ဒီလိုပဲ မမြင်ချင်ယောင်ဆောင်နေတော့မှာလား

Wednesday, January 11, 2012

~





ကော့သောင်းမြို့ (ဓာတ်ပုံ - sakalay.blogspot.com)

ကော့သောင်းမြို့မှာ ပြည့်တန်ဆာအိမ်များ ဖွင့်ထားကြသည်မှာ လိုင်စင်ရထားသည်အလား ထင်ရပါတယ်။

ေ၇ွှဇင်ယော် ရပ်ကွက်က အမျိုးသမီးတယောက် ပြည့်တန်ဆာလုပ်ငန်းကို ကာလရှည်စွာ လုပ်ကိုင်ခဲ့တာ ဟာဆိုရင် ခေတ်အဆက်ဆက်ပါဘဲ။

သူ့ဆိုင်က ကောင်မလေးတွေက အချို့ဆိုရင် အသက်တောင် မပြည့်ကြသေးဘူး။

အဲဒီဆိုင်က ကောင်မလေးတစ်ယောက် ဇာတိက မြိတ်မြို့ စမ်းချောင်းရပ်ကွက်ကပါ၊ အစက သူကို ကော့သောင်းဈေးကြီးက အထည်ဆိုင်မှာ အလုပ် သွင်းပေးမယ်ပြောပြီး စရံ တစ်သောင်းခွဲ ပေးပြီးတော့ ခေါ်လာခဲ့တယ်။

ဒီရောက်တော့ အထည်ဆိုင်ကဖွင့်ဘို ၁ လလောက် လိုသေးတယ် ပြောပြီးတော့ သူဆိုင်မှာ စာရင်း ကိုင်ခိုင်းတယ်။ ဒီကိုလာတဲ့ ကာလသားတွေက ဒီကောင်မလေးကို ခိုက်တယ် ဆိုပြီးတော့ ပိုင်ရှင်ကိုညှိတယ်။

ပိုင်ရှင်က ဒီမိန်းကလေးကို ခေါ်ပြီးတော့ ဒီညလာမယ် ဧည်သည်က အထူးဧည့်သည်တွေ။ နင် ကောင်းကောင်း ဆက်ဆံပေးဖို့ပြောတော့ (သမီး ဒီလို မလုပ်တတ်ဘူး) ၊လို့ပြောတော့ နင်လုပ်စရာ မလိုဘူး၊ သူလုပ်လိမ့်မယ်။ ဒီညအတွက်နင် အိမ်ကို မနက်ဖြန် ငွေ ၅ သောင်း ပို့ပေးမည်၊ အဲဒီညကတော့ သမီးဘ၀မှာ အရှင်လတ်လတ် ငရဲကျသလိုပါပဲ။

သမီး သိရတာကတော့ ဒီဧည့်သည်က ဆိုင်ရှင်ကို ၂ သိန်းတောင် ပေးလိုက်တယ်၊ သမီးအိမ်ကိုတော့ ၃သောင်းပဲ ပို့ပေးတယ်။

သမီးရဲ့အပျိုစင်ဘ၀ဟာ အဲဒီလောက်ပဲ တန်ပါလားလို့ တွေးပြီးတော့ မိမိကိုယ်ကို တန်ဖိုးထားတဲ့ဘ၀ကို စွန့်လွှတ်လိုက်ပြီး အဲဒီအလုပ်ကိုဘဲ ဆက်တိုက် လုပ်နေခဲ့တယ်၊ သမီးတို့ကို စားစရိတ်အပြီး ၃သောင်း ပေးပြီး တစ်ဆက်ရှင်(မိနစ်၃၀) ဆိုရင် (၇၀၀၀)ယူပြီး ဒီထဲက (၂၀၀၀) ပဲ သမီးတို့ ရတယ်။ တခါတလေ မိန်ကလေး သဘာဝ နေမကောင်းဖြစ်လို့ နားမည် ဆိုတာတောင် ပေးမနားဘူး။ သမီး ဒီအလုပ်က မြန်မြန်ထွက်ချင်တယ်.။

အိမ်နဲ့လည်း အဆက်အသွယ် မရတာ ၂လရှိပြီ ။ အိမ်က ဖုန်းလာလည်း သမီးကို ပေးမပြောဘူး။ ကဲ ဒီအဖြစ်အပျက်မျိုးတွေနဲ့ကြံကြိုက်နေတဲ့ မိန်းကလေးမျိုးတွေ ဘယ်လောက်ထိ ရှိကြမလဲ။

ဒီ အမျိုးသမီးကလည်း ၇.ယ.က၊နယ်ထိန်း၊ ရဲဌာနများကို အရမ်း ပိုင်တယ်ဆိုပဲ၊ ဒီလိုပိုင်လို့လည်း သက်ဆိုး ရှည်နေတာပေါ့။ ဘယ်လောက်ပိုင်သလဲ ဆိုရင် ကျွန်တော်တို့ အဖွဲ အဲဒီဆိုင်မှာ စားသောက်နေကြတုံး မှာဘဲ ဖုန်းတစ်လုံး ၀င်လားတယ်၊ ချက်ချင်းပဲ ဧည်စာရင်းစစ်မယ် ကင်းလှည်အဖွဲ့တွေ လာမယ် ဆိုပြီးတော့ ဧည်သည်တွေကို ချက်ချင်း ပြန်ခိုင်းပြီးတော့ ဆိုင်ပိတ်လိုက်တယ်။

သူတို့ရဲ သတင်းပေးကလည်း ဘယ်ထဲမှာ ရှိတယ် ဆိုတာ တွေးကြည်ကြပေါ့ဗျာ၊ ပြောရရင်တော့ မကုန်နိုင်ပါဘူး။



~

2 comments :

  1. Anonymous said... :

    good governance

  1. Anonymous said... :

    အေးဗျာ...သနားပါတယ်။
    ဒါပေမဲ့ ခင်ဗျားကိုပိုသနားမိတယ်သိလား?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved