တရားရုံးအမှားအတွက် လျော်ကြေး ဒေါ်လာ၂၅ သန်း

Friday, January 27, 2012

afp photo

လူသတ်မှုနဲ့ ထောင်ထဲ ၁၆ နှစ်နေခဲ့ရတဲ့ အမေရိကန်နိုင်ငံ ရှီကာဂိုမြို့က Thaddeus Jimenez ဆိုသူဟာ အင်္ဂါနေ့က ဒေါ်လာ ၂၅ သန်း လျော်ကြေးရလိုက်ပါတယ်။
လူသတ်မှုကို သူ မကျူးလွန်ဘဲ မှားယွင်း အပြစ်ပေးမိတဲ့အတွက် လျော်ကြေးပေးတာပါ တဲ့။
သူက အသက် ၃၂ နှစ် ရှိပါပြီ။ စားသောက်ဆိုင်တခုမှာ အလုပ်လုပ်နေတယ် တဲ့။

ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရပြီး လူသတ်မှုကို သူမကျူးလွန်ဘူးဆိုတာကို အာဏာပိုင်တို့ ၂၀၀၉ မှာ သဘောပေါက်သွားတဲ့အခါ သူ ထောင်က လွတ်လာတာပါ။

သူ့အမှုမှာ Juan Carlos Torres ဆိုတဲ့ သံသယဖြစ်ဖွယ်ရှိသူရဲ့ ၀န်ခံချက် အပါအ၀င် သက်သေအထောက်အထားတွေကို သေချာ မစစ်ဆေးဘူး၊ လျစ်လျူရှုခဲ့တယ်လို့ သူက ရဲတပ်ဖွဲ့ကို စွပ်စွဲထားပါတယ်။

(ဒီအမှု ပြီးသွားပေမယ့် နောက်တမှု ပေါ်လာပြန်တယ် - CBS News ကို ကိုးကားပြီး သတင်းတွေမှာ ရေးထားတာကတော့ မူးယစ်ဆေးမှုနဲ့ သူ ထောင် ၃နှစ် ကျဖွယ် ရှိနေတယ် တဲ့။ ရှေ့လ ၁ ရက်နေ့မှာ မူးယစ်မှု စီရင်ချက် ချမယ်လို့ ဆိုတယ်။)

မြန်မာပြည်မှာလည်း ဒီမိုကရေစီအော်သူတွေကို ဗုံးခွဲမှုနဲ့ ထောင်ထဲထည့်ခဲ့၊ ထည့်ထားတာကြောင့် ဒီလူတွေ ဖောက်ခွဲမှု တကယ် မကျူးလွန်ခဲ့ဘူး ဆိုတာ သေချာရင် လျော်ကြေးပေးဖို့ အစီအစဉ် ရှိမရှိ မသိရသေးပါ။

3 comments :

  1. Anonymous said... :

    ဟယ်...သိသိကြီးနဲ့...မေးစရာ လိုလို့လားကွယ် ၊

  1. Anonymous said... :

    ဒီမိုကရေစီအော်သူ ဆိုတာ ခေတ်သစ် အသုံးအနုန်းလား။ စစ်တပ်နောက်ခံ မီဒီယာတွေ ရေးပုံရေးဟန် အသုံးအနုန်းလား။ ငါရေးချင်တာရေးမယ်။ ဖတ်ချင်ဖတ် မဖတ်ချင်နေဆိုတာမျိုးတော့ မဖြစ်ပါစေနဲ့ အကိုတို့ ရေ။ ဧရာဝတီ ဘလော့ကိုအားပေးနေတဲ့ စာဖတ်ပရိတ်သတ်ကို အပြန်အလှန် လေးစာသင့်ပါတယ်။ ဖြစ်သလို မရေးစေချင်ဘူး။ တန်ဖိုးရှိရှိ ရေးစေချင်ပါတယ်။ တန်ဖိုးရှိရှိ သုံးနုန်းစေချင်လို့ ပါ။ တန်ဖိုးထားသင့်တဲ့ အရာတွေ ကို တန်ဖိုးထားဖို့ လို ပါတယ်။ ဧရာဝတီကို လက်လှမ်းမှီတဲ့ ပြည်တွင်းပြည်ပက ဝင်ရောက်အားပေးနေတယ်ဆိုတာ ဧရာဝတီရဲ့ ညီအကိုတွေကို လေးစားလို့ ပါ။

  1. ဗုံးမပြောနဲ့ မီးရှူးပန်းတောင် ခိုးဝယ်ပီ ပျော်ပါးနေခဲ့ ရတဲ့ ဘ၀မှာ ဘယ်ကလာပြီ ဗုံကိုဝယ်နိုင်မှာလဲဗျာ.သေချာတယ်အရင်က အာဏာပိုင်အဖြွ့အစည်အနေနဲ့ တော်တော် များများ လျှော်မယ်ထင်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved