afp photo
လူသတ်မှုနဲ့ ထောင်ထဲ ၁၆ နှစ်နေခဲ့ရတဲ့ အမေရိကန်နိုင်ငံ ရှီကာဂိုမြို့က Thaddeus Jimenez ဆိုသူဟာ အင်္ဂါနေ့က ဒေါ်လာ ၂၅ သန်း လျော်ကြေးရလိုက်ပါတယ်။
လူသတ်မှုကို သူ မကျူးလွန်ဘဲ မှားယွင်း အပြစ်ပေးမိတဲ့အတွက် လျော်ကြေးပေးတာပါ တဲ့။
သူက အသက် ၃၂ နှစ် ရှိပါပြီ။ စားသောက်ဆိုင်တခုမှာ အလုပ်လုပ်နေတယ် တဲ့။
ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရပြီး လူသတ်မှုကို သူမကျူးလွန်ဘူးဆိုတာကို အာဏာပိုင်တို့ ၂၀၀၉ မှာ သဘောပေါက်သွားတဲ့အခါ သူ ထောင်က လွတ်လာတာပါ။
သူ့အမှုမှာ Juan Carlos Torres ဆိုတဲ့ သံသယဖြစ်ဖွယ်ရှိသူရဲ့ ၀န်ခံချက် အပါအ၀င် သက်သေအထောက်အထားတွေကို သေချာ မစစ်ဆေးဘူး၊ လျစ်လျူရှုခဲ့တယ်လို့ သူက ရဲတပ်ဖွဲ့ကို စွပ်စွဲထားပါတယ်။
(ဒီအမှု ပြီးသွားပေမယ့် နောက်တမှု ပေါ်လာပြန်တယ် - CBS News ကို ကိုးကားပြီး သတင်းတွေမှာ ရေးထားတာကတော့ မူးယစ်ဆေးမှုနဲ့ သူ ထောင် ၃နှစ် ကျဖွယ် ရှိနေတယ် တဲ့။ ရှေ့လ ၁ ရက်နေ့မှာ မူးယစ်မှု စီရင်ချက် ချမယ်လို့ ဆိုတယ်။)
မြန်မာပြည်မှာလည်း ဒီမိုကရေစီအော်သူတွေကို ဗုံးခွဲမှုနဲ့ ထောင်ထဲထည့်ခဲ့၊ ထည့်ထားတာကြောင့် ဒီလူတွေ ဖောက်ခွဲမှု တကယ် မကျူးလွန်ခဲ့ဘူး ဆိုတာ သေချာရင် လျော်ကြေးပေးဖို့ အစီအစဉ် ရှိမရှိ မသိရသေးပါ။
ဟယ်...သိသိကြီးနဲ့...မေးစရာ လိုလို့လားကွယ် ၊