မင်းကိုနိုင်တို့ ရပ်တည်ချက်ကို ကြိုဆိုတယ်

Wednesday, January 25, 2012


လူထုစိန်ဝင်း


မင်းကိုနိုင်တို့လွတ်လာပြီးနောက်တစ် ရက်မှာမိတ်ဆွေတစ်ဦးရောက်လာပြီးစကား ပြောပါတယ်။ ဒီအချိန်ဟာမင်းကိုနိုင်တို့ အားလုံးအတွက်တစ်ဘ၀စာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုမဖြစ်မနေချရတော့မယ့် အချိန်ဖြစ်တယ်လို့ယူဆကြောင်းစပြောပါ တယ်။

ပြောချင်တာမရပ်မနားပြော
သူတို့အားလုံးဟာကျောင်းသားလူ ငယ်လေးများအရွယ်ကိုကျော်လွန်ခဲ့ပြီး၊ လူလတ်ပိုင်း အရွယ်တွေဖြစ်နေကြပြီ။အနာဂတ်မြန်မာ့နိုင်ငံရေးမှာဆက်လက်ပါ ၀င်မယ်မပါဝင်ဘုးဆိုတာကိုပြတ်ပြတ်သား သားရွေးချယ်ဆုံးဖြတ်ရတော့မယ်။မပါ တော့ဘဲအေးအေးပဲနေတော့မယ်ဆိုရင် ပြောစရာမရှိပေမယ့်၊ နိုင်ငံရေးဆက်လုပ် မယ်ဆိုရင်တော့ဒေါ်အောင်ဆန်းစုကြည် တို့ပါတီမှာပါဝင်ပူးပေါင်းမလား၊ ဒါမှမ ဟုတ် ကိုယ်တိုင်ပါတီထောင်မလားစဉ်းစား ရတော့မယ်။ဒီအတိုင်း ၈၈ မျိုးဆက်ဆိုပြီး လုပ်နေလို့မရတော့ဘူး။ အခင်းအကျင်း ကပြောင်းသွားပြီ။ ကျွန်တော်နိုင်ငံရေး ခေတ်ဖြစ်နေပြီ။ လမ်းပေါ်နို်င်ငံရေးခေတ် ကုန်သွားပြီ။ ဒါကိုနားမလည်ရင်မြောင်း ထဲရောက်သွားလိမ့်မယ်။ သူပြောချင်တာ တွေအကြာကြီးမရပ်မနားပြောပြီးမှစကား ရပ်သွားတယ်။

ပုတ်သင်ညိုနိုင်ငံရေးသမား
သူကနိုင်ငံရေးသမားတစ်ယောက် လို့ပြောရင်ရတယ်။ဆိုရှယ်နီလုပ်ဖူးတယ်။ နောက်တော့ မဆလ ဖြစ်သွားတယ်။ လမ်းစဉ်လူငယ်တို့ဘာတို့မှာပါခဲ့တယ်။၈၈ နောက်ပိုင်းရောက်တော့အစပိုင်းမှာဒီချုပ် ထဲဝင်လုပ်တယ်။ ဒီချုပ်ခေါင်းဆောင်တွေ အတော်များများအဖမ်းခံရတော့၊ဆက် မလုပ်တော့ဘဲဘေးထွက်ထိုင်နေခဲ့တယ်။
အခုနောက်ပိုင်းအစိုးရကိုယ်တိုင်ကဒီမိုက ရေစီစကားတွေဖောဖောသီသီကြီးပြောလာ ချိန်မှာ၊ သူကနိုင်ငံရေးဂုရုကြီးလုပ်ပြီးဒီမို ကရေစီဖတ်စာတွေဂျာနယ်တွေမှာရေးတယ်။ အမှန်အတိုင်းပြောရရင်တော့ပုတ်သင်ညို နိုင်ငံရေးသမားလို့ပြောရမှာပဲ။ သူ့ဟာသူ ပုတ်သင်ညိုပဲလုပ်လုပ်၊ အိမ်မြှောင်ပဲလုပ် လုပ် သူ့သဘောသူဆောင်တာမို့ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့်သူကငြိမ် ငြိမ်မနေဘဲလူတိုင်းကိုသူ့လိုပုတ်သင်ညို ဖြစ်အောင်လှုံ့ဆော်နေတာတော့မျက်စေ့ နောက်တယ်။

ဘာမှန်းညာမှန်းသိပုံမရ
ဒီမိုကရေစီဂုရုကြီးလုပ်ပြီးဒီမိုကရေစီ ဖတ်စာတွေသာလူတက်ကြီးလုပ်ပြီးရေး နေတာ၊ ဒီမိုကရေစီဆိုတာဘာမှန်းညာ မှန်းသိပုံမရဘူး။ ရွေးကောက်ပွဲလုပ်ရင် ဒီမိုကရေစီပဲလို့သူကတစ်ထစ်ချမှတ်ထား တယ်နဲ့တူတယ်။ ရွေးကောက်ပွဲနဲ့တက် လာတဲ့အာဏာရှင်တွေလည်းကမ္ဘာမှာအ များကြီးရှိတယ်ဆိုတာသူသိဟန်မတူဘုး။ ဒါကြောင့်သာလွှတ်တော်နိုင်ငံရေးခေတ် ဖြစ်နေပြီး၊ လမ်းပေါ်နိုင်ငံရေးခေတ်ကုန် သွားပြီလို့ပြောတာဖြစ်တယ်။ရွေးကောက် ပွဲတို့လွှတ်တော်တို့ဆိုတာဒီမိုကရေစီရဲ့ အစိပ်အပိုင်းလေးတွေ သာဖြစ်တယ်။မပြည့်စုံသေးဘူး။ ယုံကြည်အားကိုး လောက်တဲ့တရားစီရင်ရေးစနစ်၊လုံးလွတ် လပ်တဲ့ပုဂ်္ဂိုလ်ကသတင်းစာ၊ လွတ်လပ်တဲ့ အရပ်ဘက်အသင်းအဖွဲ့များ၊ သမဂ်္ဂများ၊ စတဲ့စတဲ့အင်္ဂါရပ်တွေအားလုံးနဲ့ညီညွတ်မှ စစ်မှန်တဲ့ဒီမိုကရေစီလို့သတ်မှတ်နိုင်တယ်။

နှိမ့်ချစော်ကားတာ
လမ်းပေါ်နိုင်ငံရေးခေတ်ကုန်သွားပြီ လို့သူပြောလိုက်တာကလည်းသူများယောင် လို့လိုကယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိဆိုသလိုကိုယ်ပြောတဲ့စကား ဘယ်အဓိပ္ပာယ်ရောက်သွားတယ်ဆိုတာမသိ ဘဲ၊ သူများပြောတဲ့အတိုင်းလိုက်ပြောနေ တာဖြစ်တယ်။ ဒီစကားဟာပြည်သူတွေ ကိုနှိမ်တဲ့စကားဖြစ်တယ်။ မြို့နေပညာ တတ်ရေပေါ်ဆီလူတန်းစား(အီလစ်)တွေ ကဆင်စွယ်ရဲတိုက်ကြီးတွေပေါ်ကနေပြီး လမ်းပေါ်ပြည်သူတွေကိုငုံ့ကြည့်ရင်းပြော ခဲ့တာဖြစ်တယ်။ ဒါကိုသူကသံယောင် လိုက်ပြောနေတာ။ တကယ်တော့လမ်း ပေါ်ကပြည်သူတွေဟာဒီမိုကရေစီရဲ့အ သက်သွေးကြောဖြစ်တယ်။ပြည်သူတွေရဲ့ လမ်းပေါ်နိုင်ငံရေးကြောင့်နယ်ချဲ့လက် အောက်ကလွတ်လပ်ရေးရခဲ့တာဖြစ်တယ်။

ဂူဂဲမှာရှာကြည့်မယ်
ဒီမိုကရေစီခေတ်မှာအရာရာကိုပြည် သူကဆုံးဖြတ်တယ်။ အမြင့်ဆုံးနိုင်ငံအာ တောဟာပြည်သူတွေရဲ့လက်ထဲမှာရှိတယ်။ အဲဒီပြည်သူတွေဟာဆင်စွယ်ရဲတိုက်ကြီး တွေမှာနေကြတာမဟုတ်ဘူး။ လယ် တောတွေမှာနေကြတယ်။ စက်ရုံအလုပ် ရုံတွေထဲမှာနေကြတယ်။ လမ်းတွေပေါ် မှာနေကြတယ်။ လမ်းပေါ်နိုင်ငံရေးဆိုပြီး ရှုပ်ချတာဟာပြည်သူတွေကိုစော်ကားတာ ဖြစ်တယ်။ ဒါကိုမိတ်ဆွေပုတ်သင်ညိုနိုင်ငံ ရေးဂုရုကြီးကသိတာမဟုတ်ဘူး။ပြန်ပြော လည်းလေကုန်ရုံပဲပြုံးနေလိုက်တယ်။ပုတ် သင်ညိုတစ်ကောင်ဟာအရောင်ဘယ်နှစ် ရောင်ထိပြောင်းသလဲဆိုတာသိရအောင် ““ဂူဂဲ”” မှာရှာကြည့်ဦးမှပဲလို့စိတ်ထဲမှတ် ထားလိုက်တယ်။

ကိုယ်စားပြုဒီမိုကရေစီ
တကယ်တော့သူလုံးလုံးမသိတာမ ဟုတ်ပါဘူး။ ဆိုရှယ်နီတောင်လုပ်ခဲ့ဖူး သေးတာပဲ။ လွှတ်တော်နိုင်ငံရေးဆိုတာ ရာနှုန်းပြည့်ဒီမိုကရေစီစစ်စစ်၊ မဟုတ် သေးဘူး၊ ““ကိုယ်စားပြုဒီမိုကရေစီ””ဘာ သာပြန်တယ်။ တိုင်းရေးပြည်သူ့ကိစ်္စအ ၀၀ကိုပြည်သူတွေကိုယ်တိုင်တိုက်ရိုက်ပါ ၀င်ဆုံးဖြတ်တဲ့ ““ပြည်သူ့ဒီမိုကရေစီ””စနစ် မလုပ်နိုင်ခင်ကာလမှာ၊ အကောင်းဆုံး အဖြစ်အသုံးပြုနေရတာဖြစ်တယ်။ အဲဒီ လိုအချိန်မှာလွှတ်တော်ပြင်ပအဖွဲ့အစည်း များနဲ့လုပ်ငန်းသဘာဝအလျောက်ဖွဲ့စည်း ထားတဲ့သမဂ္ဂများရဲ့အခန်းကဏ္ဍကအင်မ တန်အရေးကြီးတယ်။

ဝမ်းသာကြိုဆို
လွှတ်တော်ပြင်ပအဖွဲ့အစည်းတွေ အားကောင်းမှလွှတ်တော်ထဲကကိုယ်စား လှယ်တွေနဲ့သူတို့ကိုယ်စားပြုတဲ့အဖွဲ့အ စည်းတွေကို၊ လမ်းကြောင်းမှန်ပေါ်ဖြောင့် ဖြောင့်တန်းတန်းသွားအောင်တည့်မတ် ပေးနိုင်မှာဖြစ်တယ်။ ထောင်ကလွတ် လာတဲ့မင်းကိုနိုင်တို့လူငယ်တွေကပါတီ လည်းမထောင်ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ဘုး၊ ပြည်သူတွေရဲ့အရေးကိစ္စမှန် သမျှကိုတော့ရှေးယခင်ကအတိုင်းဆက် လက်လုပ်ဆောင်သွားမယ်လို့ပြောကြတာ ဟာမှန်ကန်တဲ့ ရပ်တည်ချက်လို့ယူဆ တယ်။ အားရ၀မ်းသာကြိုဆိုပါတယ်။

ညွှန်း - Hot News ဂျာနယ် http://www.hotnewsweekly.com/archives/1601

3 comments :

  1. Anonymous said... :

    အချိန်ကစကားပြောပါလိမ့်မယ်၊စောင့်ကြည့်ဖို့ကပြည်သူတာဝန်ပါ။

  1. Anonymous said... :

    စေတနာစကားပြောတယ်ဆိုတာလက်ခံပါတယ်။ ဒေါသတရားတွေသိပ်လွှမ်းမိုးနေတာတော့မသင့်တော်ပါဘူး။ ခေတ်စနစ်နဲ့အညီနေတက်ရမယ်။ ပြုပြင်ပြောင်းလဲမှုရှိရပါမယ်။ ပြည်သူတွေရဲ့တွေးခေါ်မှုရေချိန်က လွန်ခဲ့တဲ့နှစ် ၂၀ နဲ့မတူတော့ဘူးဆိုတာယုံလိုက်စမ်းပါ။
    ဘယ်သူတွေကအပေါစားစည်းရုံးမှုနဲ့စည်းရုံးတက်တယ်ဆိုတာနားလည်ပြီးသားပါ။ အချိန်ကစကားပြောပါလိမ့်မယ်။

  1. Thu said... :

    I realize Saya Mg Su Sun is true intellectual and well understood on politic affairs rather than Saya Mg Sein Win.

    "Politic is a kind of prediction" and present scenario come true as Saya Mg Suu Sun said.

    Saya Mg Sein Win is lack of foresee and only agitate on the events after happened.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved