ဖားကန့်ပြန်များအတွက် အကူအညီ

Tuesday, January 17, 2012

တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ဘူတာမှာ တွေ့ရတဲ့ NLD အလံနဲ့ ထမင်းထုတ်များ။ (photos: Reuters)

တထုတ်မှာတော့ ပိုက်ဆံ ပါပါတယ်။

ဒီအစားအစာတွေက ဖားကန့်ကျောက်စိမ်းတွင်းဒေသကနေ ပြန်လာတဲ့သူတွေကို ဝေငှဖို့ပါ တဲ့။

ရထားစောင့်နေတဲ့ ကောလင်း ဒေသခံများ


ကချင်ပြည်နယ်ထဲက ရပ်လို့ မရသေးတဲ့ တိုက်ခိုက်မှုတွေ ကျောက်စိမ်းတွင်းထဲအထိ ရောက်လာနိုင်တဲ့ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် အစုလိုက်အပြုံလိုက် ဆင်းလာကြတာပါ တဲ့။

ဒါကတော့ NLD အဖွဲ့ဝင်တချို့၊ ဒေသခံများ နဲ့ ဦးစောလှိုင် (၉၀ ရွေးကောက်ပွဲ အင်းတော်မဲဆန္ဒနယ်မှာ အရွေးခံရပြီး မကြာသေးခင်က ထောင်က ပြန်လွတ်လာသူ)

4 comments :

  1. Anonymous said... :

    ထမင်းထုပ်တွေ မှာအလံစိုက်တာ ကြံခိုင်ရေး လိုပါပဲလား

  1. Anonymous said... :

    ဟုတ်ကဲ့ ဘုရား၊ ကျောင်း၊ ဇရပ်တွေမှာတောင် အလှူရှင်နာမည်ကို ကဗ္မည်းထိုးတတ်ကြတာပဲ။ ကိုယ်လှူတဲ့ အလှူကို လက်ခံရရှိတဲ့ တစ်ဖက်သား သိစေလိုတဲ့ စိတ်ဆိုတာ လူတိုင်းမှာရှိတတ်ကြ စမြဲပါ။ ဒါ မဏပ်တိုင် တတ်ပြနေတာ မဟုတ်ဘူး။ marketing ဆင်းနေတာလည်း မဟုတ်ဘူး။

  1. Anonymous said... :

    အလကားနေ အပြစ်ထိုင်မြင် ပြောနေတဲ့ကောင်ကတမျိုး .. သူတို့ဘာသာ အလံပဲစိုက်စိုက် ဘာပဲစိုက်စိုက် ... မင်းအလုပ်လား .... မင်းကရော အဲဒီလို ဒုက္ခရောက်နေတဲ့သူကို ဆေးလိပ်တို တတိုတောင် ကူညီနိုင်ရဲ့လား ...
    ဒီမိုကရေစီစံနစ်မှာ ဒီလိုပဲ တဦးနဲ့တဦး အပြိုင်အဆိုင် စည်းရုံး မဲဆွယ် ကြတာ သဘာဝပဲ ... အေးလေ မင်းက ဒီလိုမျိုး ဗဟုသုတမှ မရှိရှာပဲ ....
    ကြံဖွံ့လဲ သူတို့ဘာသာ စည်းရုံးတဲ့အနေနဲ့ ကောင်းတာလုပ်ရင် ကောင်းတယ်လို့ပြောမှာပဲ ... ဘယ်သူပဲလုပ်လုပ်ကွာ ... အေးဒါပေမဲ့ အလှူလက်ဖက်နဲ့ မျက်နှာတော့ လာမလုပ်နဲ့ ....

  1. Anonymous said... :

    when are we going to get new trains for Mandalay and Myit Kye Nar? All the train station are still old.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved