖို့ လိုတယ်။

  1. Anonymous said... :

    I really like the comment from third person.

  1. Anonymous said... :

    ကာ/ချုပ်ပြောတာက မြန်မာနိုင်ငံ နိုင်ငံရေးတည်ငြိမ်ရေးလမ်းကြောင်းပေါ်သွားနေကြောင်း ပြောချင်တာလို့ ယူဆပါတယ်..
    ဒါမှလည်း နိုင်ငံခြားက ဝင်ပြီးရင်းနှီးမြှုတ်နှံကြမှာပါ။
    ပြည်သူလူထုက ခေါင်းငုံ့မခံလို့ သေတဲ့လူတော်တွေလဲ သေကုန်ကြပါပြီ။
    အစိုးရလုပ်ဆောင်မှုများကို အခုလောလောဆယ် Better than nothing လို့သဘောလေးထားပြီး စောင့်ကြည့်ကြပါစို့လားဗျာ..
    ဒေါ်အောင်ဆန်းစုကြည်လည်း နားလည်ဘို့ပြောထားတာပဲဗျာ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved