သတင်းတိုထွာ တွေးစရာ (ဇန်နဝါရီလ ပထမပတ်၊ ၂၀၁၂)

Friday, January 6, 2012



နိုင်ငံရေး အကျဉ်းသားတွေ ဘာလို့ မလွတ်တာလဲ

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ သူနဲ့ အစိုးရ အကြား အချိန် တခု သတ်မှတ် သဘောတူထားတယ်၊ အဲ့ဒီအချိန်ကို မရောက်သေးဘူး၊ ဘယ်တော့လည်းဆိုတာတော့ ထုတ်မပြောဘူး”ဟု ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် တဦးဖြစ်သော ကိုဉာဏ်လင်း၏ညီ ကိုဆန်းလင်းကပြောသည်။ ... ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး သမ္မတ ဦးသိန်းစိန်အပေါ်တွင် ယုံကြည်မှုရှိကြောင်း၊ သို့သော်လည်း အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုဖြစ်ပေါ်နေသည် ဟု ထင်ကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ သဘောတူညီ ထားရှိသည့်အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိပါက လုပ်စရာရှိသည်ကို ဆက်လက်လုပ်ဆောင်မည်ဟု ကတိပေး ပြောကြားကြောင်းလည်း ကိုဆန်းလင်းက ပြောဆိုသည်။ (Source: ဧရာဝတီ)

နှစ်သစ်မှာ စိတ်ပျက်လက်ပျက် ဖြစ်ပြီး ဦးသိန်းနဲ့ အစိုးရအဖွဲ့ မေတ္တာအပို့ခံရဆုံးသတင်းကတော့ လွတ်ငြိမ်းချမ်းသာခွင့် သတင်းပါပဲ။ ကာယကံရှင်တွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ပဲ သွားမေးကြပါပြီ။ ဧရာဝတီက သိထားတဲ့ သတင်းတချို့အရတော့ လွတ်ငြိမ်း မကြေညာခင်ကတည်းက ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်စေချင်တဲ့သူတွေ ပါလာမှာ မဟုတ်ဘူးဆိုတာ ကြိုတင် ပြောပြီးပြီဆို ဆိုပါတယ်။ လွှတ်တော့လွှတ်မယ် သူတို့မပါဘူး၊ ကြိုပြောထားတာဆိုတဲ့ မလှိမ့်တပတ် အကွက်မျိုးပါ။

တချို့ ပြည်တွင်းသတင်းရပ်ကွက်တွေကလည်း လွှတ်တော့လွှတ်မယ်၊ ဒါပေမယ့် ဧပရယ်ဖူးလ် ကြားဖြတ်ရွေးကောက်ပွဲပြီးမှလို့လည်း ခန့်မှန်းနေပါတယ်။ ကိုခက်အနေနဲ့ကတော့ ဒါဟာ အန်တီစု ပြောတဲ့ “ဥပဒေရှုထောင့်က ကြည့်ရင် အရင်အစိုးရလက်ထက်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေကို အစိုးရသစ်အနေနဲ့ ပယ်ဖျက်လို့မရသေးဘူး၊ လျှော့ပေါ့လို့ပဲရမယ်၊ ဒါကြောင့် ဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံပြင်ရေး အတွက် လွှတ်တော် နိုင်ငံရေးကို လုပ်ရမယ်” ဆိုတာ သတိထားမိပါတယ်။ သမ္မတ ဦးသိန်းစိန်က လွှတ်စေ မောင်မင်းများ လုပ်ရုံနဲ့ မပြီးပါဘူး။ သူက လွှတ်စေချင်တာတွေကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ပါတဲ့ ကာလုံ ခေါ် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီမှု လိုတယ်။ သမ္မတ လုပ်ပိုင်ခွင့်ကို ဗိုလ်ချုပ်တွေနဲ့ ပြန်ချုပ်ထားတယ်။ ပိုက်ဘောတွေ မိနေတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ရေးက ရင်လေးစရာ ဆက်ဖြစ်နေတုန်းပါပဲ။

သမ္မတ ဦးသိန်းစိန်ကိုယ်နှိုက်က နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူးလို့ ထုတ်ပြောပြီးတဲ့နောက်တော့ ပွဲက ပြတ်နေပါပြီ။ ဒီနေ့ အစိုးရသတင်းစာမှာလည်း ကြည့်ပါ၊ သူတို့ အခေါ် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအတွက် စကားလုံးတခုတောင် ပေးမထားပါ။ ရာဇဝတ်မှုကျူးလွန်သူလို့ သတ်မှတ်သူတွေနဲ့ အုတ်အရောရော ကျောက်အရောရော ဖြစ်နေတာပါ။ ဗိုလ်ချွတ်ကနေ အစိုးရတက်လုပ်သူတွေကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ လက်ခံတာနဲ့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရုံမက လမ်းကြိတ်စက်နဲ့ပါ အကြိတ်ခံရသလို ဖြစ်မှာ ကြောက်နေကြတယ် ထင်ပါတယ်။


မီးလောင်ပေါက်ကွဲမှု ဘဲဥအစရှာမရ

မီးလောင်ပြီး ပေါက်ကွဲခဲ့သောကြောင့်ဖြစ်ပေါ်ခဲ့သော မေတ္တာမွန်ဂိုထောင်အမှတ် ၇၉ ရှိ ကျင်းအနီးမှ ယနေ့နံနက်ပိုင်းက ယမ်းစိမ်းအိတ် ၁၀အိတ်ကျော်ထပ်မံတူးဖော်တွေ့ရှိကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးသင်းဌေးရွှေကပြောသည်။ ရန်ကုန်မြို့အနီးတစ်ဝိုက်တွင် ရစ်ချက်တာစကေး ၂.၃ အင်အားရှိ ငလျင်အသေးစားတစ်ခု လှုပ်ခတ်သည်အထိ ပေါက်ကွဲအားပြင်းထန်ခဲ့သော ထိုပေါက်ကွဲမှု့တွင် ယမ်းစိမ်းအိတ်များကျန်ရှိပြီး မပေါက်ကွဲခြင်းမှာ အံ့သြစရာကောင်းကြောင်း ဓာတုဗေဒပညာရှင်တစ်ဦးကမှတ်ချက်ပေးသည်။

ထို့အပြင် ဓာတုပစ္စည်းများထည့်ထားသော တိုင်ကီများကိုလည်းထပ်မံတွေ့ရှိရကြောင်း သတင်းရရှိသည်။ထို့ကြောင့် စီအိုင်ဒီ အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စစ်ဆေးနေကြသည်ဟုဆိုသည်။ (Source: 7 Day ဂျာနယ် ဖေ့စ်ဘုတ်)

လူတွေ အတော်တုန်လှုပ်ခြောက်ခြားခဲ့ရတဲ့ ၂၀၁၁ နှစ်ကုန် မင်္ဂလာတောင်ညွန့် မီးလောင်ပေါက်ကွဲမှုကြီးဟာ ဖြစ်ပျက်ပုံ အကြောင်းရင်းကို အခုထိ ဘဲဥအစရှာမရ ဖြစ်နေပါတယ်။ ဝါယာလျှော့ ဆိုရင်လည်း လျှပ်စစ်ဌာနက ငြင်းပါတယ်။ မီးလောင်နဲ့ အက်ဆစ်အပေါ် ရေဖြန်းမိတာလို့ ပြောရင်လည်း မီးသတ်က ငြင်းပါတယ်။ ဒါနဲ့ပဲ ဟိုလိုလို ဒီလိုလို ဖြစ်နေပါတယ်။ ၁၂ ပေလောက်နက်အောင် ကျင်းကြီးဖြစ်သွားစေတဲ့ ပေါက်ကွဲမှုဆိုတာ နည်းနည်းနောနော ပြင်းအားမဟုတ်ပါ။ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး သေချာ စုံစမ်းစစ်ဆေးသင့်သလို မြန်မာနိုင်ငံမြို့ပြတွေ ဒီလို အမှုအမှတ်မဲ့ အန္တရာယ်ရှိလောက်တဲ့ ကိစ္စမျိုး ရှိသလားဆိုတာလည်း တဆက်တည်း လျှင်လျှင်မြန်မြန် ဆောင်ရွက်သင့်တဲ့ ကိစ္စမျိုးပါ။


အမှုဟောင်းတွေ ပြန်ဖော်နိုင်

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ အပါအဝင် ယခင်အစိုးရလက်ထက်က မည်သည့်အမှုဟောင်းများကိုမဆို မိမိပြစ်ဒဏ်ကျခဲ့စဉ်က မမှန်ကန်၊ မမျှတခဲ့ကြောင်း၊ အဂတိ တရားများရှိခဲ့ကြောင်း အထောက်အထားခိုင်လုံစွာ တိုင်ကြားလာပါက ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက သက်ဆိုင်ရာ တရားလွှတ်တော်ရုံးများသို့ လွှဲအပ်ပြီး ပြန်လည်စိစစ်စေမည်ဟု ၎င်းကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဒီယာများကို ပြောသည်။

“အခုဆိုရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပြန်လွတ်လာတော့မှာပါ။ မှန်ကန်ပါလျက်နဲ့ နစ်နာမှုတွေရှိခဲ့တဲ့ အမှုဟောင်းတွေကို ကျွန်တော်တို့ဆီကို ပြန်တင်ပေးပါ။ ဆက်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ အဲဒီ အမှုဟောင်းတွေဟာ ငါးနှစ်ပဲကြာကြာ၊ ၁၀ နှစ်ပဲ ကြာကြာ ပြန်တင်ပေးပါ။ တစ်ခုတော့ရှိပါတယ်။ ကာလစည်းကမ်းသတ်မှတ်ချက်ရှိတဲ့ တရားမမှုမျိုး၊ စည်ပင်သာယာ အက်ဥပဒေနဲ့ ဆိုင်တဲ့ ဥပမာ- လမ်းပိတ်ဆို့မှုမျိုး စတာတွေကလွဲရင် ဘယ်အမှုဟောင်းတွေပဲ ဖြစ်ဖြစ် တင်ပေးလာရင် ဆောင်ရွက်ပေးပါမယ်” ဟု ၎င်းက ပြောသည်။ (Source: မြန်မာတိုင်းမ်)

ဒီသတင်းကတော့ မြန်မာတိုင်းမ်မှာ ဖော်ပြထားတာပါ။ တကယ်သာ စိစစ်လက်ခံမယ်ဆို တိုင်စရာအမှုတွေ နည်းမယ် မထင်ပါဘူး။ အသေးအဖွဲ မတရားမှုတွေကအစ သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲပါတယ်ဆိုပြီး မတရားစွပ်စွဲ သေဒဏ်ချခံရသူတွေ အဆုံးပါ။ စစ်အစိုးရ လက်ထက်မှာ အမြင်ကတ်ပုဒ်မတွေနဲ့ အာဏာအားကိုး အနိုင်ကျင့်ထားတာတွေ ပြောမကုန်နိုင်ဖွယ်ပါပဲ။ သူရဦးအောင်ကို ဒီဇင်ဘာလကုန်တုန်းက ပြောသွားတာမှာ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပြန်လွတ်လာတော့မှာပါ” လို့ ပါပါတယ်။ အခု လွတ်လာတော့ ၃၅ ယောက်လောက်ပဲ ပါတာကို ကြည့်ရင် ဦးသိန်းစိန်အစိုးရထဲမှာ ဘယ်လောက် တယောက်တပေါက် ဖြစ်နေကြတယ်ဆိုတာ မှန်းနိုင်မှာပါ။


ဖာသည်

ပြည်တွင်း သတင်းစာ ဆရာများအပေါ် ပြောဆိုခဲ့သည့် ဇေကမ္ဘာ ဦးခင်ရွှေ၏ ပြောစကားများမှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးစီးပွားအတွက် ရည်ရွယ်၍ စေတနာ သန့်သန့်ဖြင့် ပြောကြားခဲ့သည့် အကြံပြုချက်များသာ ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းက ရှင်းလင်းပြောကြားသည်။ .... ဒေါက်တာ ခင်ရွှေအနေဖြင့် ယင်းသို့ ပြည်တွင်း မီဒီယာများ အပေါ် ဝေဖန် ပြောဆိုခြင်းနှင့် ပတ်သက်၍ ဂျာနယ်ပေါင်း ၅၄ စောင်မှ စာနယ်ဇင်းသမား ၁၉၅ ဦးတို့က ဝိုင်းဝန်းလက်မှတ် ရေးထိုး ကာ သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားမှု များ ပြုလုပ်ခဲ့ ကြောင်း သိရသည်။ (Source: ပေါ်ပြူလာ သတင်းဂျာနယ်)

ပေါ်ပြူလာသတင်းဂျာနယ်မှာ ဖတ်မိတဲ့ သတင်းပါ။ ဖတ်ပြီးတော့ အချင်းချင်းတော့ ဖာထေးကြသား၊ လူရွှင်တော်တွေ ပြောသလို အပြစ်ဟူသမျှ လိုက်ဖာထေးရလို့ သူ့မှာ ဖာသည်ကြီးကို ဖြစ်လို့ဆိုတာ သွားသတိရပါတယ်။ မီဒီယာသမားတွေကြားမှာ ပွက်လောရိုက်ခဲ့တဲ့ ဦးခင်ရွှေရဲ့ ရင့်သီးတဲ့ စကားတွေကို အစိုးရဟစ်တိုင်ကော်မတီက ဖာထေးတာပါ။ ဂျာနယ် ၅၄ စောင်က ဂျာနယ်လစ် ၁၉၅ ဦးက တိုင်တယ်ဆိုတာ နည်းနည်းနောနော် ဖိအားမဟုတ်ပါ။ ဂျာနယ် ၃-၄ စောင်က ဆော်တာတောင် ပုဂ္ဂလိက သူဌေးဆေးရုံတချို့ ပျားအတော် တုပ်ကြပါသည်။ သို့သော် ကြံ့ဖွတ်လူကြီး ဦးခင်ရွှေကို ဟစ်တိုင်ကော်မတီက ဖာထေးပေးတာတော့ လွန်တယ်ထင်ပါတယ်။ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် ဖာထေးရေးဆိုင်ရာ ကော်မတီလို့သာ အမည်ပြောင်းဖို့ အကြံပြုချင်ပါတယ်။

ကိုခက်



8 comments :

  1. မောင်ကောင်း said... :

    နိုင်၊ကျဉ်းတွေကို လွတ်မရတဲ့ ပြဿနာအဓိက က ဘာလဲဆိုတာလေးတခု မောင်ကောင်းဝင်လျှာရှည်ပါရစေ၊ နိုင်ကျဉ်းတွေကိုလွှတ်ရင် ခင်ညွန့်ပါလွှတ်ရတော့မှာကိုး၊ ခင်ညွှန့်လွှတ်တာနဲ့ သန်းရွှေနဲ့အဖွဲ့ ဖင်ကြားတလျှော်ညှပ်(မရိုသေ့စကား) ရတော့မှာ သူတို့အားလုံးကြားမှာ သိနေတယ် သိနေကြတယ်၊ နဝတ၊ နအဖ ခေတ် အဓိက ဇတ်လိုက်က ခင်ညွန့် ယူဂျီအင်အားအကောင်းဆုံး ခင်ညွန့်၊ UWSA နောက်ခံအင်အားအရဆုံးခင်ညွန့်.. ၊ အဲ့ဒါ နိုင်ကျဉ်းတွေ ပဲလှော်ကြားက ဆားတွေဖြစ်ရရှာတာ၊ တွေးကြ တောကြအုန်း ဖင်ပိတ်ပြီး နိုင်ကျဉ်း နိုင်ကျဉ်း အော်မနေကြနဲ့အုန်း။

  1. Anonymous said... :

    မိတ်ဆွေကြီး-မောင်ကောင်းခင်ဗျား-
    ပြည်တွင်းကရော ပြည်ပကရော ပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသား (သိုမဟုတ်)ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသူများစာရင်းထဲမှာ ခင်ညွန့်လို လူစားမျိုးကို ထည့်မထားတာတော့ သေချာပါတယ်ခင်ဗျား။

  1. Anonymous said... :

    ခင်ညွန်ကို နိင်ကျဉ်းနဲ့ဆွဲတာမှမဟုတ်တာ
    နိင်ငံတော်အာဏာအလွဲသုံးစား
    ငွေကြေးအလွဲသုံးစားလုပ်မှု့တွေနဲ့
    ညိတဲ့ကိစ္စပဲ မဆိုင်ပါဘူး ကြည့်လိုက်ရင် ထောက်လှမ်းရေးကဆိုပြီး
    စောင့်ကြွားစောင့်ကြွားနဲ့ ဒီကောင်တိုင်းပြည်ကို တော်တော်ဖျက်ဆီးသွားတာ နိုင်ငံကောင်းကျိုးလုပ်တဲ့ ကျောင်းသား လူငယ်တွေအများကြီး
    ဒုက္ခရောက်ခဲ့ကြရတယ် လက်နက်နဲ့ငြိမ်းချမ်းရေးလဲတယ်ဆိုပြီး
    လုပ်သွားတာ တရုပ်တွေ မြန်မာပြည်ထဲ ထင်သလိုချယ်လှယ်ကုန်တာ
    ဒီကောင်လည်းမျိုးမစစ် တရုတ်စပ်ပဲ

  1. Anonymous said... :

    This is what I heard from those who went to meet Aung San Suu Kyi regarding the political prisoners:

    1. She said to the relatives of political prisoners if they were well, and how things were going on while the love ones are in prisons:

    and some wanted to answer to her questions, but she interrupted immediately and said how much important for the people who should support NLD in By elections
    2. Some people wanted to ask her serious questions, but she did not at all answer but even interrupted and talked what she had wanted
    3. Most of times, she did not answer or said simply she knew nothing about this or that

    the conclusion:

    she asked them to vote for NLD in By Elections. Political prisoners, only the President can decide.
    she does not listen, interrupt others people sayings. She answered none of the questions.
    all in all Aung San Suu Kyi is a very talkative woman which is also internationally recognized, but the thing is that she does not know how to listen to other people. Similar feelings were collected by may NGO and various organizations who met her.

  1. Anonymous said... :

    မနေ့တနေ့ကမှ ဥက္ကဋ္ဌဖြစ်လာတဲ့ ကိုအောင်ငြိမ်းလောက်ကတော့
    မောင်ခင်ရွှေတို့က သနားတာပေါ့ နဝတ နအဖ ကြီးကြီးငယ်ငယ်တွေကို အောက်ဆွဲ ပြေးယှက် ခြေသလုံးဖက်တဲ့နည်းတွေ
    ဖါသယ်လို မျက်နှာပေးတွေနဲ့ ချမ်းသာလာတာ
    အခု လွှတ်တော်ထဲကို မတရားရှာထားတဲ့ငွေနဲ့ ဟိုဟာလုပ်ပေးမယ် ဒီဟာလုပ်ပေးမယ် မဲထည့်ကြပါ ဆိုပြီးရောက်လာတာ(အနုပညာအသိုင်းအဝိုင်းက လူ့ငနွားတချို့တောင် အသုံးချခံလိုက်ရသေးတယ်)
    ပြည်သူ့အကျိုးသယ်ပိုးမယ်များ ခင်ဗျားတို့ထင်နေကြသလား ဒီလိုပဲ အသံကောင်းဟစ်ပြီး လုပ်လာခဲ့တာ ကြာခဲ့ပေါ့
    ခေါင်းစဉ်အမျိုးအမျိုးတပ် ပေးကမ်းကျွေးမွေးပြီး
    လူစု အုပ်စုဖွဲ့ ချယ်လှယ် အမြတ်ထုတ်ဖို့လုပ်နေတာ
    ဥပဓိရုပ်ကြည့်တာနဲ့ ခန်မှန်းလို့ရပါတယ် ဘယ်သူသေသေ ငတေမာမဲ့ ဘူဇဝါရုပ် ဒီကောင်ဘာကောင်လဲဆိုတာ လူထုအားလုံးသိပါတယ် သတင်းလုပ်ပြီးမရေးကြပါနဲ့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး

  1. Anonymous said... :

    စခွက်လုပြီး ရှုံးလို့ ထောင်ထဲရောက်တဲ့ကောင်နဲ့
    နိုင်ငံရေး အကျဉ်းသား ခွဲခြား နားလည် ဖို့တော့
    လိုမယ် ထင်တယ်

  1. Anonymous said... :

    ခင်ညွန့်က နေအိမ်အကျယ်ချုပ်နဲ့ နေနေတာလား။ အင်းစိန်မှာလား
    သာမန်လူ ဘယ်သူမှ အသေအချာ မသိ။ အခု အစိုးရလုပ်နေတာက
    ထောင်ဒဏ်နှစ်ရှည်တွေကို လျှော့ပေးနေတာ။ ဒါကြောင့် ခင်ညွန့်ကို
    အပြင်မှာ နားလည်မှုနဲ့ မထားဘဲ အိမ်အကျယ်ချုပ် သို့ ထောင်ထဲမှာ
    ထားရိုး မှန်ရင် သူလဲ ခံစားခွင့်ရှိလိမ့်မယ်။ ဒီပုံအတိုင်း လျှော့ရက်တွေ
    ခဏခဏ ပေးရင် ခင်ညွန့် အပြင်ရောက်လာလိမ့်မယ်။ ကိုမင်းကိုနိုင်တို့နဲ့
    ခင်ညွန့်နဲ့ ဘယ်သူ နှစ်ပိုများလဲ ကျွန်တော် သေချာမသိ။ သေချာတာတော့
    နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရင် နိုင်ငံရေး အကျဉ်းသားချည်းပဲ
    လွှတ်ပေးလိုက်လို့ရတယ်။ အခုလို လျှော့ရက်တွေ လုပ်နေကာမှ
    ကိုမင်းကိုနိုင်တို့ အဖွဲ့နဲ့ ခင်ညွန့် သိပ်မကွာပဲ အပြင်ကို
    ရောက်လာလိမ့်မယ်။ ဒီတော့ ခင်ညွန့် လွှတ်ပေးရမှာ စိုးလို့ဆိုတာ
    သိပ်မခိုင်လုံဘူးလို့ ယူဆတယ်။ ဒီအစိုးရက အချိန်ယူတာလား
    အချိန်ဆွဲတာလား တခုခုကို လုပ်နေတာ။ သေချာတာက တိုင်းပြည်မှာ
    တိုးတက်အောင် လုပ်ဖို့ အချိန်တွေ လျော့သွားတာ။

  1. Anonymous said... :

    မောင်ကောင်း အပြောအဆို ယဉ်ကျေးသယောင်ကနေ အတွေးအခေါ် လမ်းချော်သွားပုံရပါတယ်။ ဆရာ လုပ်ချင် စိတ်နှင့် ဝေဖန်ရာကနေ နိုင်ငံရေး အကျဉ်းသားတွေ အပေါ် အမြင်စောင်း သွားရှာပုံရပါတယ်။ လွတ်လပ်စွာစောင်းနိုင်ပါတယ်။ လူတက်ကြီး လုပ်လွန်းရင်တော့ အင် မောင်မင်း လူကိုလူထင် ဖို့  လူလို မြင်စေချင်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved