မင်းကိုနိုင်ပြောတဲ့ ငြိမ်းချမ်းရေး

Saturday, January 14, 2012

၈၈ မျိုးဆက် ခေါင်းဆောင် မင်းကိုနိုင် (ကိုပေါ်ဦးထွန်း) ရဲ့ မနေ့တုန်းက ပြောဆိုချက်တွေထဲက ၂ ခုကို ကောက်နှုတ်ပေးလိုက်ပါတယ်

ကချင်ဒေသတွေမှာ ကြားရတဲ့ သတင်းတွေနဲ့တင် ကျနော်တို့ တော်တော်လေး နေမထိ ထိုင်မသာဖြစ်ရတဲ့အထိ ခံစားရတယ်ဗျာ။ ပြည်တွင်း ငြိမ်းချမ်းရေး တကယ်လိုတယ်၊ ပြည်တွင်းငြိမ်းချမ်းရေး ရမှ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ် ရောက်မယ်လို့ ကျနော်မြင်တယ်။ ကျနော်တို့ လုပ်ရမှာတွေကတော့ အများကြီးပေါ့။
ဧရာဝတီ

ကျနော်တို့တွေက အမေ့အိမ်ကို ပြန်ရောက်လို့ မိသားစုထမင်းဝိုင်းမှာ ဆုံနေတဲ့အချိန်မှာ မိသားစု ထမင်းပွဲတွေကို စွန့်ပြီးပြေးနေရတဲ့ တောထဲတောင်ထဲမှာ သဘာဝဘေးဒုက္ခတွေနဲ့ ကြုံနေရတဲ့ ကျနော်တို့ တိုင်းရင်းသားကလေးတွေကို ကျနော် အင်မတန် စာနာတယ်ဗျ။ အဲဒါကို ကျနော် အတိုင်းအတာတစ်ခုအထိ သိထားတယ်။ အဲဒီတော့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်လည်း ကျနော်တို့ အလုပ်လုပ်ရဦးမယ်။
VOA


11 comments :

  1. Anonymous said... :

    Future President of Myanmar U Min Ko Naing

  1. Anonymous said... :

    ဘာပြောရမှန်း မသိအောင်ကိုမှ ၀မ်းသာပါတယ် အစ်ကိုကြီး မင်းကိုနိုင် ခင်ဗျာ။ အစ်ကိုကြီးတို့သူငယ်ချင်းအဖွဲ့တွေ တိုင်းပြည်အတွက် အလုပ်တွေကြတော့မယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်ပြီးသားပါဗျာ။ ညီလေးတို့ မျိုးဆက်သစ်တွေ အနေနဲ့ အန်တီစုတို့ အစ်ကိုကြီးတို့ ဦးဆောင်တဲ့နောက်ကို ရဲရဲကြီးလိုက်ဖို့ အသင့်ရှိပါတယ် အစ်ကိုကြီး ခင်ဗျား။

  1. Anonymous said... :

    ခက်ထန်းကြမ်းတမ်းတဲ့ကာလတွေကိုဖြတ်သန်းပြီးပိုမိုရင့်ကျက်လာကြတဲ့မင်းကိုနှိုင် နဲ့ သူငယ်ချင်းများကို တွေ့ရတာအလွန်ဝမ်းသာရပါတယ်ဗျာ။ရှေ့ဆက်ပြီးမပြီးဆုံးသေးတဲ့
    ဒီမိုကရေစီအရေးကိုညီညီညွတ်ညွတ်နဲ့ဦးဆောင်ပေးသွားမယ်လို့မျှော်လင့်နေပါတယ်။

  1. Tomahawk said... :

    Ko Paaw ,
    you are Burmese version of Martin Luther King.
    You are very very brave,you never afraid, hide and hesitate to voice out.More importantly,you have sacrificed most of your life in prison for country and poeple of Burma.I will always salute you for those sacrifices.

  1. Anonymous said... :

    Burma Media Wash ပြော-

    တူမောင် မင်းကိုနိုင် -
    (၁)ကျန်းမာရေး က နံပါတ် တစ် ။
    (၂)တူမောင်ကို အားလုံးက မျှော်လင့်နေကြတယ်။
    အများကြီး အားကိုးတယ်။
    (၃)နိုင်ငံရေးကို ကုသိုလ်ရေးလိုသဘောထားပြီးလုပ်တာ
    အများအတွက်ရော၊ကိုယ့်အတွက်ပါ ကောင်းလှပါတယ်ကွာ
    (၄)တူမောင်က အစစအရာရာ တော်ရှာပါပေတယ်။
    ကောင်းရှာပါပေတယ်။
    (၅)ဒါပေမယ့် ဦး က ၀တ္တရားသိစိတ်ရဲ့စေ့ဆော်မှုကြောင့် နည်းနည်းပါးပါး
    လေးတော့ အမှာစကား ဝေမျှချင်တယ်။အဲဒါတွေက-
    (က)“လူဆိုတာ ဖေါက်ပြန်တတ်တယ်။ငါရော ဖေါက်
    ပြန်ဖို့ ဘာတွေ စိုင်းပြင်းနေသလဲ” ဆိုတဲ့စကား..။
    (ခ)“ ငါ လို သေး သည်” ဆိုတဲ့စကား..။
    (၆)အခြားတူတော်မောင်များကိုလည်း ဦး ရဲ့ တူကြီးကပဲ ဝေမျှပေးလိုက်ပါ။

    ကျန်းမာ ချမ်းသာ၍ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ..။

    Burma Media Wash ဝေဖန်သည်အဝေဖန်ခံသည်

  1. Anonymous said... :

    ကိုမင်းကိုနိုင်ကျန်းမာရေးအရင်ဂရုစိုက်ပါနော်

  1. Tin Myint said... :

    Ko Min Ko Naing.
    I am really proud for you and all of bravest student leaders. Please adjust yourself and work more for our lovely to achieve democracy.As you say our nationals (all races and all religions)are really poor cause of army for long time dictatorship.They may be know a little right now of how pity our people struggle in home and foreign.Especially in ASEAN countries our people lives are under heel and also full of sorrow.I always encourage all of you who work for democracy for the people without any hope and selfish matters.
    Tin Myint(Los Amgeles)

  1. Htun said... :

    We ll support u. Do ur best. I m at foreign country.most of Myanmar suffer bec they look down to Myanmar. Our country is behind them everything. Our people got poor English skill.so must do to develop our country.i ll support u as much as I can.be success.

  1. Future path - U Min Ko Naing should work for the whole Myanmar people then the 8888 generation group. He should not confine to a group. Means, he should work together with Daw Aung San Su Kyi and U Thein Sein. He should take a seat in Hluttaw. This is, for me, the best for our country.

  1.့ ဧပရယ်ရဲရင့် said... :

    ကိုကြီး မင်းကိုနိုင်
    ကျန်းမာရေး အထူးဂရုစိုက်ပါ ကိုကြီး..။ သမီး တို့ အနာဂတ် မျိုးဆက်သစ် လူငယ်တွေအတွက် ကိုကြီးတို့ မရှိလို့ မဖြစ်ပါ..။ ကိုကြီးတို့ အားလုံးလွတ်မြောက် လာတဲ့အတွက် ၂၃ နှစ်လုံးလုံး ကျနေတဲ့ စိတ်ဓာတ်တွေ ခွန်အားတွေ ပြန်ရလာသလို ပါဘဲ..။ ကိုကြီးတို့ ဦးဆောင်တဲ့ နောက်ကို သမီးတို့ လိုက်ဖို့ အသင့်ပါ ကိုကြီး..။ ကိုကြီးတို့အားလုံး ကျမ်းမာ ချမ်းသာပြီး လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်ပါစေ..။။

  1. I just hope that all the Burmese politicians will not be united under the single term ' MAHAR BURMA'

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved