ထားဝယ်မြို့ကို နှစ်နိုင်ငံ စီမံကိန်း၊ စီးပွားရေးတွေ ဆွေးနွေးဖို့ရောက်နေတဲ့ ထိုင်းနိုင်ငံ ၀န်ကြီးဌာန (၅) ခုက ၀န်ကြီးတွေကို ထားဝယ်ဒေသဖွံ့ဖြိုးရေးအဖွဲ့ (DDA) က အိတ်ဖွင့်ပေးစာ ပေးခဲ့တာပါ။
ထားဝယ်ဒေသမှာ လုပ်နေတဲ့ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစီမံကိန်း၊ ရေနက်စီမံကိန်းအပါအ၀င် အခြားစီမံကိန်းတွေကြောင့် ဒေသတွင်း ပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုဖြစ်လာမှာကို စိုးရိမ်တဲ့အကြောင်း၊ စီမံကိန်းတွေ အကောင်အထည်ဖော်နေတဲ့ဒေသတွေက ဒေသခံပြည်သူတွေ နေရာရွှေ့ပြောင်းကြရမှာကို မလိုလားတဲ့အကြောင်း၊ ထားဝယ်ဒေသက သဘာဝ ပတ်ဝန်းကျင် အလှအပတွေ မပျက်ဆီးစေလိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစာလိုက်နာဖို့ ထိုင်းနိုင်ငံအစိုးရအနေနဲ့ အလေးအနက်ထားပြီး တာဝန်ယူဖြေရှင်းပေးသင့်ကြောင်း စတာတွေကို ထိုင်းဝန်ကြီးချုပ် ယင့်လပ်ဆီ လိပ်မူထားတဲ့ စာထဲမှာ ရေးသားထားပါတယ်။
စာပေးပို့တဲ့ DDA အဖွဲ့ကတော့ ထားဝယ်ဒေသမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေ လုပ်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။
တိုင်းသူပြည်သားတွေ အနေနဲ့ တိုင်းပြည်ဖွဲ့ဖြိုးတိုးတက်ဖို့ စက်မှုဇုံတွေ လုပ်တာကို အားပေးရမှာပေါ့။
ထိုင်းနိုင်ငံမှာ ရှိတဲ့ စက်ရုံတွေမှာ ကိုယ့်နိုင်ငံသားတွေ ရောက်နေတယ်လေ။
ကိုယ့်မှာ စက်ရုံမရှိလို့ သူများဆီသွားတာ။
ကိုယ့်နိုင်ငံမှာ စက်ရုံတွေ ရှိလာပြီ ဆိုရင် တိုင်းပြည်အတွက် ကောင်းတာပေါ့။
ဆိုးကျိုးတွေ ရှိနိုင်တာထက် ကောင်းကျိုးဘယ်လောက် ရှိတယ် ဆိုတာကိုလည်း ပြောကြဦးလေ။