ပစိဖိတ်ဒေသ အမေရိကန် စစ်အင်အား

Saturday, January 7, 2012

ဓာတ်ပုံ - AP

ကြာသပတေးနေ့မှာ ထုတ်လွှင့်သွားတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တားနဲ့ PBS ရုပ်သံ အင်တာဗျူး http://www.pbs.org/newshour/bb/military/jan-june12/panetta_01-05.html
ထဲက ကောက်နှုတ်ထားတာ ဖြစ်ပါတယ်။

ကျနော်တို့ တရုတ်နိုင်ငံနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်ရမယ်၊ တရုတ်က အင်အားကြီးနိုင်ငံဖြစ်တယ်၊ ကျနော်တို့နဲ့ စီးပွားရေး ဆက်နွယ်မှု ရှိတယ်၊ ဒီဒေသထဲက အကြောင်းအရာတချို့နဲ့ ပတ်သက်ပြီးတော့လည်း ဆက်နွယ်နေရတယ်။

ကိုရီးယားနိုင်ငံ တည်ငြိမ်ရေးလိုမျိုး ပစိဖိတ်သမုဒ္ဒရာဝန်းကျင်က အန္တရာယ်တွေကို ကျနော်တို့ ကိုင်တွယ် ဖြေရှင်းရာမှာ တရုတ်နဲ့ တသဘောထဲပါပဲ။ ဒါက ဥပမာ တခုပါ။

ဒါကြောင့် ဒီ ပစိဖိတ် ဒေသကို အမေရိကန်နိုင်ငံက အဓိကထားနေရတာပါ။

ဒီဒေသမှာ ကျနော်တို့ ရေတပ်၊ ကျနော်တို့ စစ်အင်အားကို ဆက်ပြီး ထားဖို့က အရေးကြီးပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved