၂၁ ရာစု နတ်စစ်တမ်း

Wednesday, January 25, 2012

"ဦးစိန်မြင့်ရဲ့ ရေးဖွဲ့မှုမှာ မြန်မာ့ရိုးရာ အကြောင်းအရာနဲ့ ဒီဇိုင်းတွေကို (Modernism) မော်ဒန်နည်း စနစ်နဲ့ ရေးဆွဲ တင်ဆက်ခဲ့တာပါ" လို့ ဆန်နီညိမ်းက ၂၁ ရာစု နတ်စစ်တမ်း ဆောင်းပါးမှာ ရေးထားပါတယ်။

ဦးစိန်မြင့်ဟာ ပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ညီဝမ်းကွဲ တော်စပ်သူ၊ ဦးလူတင်၊ ဦးဝင်းဖေတို့ရဲ့ နည်းနာတွေကို လေ့လာသင်ယူကာ မော်ဒန်ပန်းချီကို အားသန်သန်နဲ့ ရေးဆွဲခဲ့သူ၊ မြန်မာမှုအပိုင်းတွေကို ဆရာကြီး ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ မြန်မာ့ရိုးရာ ဒီဇိုင်းပညာရှင် ဦးအေးမြင့်တို့ထံကနေ သင်ယူလေ့လာခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။


ဦးစိန်မြင့်ရဲ့ အတိတ် နဲ့ လတ်တလော လှုပ်ရှားမှု၊ ပန်းချီ ပြပွဲ နဲ့ ပန်းချီစာအုပ်အကြောင်း ဒီဆောင်းပါးမှာ ရေးသားထားပါတယ်။

ညွှန်း - ဇန်န၀ါရီ ၂၃ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved