ဦးခင်ညွန့်ကို ကျေးဇူးတင်သူ
Sunday, January 15, 2012
ပေါ်ပြူလာဂျာနယ် ဖေ့စ်ဘုတ်မှာ အခုလို ဖော်ပြထားပါတယ်။
"သမီးတို့ ကို လူလားမြောက်အောင်မွေးပေးခဲ့တဲ့ ကျေးဇူးရှင်ပါ။ ဒီနေ့ ဘုရားကို လာမယ် ကြားလို့ လာစောင့်နေတာပါ။အခုလို ဘဘကို ပြန်တွေ့ ရတာ
ဝမ်းလည်း ၀မ်းသာပါတယ်။ " ဟု အိအိငြိမ်း ( ရင်ချင်းဆက် အမြွှာညီအစ်မ ) က ပေါ်ပြူလာနယူးစ် ဂျာနယ်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
ဒီပြောဆိုချက်ကို ကန့်ကွက်သူများ ရှိသလို ထောက်ခံသူတွေလည်း ရှိပါတယ်။
47 comments :
  1. သမီးတို့ ကိုမွေးတုန်းကလေဦးဦးတို့ က၁၀တန်းကျောင်းသားပေါ့။
    သမီးတို့ ကိုလှူဖို့ ဆိုပြီးဦးဦးတစ်ခန်းလုံးကိုပိုက်ဆံတွေလိုက်ကောက်ပြီး
    ဆရာမကိုကျောင်းကနေလှူဖို့ ပေးလိုက်တယ်။အဲဒါတွေနဲ့ သမီးတို့ မွေးလာတာပေါ့။
    နောက်ပြီးသမီးတို့ မွေးပြီးတော့ပြက္ခဒိန်လေးတွေထွက်တော့လဲဦးဝယ်ပြီးအားပေးခဲ့ပါတယ်။
    သမီးတို့ ကဘဘကိုပဲကျေးဇူးတင်တာလားဟင်။ဦးဦးကကျေးဇူးခံချင်လို့ ပြောတာမဟုတ်ပါဘူး။
    သမီးတို့ ပြည်သူ့ တွေကိုမမေ့သင့်ဘူးနော်။သမီးတို့ အတွက်ပြောတာပါ။ဦးအတွက်မဟုတ်ပါဘူး။
  1. Anonymous said... :
    ကန့်ကွက်စရာ မရှိပါ ... ပုဂ္ဂလိက ပါ
  1. Anonymous said... :
    ကန့်ကွက်စရာ မရှိပါ ... ပုဂ္ဂလိက ပါ
  1. မောင်မှိုင်း said... :
    ဦးဦးပြောတာလဲဟုတ်တယ် ၊ ကန့်ကွက်စရာမလိုဘူးဆို တဲ့ အကိုကြီး ပြောတာလဲ ဟုတ်တာပဲ:D
  1. soson said... :
    Hi You thanks full to U KHIN NYUT? Are you crazy or mad ? This guy is very bad person you know are not? When he got power, he kill all our student ( 8888), did you know are not?. Now he has sows what he reaps ok.Your Buddhism peoples saying that " RETRIBUTION " Christian peoples saying that " WHAT HE SOWS HE HAVE TO REAPS" OK. He is bad man.
  1. Anonymous said... :
    http://www.facebook.com/notes/myint-mo-oo/%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%80%81%E1%80%84%E1%80%B9%E1%80%8A%E1%80%BC%E1%80%94%E1%80%B9%E1%82%94-%E1%80%80%E1%80%AD%E1%80%AF-%E1%80%81%E1%80%BC%E1%80%84%E1%80%B7%E1%80%B9%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%81%BE%E1%80%80%E1%80%9E%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9/338335376185413
    ဒါလေးလဲ ဖတ်ကြည့်အုန်းနော်
    ပုဂ္ဂလိက ခံစားချက်ကိုတော့ မပြောလိုပါဘူး
    ဒါပေမဲ့ --
  1. Anonymous said... :
    ဟုတ်ပါတယ်၊ ဒါက personal case ပါ။ သူ့နေရာကနေကြည့်ရင် မှန်တယ်လို့ ပြောလို့ရပါတယ်။
  1. Anonymous said... :
    နင်တို့ကတော့သူ့ကိုကျေးဇူးတင်ထိုက်ပါတယ်လေ။
    သူကနှုတ်အားဖြင့်ကူညီခဲ့တာကိုး။ဒါပေမဲ့သူနဲ့ သူရဲ့ထောက်လှမ်းရေးအဖွဲ့ရဲ့လိမ်ဆင်တွေေ
    ကြာင့်မြန်မာပြည်မှာဘ၀ပျက်သွားသူတွေ၊
    ဘ၀ပျက်သွားတဲ့မိသားစုတွေအများကြီးဘဲကွယ်
    ။မျက်မြင်မို့ပြောတာပါ။
  1. Anonymous said... :
    Stupid girl
  1. Anonymous said... :
    ဖားတဲ့ခေတ်ကကုန်သွားပါပြီး....သိပ်မဖားနဲ့တော့
  1. Anonymous said... :
    ကျွန်တော်က ကန်.ကွက်စရာအကြောင်းမရှိပါဘူးဗျာ ဗိုလ်ချုပ်ကြီးခင်ညွန်.ပာာ ကျွန်တော်တို.ရွာအတွက် အထက်တန်းကျောင်းတစ်ခုကိုလာဆောက်လုပ်ပေးတဲ.အတွက်ကြောင်.အထူကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော်တို.တိုင်းရင်းသားတွေလဲသူ.ကို ကြိုဆိုပါတယ်ခင်ဗျာ ခင်ညွန်.ရှိတုန်းကကျွန်တော်တို.တိုင်းရင်းသားလူမျိုးတွေပာာပစ်တာခတ်တာမရှိခဲ.ဘူး တိုင်းရင်းသားတွေကိုသူလွတ်လွတ်လပ်လပ်ပေးသွားပေးလာတယ် အခုသမ္မတကြီးဦးသိန်းစိန်ပာာ နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ဖို.ပာာ အထက်ကဗိုလ်ချုပ်ကြီးတွေကိုလဲသူအမိန်.မနာခံပဲအချက်ခုနစ်ချက်ကို သူလိုက်မနာပဲနိုင်ငံရေးသားတွေကိုလွတ်လိုက်တယ်လို.ကျွန်တော်သတင်းကြားပါတယ်ခင်ဗျာ ဒါပေမဲ.ပာုတ်မပာုတ်တော.ကျွန်တော်မသိပါဘူးဗျာ ပြီးတော.ကချင်ပြည်နယ်မှာတိုက်ပွဲတွေရပ်ဖို. သမ္မတကြီးစာပေးပို.လိုက်တယ် အဲဒါနဲ. သူ.အမိန်.ကိုမလိုက်နာလို.ဆိုပြီး ဒီနိုင်ငံရေးအကျဉ်းသားတွေဘယ်လောက်ဘယ်လောက်ပဲလွတ်လို. အစိုးရကသူ.ကိုပြောတာ အဲလိုနဲ.ပဲသူလဲ အစိုးရလိုမျိုးမလိုက်နာပဲ သူလွတ်သင်.တာလွတ်လိုက်တာလို.သတင်းထွက်နေတာကိုကြားနေပါတယ်ခင်ဗျာ နောက်ထပ်ကျန်ရှိနေသေးတယ် နိုင်ငံရေးသမားအကျဉ်းသားတွေကိုလဲ မကြာမည်နောက်ဆုံးအကြိမ်ပြန်လွတ်လာအုံးမယ်လို.ကျွန်တော်ကယုံကြည်ပါတယ်ခင်ဗျာ ဦးခွန်ထွန်းဦး 88မျိုးဆက်ကျောင်းသားခေါ်ဆောင်များ ဗိုလ်ချုပ်ကြီးခင်ညွန်.နိုင်ငံရေးသမားအပေါင်းများကိုကျွန်တော် အားလုံးကိုကြိုဆိုတယ် ထောက်လဲထောက်ခံပါတယ်ခင်ဗျာ စာရေးတာအမှားရှိရင် သီးခံခွင်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ (တောင်ပေါ်ရှမ်းလေး)
  1. Anonymous said... :
    ကျေးဇူးဆိုတာ လူသားတိုင်း အပြန်အလှန် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီဆိုသလို ရှိကြပါတယ် လူတစ်ယောက် ဗိုက်အရမ်းဆာနေချိန် တနေကုန်ဈေးဦး မပေါက်သေးတဲ့ ဈေးသည်နဲ့တွေ့ပြီး အရောင်းအဝယ်ဖြစ်ကြသလို နှစ်ဦးစလုံး အပြန်အလှန် အကျိုးကျေးဇူး ရှိကြသလိုပေါ့ တစ်ဆင့်စီတွေးကြည့်ရင် မိမိပတ်ဝန်းကျင်နဲ့နီးစပ်သူများအတွက် မြန်မာပြည် သူလူထုတစ်ရပ်လုံးအတွက် ကမ္ဘာ့လူသားအားလုံးအတွက် လောကရှိ သတ္တဝါအားလုံးအတွက် အကျိုးရှိစေတဲ့ အလုပ်ကို လုပ်ခဲ့သူဆိုရင်တော့ အကောင်းဆုံး တန်ဖိုးအရှိဆုံး အမြင့်မြတ်ဆုံး ဖြစ်တာပေါ့
  1. BA GYEE said... :
    She is a lil luvly girl.So let her say.Ba Ba UKN is an internationally acceptable ,flexible person n also let him as he is now.If i were in her or his place,i'll b more stupid than they.THAT IS ALL I KNOW.
  1. ဦးခင်ညွှန့် ကဗျာ ကို ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။
    ဘလော့ဂါ ကိုဒီမိုဝေယံရဲ့ မှတ်ချက်လေးက ဒီလိုပါ။
    15 Jan 12, 06:04 PM
    ဒီမိုဝေယံ: ဒီကဗျာလေး ဖတ်ပြီးမှ ဦးခင်ညွှန့်ကို သနားပါ.
    http://www.demowaiyan.co.cc/2012/01/blog-post_7680.html
  1. Everbody make mistake some time in their life even Budda.But they changed their life and their ideas
    when they see the truth,also U Khin Nyunt.
  1. သူတပါးရဲ့ကျေးဇူးကိုတုန့်ပြန်သိတတ်တာမင်္ဂလာတပါးပါပဲ။
    အခုပြောနေတဲ့သူတွေခင်ညွန့်ဖြစ်ခဲ့ရင်ဘာများလဲ။လူတိုင်း
    လူတိုင်းကအလုပ်လုပ်ရင်တော့အမှားနဲ့အမှန်ဒွန်တွဲရှိနေမှာ
    ပါ။သူတကယ်အလုပ်လုပ်ခဲတာတော့မငြင်းနှိုင်တာအမှန်ပဲ။
  1. သူတပါးရဲ့ကျေးဇူးကိုတုန့်ပြန်သိတတ်တာမင်္ဂလာတပါးပါပဲ။
    အခုပြောနေတဲ့သူတွေခင်ညွန့်ဖြစ်ခဲ့ရင်ဘာများလဲ။လူတိုင်း
    လူတိုင်းကအလုပ်လုပ်ရင်တော့အမှားနဲ့အမှန်ဒွန်တွဲရှိနေမှာ
    ပါ။သူတကယ်အလုပ်လုပ်ခဲတာတော့မငြင်းနှိုင်တာအမှန်ပဲ။
  1. Anonymous said... :
    မီဒီယာတွေ ဂျာနယ်တွေ မှာ ကိုမင်းကိုနိုင်တို့ ကျောင်းသားတွေလွတ်လာတဲ့ ပုံတေသတင်းတွေနဲ့ ရော ပြီး ဦးခင်ညွန့် ကို promotion လုပ်ဘို့ မကြိုးစားစေချင်ဘူး.. ပြည်သူကြားက ပြည်သူ့အတွက်မီဒီယာသမားတွေ ဂျာနယ် တွေ အဖြစ် မြင်စမ်းပါရစေခင်ဗျာ
    အေးအေးငြိမ်း ၊ အိအိငြိမ်း (ရင်ချင်းဆက် အမွှာ)ကို ခွဲဖို့  အခြေခံ ကျောင်းတွေ က ပိုက်ဆံကောက်သွား ပါတယ်။ ခွဲစိတ် ကုသ စရိတ်က ကျောင်းတွေက ကောက်တာထက်
    ပို ပါတယ်။ အဲဒီတုန်း က ပိုတဲ့ ပိုတဲ့ ပိုက်ဆံတွေ အသစ်ထောင်တဲ့ ထောက်လှမ်းရေး ၂၆ (ဘေလီ
    တံတားနား)ဆီ ရောက်သွားပါတယ်။ ၂၆ တပ်မှုး က အဲဒီ ပိုက်ဆံ တွေ နဲ့  နန္ဓ၀န် ဈေး မှာ
    သူ့ မိန်းမ ကို မြို့ မ ရွှေ ဆိုင်ဖွင့် ခိုင်း ပါတယ်။ ၅၇၈၂၂၉ ဆို တဲ့ ဖုန်း နံပါတ် ဟာ ၂၆ တပ်
    က ဖုန်းနံပါတ်ပါ။ ရေ၀ယ်မယ်ဆို အဲဒီကို လည်း ဆက်သွယ်လို့ ရတဲ့ အထိပါ။
    အေးအေး ငြိမ်း၊ အိအိငြိမ်း ကို ခွဲ ပေး ခဲ့တာ ဟာ အခု ကဗျာရာ ကို လွမ်းဏီ ရဲ့  ဇနီး ဖြစ်သူ
    မအေးအေးမာ VOA ရဲ့  အဖေ ပါ။ ကို ငြိမ်းချမ်းငြိမ်း ပြောပြာတာပါ။
    Dr Hein Khine Htun
  1. Anonymous said... :
    သူတိုပဖက်ကကြည့်တော့ ကျေးဇူးတင်သင့်တယ်ဆိုတာ မမှားပါဘူး။ သူတို့လေးတွေ ရျေ့ရေးအတွက် တဖက်တလမ်းကနေ ခင်ညွန့်က အကုန်လုပ်ပေးထားတာကိုး။ တခြားတခြားသောသူတွေရဲ့ ကူညီထောက်ပံ့မှုတွေလည်း ပါတာပါပဲ။ ခင်ညွန့်လည်း ပြုတ်ရော သူတို့လေးတွေကို ဘယ်သူမှ အရင်ကလို အထူးတလည် ဂရုမစိုက်ပဲ ပစ်ထားတာ အကြောင်းသိသူတွေအဖို့ကတော့ တကယ့်ကို ၀မ်းနည်းစရာအဖြစ်ပါ။
  1. Anonymous said... :
    ရင်ချင်းဆက်အမွှာဆိုတာလူတွေစိတ်ဝင်စားသနားတတ်တာပါ။ဟိုး၇၀ခုနှစ်မနန်းစိုးမနန်းစံတို့တုံးကတည်းပါ။လူစိတ်ဝင်စားတဲ့အကြောင်းကို အသုံးပြုပြီး သူ့အရှိန်
    အ၀ါနံမည်တက်ဖို့ဝါဒဖြန့်ချီရေးလုပ်ခဲ့တာပါ။စဉ်းစာလိုက်ရင်သူကြီးဘုရားရွာသား
    ကောင်းမှုပေါ့။ တကယ်တော့ဒီကလေးမလေးလဲခင်ညွန့်အသုံးချခံလိုက်ရတာပါ။
  1. MON said... :
    Hi All, there should not be any 'Personal', I think. We all need to leave that'Personal'. Please think about the whole of ' Burma' and its people. If you keep think about only for yourself and your interest and your benefits, stay there in 'Dictatordhip'. THAT's IT. BTW, EI EI KYEIN! You eat the Burmese people's money, not by Khin Nyunt's.
  1. နေ့သစ် မှ said... :
    မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရား ခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံတွေဘက်က ကြားဖြတ်အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ်တန်ပြန်ရေး ဖော်ဆောင်သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြသွားတာသူပဲ။ အဲ့ဒါကြောင့် ဒီနေ့တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရ တယ်ဆိုတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့  အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန် အောင် ကြူပင်ခုတ် ကြူငုတ်မကျန် လုပ်ခဲ့တာ သူပါပဲ။
    ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်း နှိပ်စက်ခန်းတွေဟာသူ့စနက်တွေ ချည်း ပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာက အစ သောက်တဲ့ ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွား ခဲ့တာ သူပါပဲ။
    ရေကြည်အိုင်ကို ၀င်သွားတဲ့သူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ်ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမ သိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာတပြည်လုံးကို အကြောက်တရားနဲ့အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ်ခံရမလဲဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက် သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။ နိုင်ငံရေးဆိုတာ လုပ်တာနဲ့ သင်္ချိုင်းကုန်းပဲ ပြေးမြင်အောင် လုပ်ထားတာ သူပါ။
    စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လို ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သားမဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာပေးခြင်း ခံခဲ့ရတာပါ။
    ဦးနေ၀င်း ဆင်းပြီးသူ့သြဇာခံတွေလဲ ထည့်မရတဲ့အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင် ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊့  တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်တို့ပဲ။အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန် ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။
    သေနတ်ရှိမှ နေရာမြဲတဲ့ စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက် နောက်ခံမရှိတဲ့ ဗိုလ်ခင် ညွန့်ဟာ အခြေအနေ မကောင်းဘူးဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်း ရေးလုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့ ၊လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်းအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျော ထောက်နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တို့ဟာ မြန်မာလူမျိုးထဲတောင် ပါဝင်ခွင့်ရခဲ့ပါတယ်။ ငြိမ်းအဖွဲ့တွေ သူတလူငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည်သွားတာဟာ နောက်ဆုံး သူ ဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။
    စစ်အစိုးရ အနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့အစောဆုံး သဘောပေါက်တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ သူ့ကို ပေးကခဲ့ရင် အခု ပုဆိုးဝတ်ကြီးတွေကို ဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။
    တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့ တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့ လား မပြောတတ်ဘူး။ စစ်တက္ကသိုလ် ဆင်းလဲ မဟုတ်ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်းနဲ့ပဲ လုပ် တတ်ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့သူပါ။ ကဲ ဘယ်သူဟာ ပိုကြောက်စရာကောင်းလဲ စဉ်းစားကြည့် ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာမလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအတွက် အချိန်မရှိလို့ပဲ။ တခြားတိုးတက်ရေးလုပ်စရာတွေ အများကြီးရှိနေတယ်။ ဒါပေမယ့် နိုင်ငံတိုးတက်ရေးမှာ ၀င်မနှောင့်ယှက်နိုင်အောင် တော့ သတိထားနေရမယ်။ သူလုပ်ခဲ့တာတွေကိုတော့ မေ့မပစ်ဘဲ ထပ်မခံရအောင် သင်ခန်းစာတော့ ယူရမယ်။
    မောင်ညီ MMCP
    ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြားမတန်အောင် မြန်မာ့အလင်းသတင်းစာကနေ ဆောင်းပါးမျိုးစုံနဲ့ အပုတ်ချ ခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေးအရာရှိတွေဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်ဒီကို အောက်လမ်းနည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါ။
    ခင်ရတနာ
    ………………………………………….
    (မြင့်မိုဦး .. facebook မှ စုစည်းတင်ပြချက်)
  1. Anonymous said... :
    ဒေါ်စုကို အပျော့ဂိုဏ်း ခင်ညွန့်က စကားပြောချင်နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့်ဆိုပြီး ဆရာတပဲ့ နှစ်ယောက် အ ပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။ ထောက်လှမ်း ရေးတွေကို သန်းရွှေက လိုက်ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေအိမ်မှာ ရွှေတွေ ပိဿာများစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွ နံရံမှာမြုတ်ထားတယ်။ ထူးခြားတာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင်တွေမှာ ဘုရားမရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။
    ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်းအလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက်ဖြုတ်ရာ မှာ အဓိကဇာတ်ကောင်လို့ စွပ်စွဲခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန်ပို့ ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့နေရာမှာ ကျော်ဝင်း ခိုးဝှက်ထားတဲ့ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ (ဆယ်ဂဏန်းလို့ နီးစပ်သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီအချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူးအောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာသံရုံးမှာ ရှိနေတုန်းပါ။ ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ်က အကုန်စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့အခါ ထောက်လှမ်းရေး ဗိုလ် ချုပ်ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏနေပါတယ်။ ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ်ကျော်ဝင်း လဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်း စိမ်ခံနိုင်မှာမို့ ဟန်ကိုကျလို့။ ကနေ့ အမေရိကန်အစိုးရက အောင်လင်းထွဋ် ကို လုံးဝ နိုင်ငံရေးခိုလှုံခွင်မပေးပါ။ အမေရိ ကန်မှာ နေခွင့်သာပေးတယ်လို့ နိုင်ငံခြားသတင်းတခုမှာ ဖတ်ရတယ်။
  1. susan said... :
    လူတစ်ဦးစီမှာ ဆိုးကွက်ရှိသလို ကောင်းကွက်လည်းရှိတယ်ဆိုတာ လက်ခံသင်.ပါတယ်
  1. Anonymous said... :
    too personal. she knows only what he had done for her but does not seem to understand what he had done for the country.
  1. Peter Shwe said... :
    သတင်းများအားလုံး ဖတ်ပြီးတော. comment ပေးတယ်လို.မှတ်ယူစေလိုပါတယ်။ အားလုံးဟာ သူ.နေ၇ာနဲ.သူတော. အသုံးဝင်ကြတဲ.သူတွေပါ။ system ကြောင်.ဒီလို ဖြစ်နေကြတာမို. ဒီ system ကလေးလည်းပြုပြင်၊ စိတ်အသစ် လူအသစ် idea အသစ်များနဲ. လူထုတ၇ပ်လုံးပါဝင်တဲ. အေးချမ်းသာယာတဲ. နိုင်ငံတော်တစ်ခု ကိုလည်း တည်ဆောက်လိုက်၇မယ်ဆို၇င်တော.၊ တက်ညီလက်ညီနိုင်ငံလို. အမည်ပေးနိုင်ပါလိမ်.မယ်။ အဟောင်းတွေကို အသစ်ဖြစ်အောင်လုပ်နေကြတာနဲ.၊ အသစ်အသစ်တွေကို တည်ထွင်ကြံဆကြပြီး ဦးနှောက်ကောင်းကောင်း၊ ခေါင်းကောင်းကောင်း နဲ.လူထုကောင်းစားေ၇း၊ တိုင်းပြည်ကောင်းစားေ၇း တွေ ဦးစားပေး ဆက်လက်တိုင်ပင်လုပ်ကြပါဆို.လားလို. တိုက်တွမ်းချင်ပါသည်ခင်ဗျား။
  1. ဒီမိုကရေစီစနစ်ဆိုတာ..မိမိခံစားချက်..ထင်မြင်ချက်ကို..ထုတ်ဖေါ်ပြသခွင့်..ပြောဆိုခွင့်ရှိတဲ့..စနစ်ပါ
    မှာခြင်းမှန်ခြင်းကတော့..အဲလူရဲ့..ခံစားချက်နဲ့..ရင့်ကျက်မှု..ဗဟုသုတကြွယ်မှု..အများအကျိုးကိုကြည့်တတ်မှု စတာတွေနဲ့..ဆိုင်ပါလိမ့်မယ်..
    ကျနော်တစ်ယောက်ထဲအမြင်နဲ့..ပြောရမယ်ဆိုရင်တော့..ဦးခင်ညွန့်ဟာ..ဗိုလ်နေ၀င်းရဲ့.အလိုကျ..တပ်မတော်နဲ့..ပြည်သူ..တပ်မတော်နဲ့..ဒေါ်အောင်ဆန်စုကြည်..ကိုစနစ်တကျသွေးခွဲခဲ့တဲ့..သူဖြစ်ပါတယ်...
  1. Anonymous said... :
    Copy from EMG
    ငယ်ငယ်တုန်းက သေနတ်ပစ်တမ်းကစားကြတယ်
    "ဒိုင်းညွန့်"
    "မအေးညွန့်"
    "ကိုဖိုးညွန့်"
    ပစ်လို့လည်း အဖမ်းမခံရ၊ မှန်လို့လည်း အဖမ်းမခံရ။
    ကြီးလာတော့မှပဲ
    "အဘ ခင်ညွန့်" မှန်တာနဲ့ ထောင်ထဲဝင်ရတဲ့သူတွေ မနည်းပါဘူး
    People see his good things by media, bad things suffered to peoples in darkness.
    Set Set
  1. Anonymous said... :
    This comment has been removed by a blog administrator.
  1. Anonymous said... :
    စစ်တပ်ဆိုတာ တိုင်းပြည်အတွက် မရှိမဖြစ် အင်အားပါ။ အားလဲကိုးခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်ရဲ့ ခါးသီးမှုတွေ့ကို တွေ့ရမြင်ရ ခံစားခဲ့ရတော့ ကျန်တော်လည်း စစ်တပ်ကို မုန်းတီးလာခဲ့တယ်။ အဲဒါဟာ ဗိုလ်ခင်ညွန့်တို့ သင်ပေးခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်အပြစ် ကိုယ်အသိဆုံးပါ။ နိယာမအရ ပြည့်သူက ခွင့်လွတ်ရင်တောင် သဘာဝတရားက တစ်နေ့ အမှန်အတိုင်းဆုံးဖြတ်ပေးသွားအုန်းမှာပါ။ ကျန်ရှိတဲ့အချိန်မှာ တိုင်ပြည်ကို ကျေးဇူးဆပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
  1. Anonymous said... :
    Should not allow to post this page. Are you promoting people to worship that devil again?
  1. ဒီကိစ္စမှာ သူမတို့ကို အပြစ် မပြောသင့်ပါဘူး။ သူမ ပြောတဲ့စကားဟာ သူမတို့အတွက် မှန်ပါတယ်။ ဘယ်ကိစ္စမဆို ရှုထောင့်ပေါင်းစုံကနေ ကြည့်သင့်ပါတယ်။ နောက်ပြီး ဒီကိစ္စဟာ သူမတို့နဲ့ ဦးခင်ညွန့်ကြားက ပုဂ္ဂလိက အရေးတစ်ခုပါ။ အဲဒီအချိန်က လှူဒါန်းခဲ့ကြရတဲ့ ပုဂ္ဂိုလ်တွေလဲ အခု မုဒိတာစိတ်ကလေး တချက်မွေးလိုက်ရင် ကုသိုလ်တွေ ရကြပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံသားတွေဟာ အများစုက ဗုဒ္ဒဘာသာဝင်တွေဆိုတော့ ဘယ်အရာမဆို မဇ္ဖျိမပဠိပဒါကျကျ သုံးသပ်ပြီး ဒီကိစ္စကို ဆင်ခြင်ကာ ကုသိုလ်ယူနိုင်ကြမယ်၊ သူမတို့ကို နားလည်ပေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
  1. တုတ်ကြီး said... :
    ဘဘဦးခင်ညွန့် ကို ကျေးဇူးအထူးတင်ပါတယ် ဘဘ က တက်ကသိုလ်တွေ ကို မြို့ ပြင်ထုတ်လိုက်လို့  ကျွန်တော် တို့  ငယ်ငယ်ရွယ်ရွယ်နဲ့  အတတ်မျိုးစုံး ကိ အချိန်ကုန်မခံရဘဲ နဲ့ တတ်ခဲ့တာပါ ဖဲရိုက် ထရည်သောက် ကြက်တိုက် ဖာချ ဖာကျိုး မြွေကိုက် ..မြို့ ပြင်ကကျောင်းမှာလုပ် စရာမရှိလို့  ရှာလုပ်ရင် သူငယ်ချင်းလေးကို ဥ မိလို့  ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတွဲလောင်းဖြစ်နေတာလဲ ဘဘကျေးဇူးပါပဲ ဆပ်လို့  မကုန်မဲ့ အတူတူ ဆပ်မနေတော့ပါဘူးဘဘ ရယ်
  1. ကျေးဇူးသိတတ်တာကောင်းပါတယ်။
  1. တေဇ said... :
    သူတထူး၏ ကျေးဇူးတရား သိတတ်ငြားက အမှားသင်္ချေ ကြုံတွေ့လေလည်း ပြေပျောက်စရာ ကျိုးတဖြာတည်း... ငါတို့လည်း ဦးခင်ညွန့်ကြောင့် ဒုက္ခရောက်ဖူးပါတယ် စိုးစိုးဝါးဝါးပါဘဲ၊ ဒါပေမယ့် တခြားသူရဲ့ ပုဂ္ဂိုလ်ရေး ကျေးဇူးတင်ကြောင်းကိုတော့ ထိထိခိုက်ခိုက် မပြောသင့်ဘူးထင်တယ်၊ ပြည်သူက ထောက်ပံ့ခဲ့တာမှန်ပေမယ့် ဦးဆောင်သူတော့ ရှိရမှာဘဲလေ၊ ခုရေးတဲ့ထဲမှာ တချို့ဦးခင်ညွန့်နဲ့အဆင်ပြေတော့ အကောင်းပြောပြီး ခုမှမကောင်းပြောတဲ့ သူတွေပါနေတာတွေ့ရတယ်။ ကိုယ့်ကိုယ်ကို ပြန်မေးပါ ငါကောခင်ညွန့်ကျေးဇူး ကင်းရဲ့လားလို့... တကယ်တော့ ခင်ညွန့်ထက် သာပေါင်းတွေက ပိုကြောက်ရတယ်ထင်တယ်...
  1. Anonymous said... :
    တေဇ says:
    January 16, 2012 1:58 PM Reply
    သူတထူး၏ ကျေးဇူးတရား သိတတ်ငြားက အမှားသင်္ချေ ကြုံတွေ့လေလည်း ပြေပျောက်စရာ ကျိုးတဖြာတည်း... ငါတို့လည်း ဦးခင်ညွန့်ကြောင့် ဒုက္ခရောက်ဖူးပါတယ် စိုးစိုးဝါးဝါးပါဘဲ၊ ဒါပေမယ့် တခြားသူရဲ့ ပုဂ္ဂိုလ်ရေး ကျေးဇူးတင်ကြောင်းကိုတော့ ထိထိခိုက်ခိုက် မပြောသင့်ဘူးထင်တယ်၊ ပြည်သူက ထောက်ပံ့ခဲ့တာမှန်ပေမယ့် ဦးဆောင်သူတော့ ရှိရမှာဘဲလေ၊ ခုရေးတဲ့ထဲမှာ တချို့ဦးခင်ညွန့်နဲ့အဆင်ပြေတော့ အကောင်းပြောပြီး ခုမှမကောင်းပြောတဲ့ သူတွေပါနေတာတွေ့ရတယ်။ ကိုယ့်ကိုယ်ကို ပြန်မေးပါ ငါကောခင်ညွန့်ကျေးဇူး ကင်းရဲ့လားလို့... တကယ်တော့ ခင်ညွန့်ထက် သာပေါင်းတွေက ပိုကြောက်ရတယ်ထင်တယ်...
    မင်းကမကင်းဘူးဆိုတော့ မင်းရဲ့ ပထွေးနှစ်ဝမ်းကွဲတော်
    ပုံရတယ်..ခင်ညွန့်ကောင်းလို့ ဒုက္ခရောက်တာပဲကြားဖူးတယ်..မကောင်းလို့ပဲ ထောင်ကျရတာပဲမဟုတ်လား...
  1. ko ye said... :
    https://www.facebook.com/notes/ko-ye/%E1%80%94%E1%80%B2%E1%80%94%E1%80%B2%E1%80%B1%E1%80%90%E1%80%AC%E1%80%B7-%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%9B%E1%80%B1%E1%80%85/366514113363494
  1. Anonymous said... :
    ဘာဘဲဖြစ်ဖြစ်လွတ်လာတာဝမ်းသာတယ် လူတစ်ယောက်မှာကောင်းတာရှိသလို ဆိုးတာလည်းရှိမှာပါ သားသမီးမကောင်းမိဘခေါင်းလို့ဆိုတဲ့စကားလိုပေါ့
    တပည့်မကောင်းလို့ဆရာ့ခေါင်းဖြစ်ခဲ့တာထင်တယ်
  1. Anonymous said... :
    only one thing that u than shwe did it and the best formyanmar people is removing the group of u khin nyunt and his people(MI) who thought that they only should have power of myanmar and mistreated people too bad.
  1. Ko John said... :
    We are united! Let work all together for our country because of this country is our country. Not china, not India and not other. We must work for our country because of we are citizens. Hay man! Let me say our country name is calling MYANMAR (a) Golden Land. Do not forget it not just a name. We already have history. Let show our country to the world by how we work hard and how we united. This time is OUR TIME. Let work for our country. OK? Do it now: D I so proud today for our country Golden Land Myanmar. Let start: D
    13.January.2012
    https://www.facebook.com/photo.php?v=10150503756497885
  1. Objective Person said... :
    I find ' Myanmar ' people are ' Ah Hmat Ma Sheet Bu '
    I am not saying them to become ' bilious '. Not to have ' grudges '
    Regarding Khin Nyunt, ...It is nothing to do with ' grudges' .
    It relates to
    Inhumanity
    Cruelty
    Innuendos
    Cheating
    Corruption
    Power Abuse
    Treason
    Fraud
    and more.
    Nothing personal to him . There must always be ' some people who were ' Kaung Zar ' during his era.
    He is still saying ' My mates ( friends ) are still ' inside '
    If you carefully watch and listen to his words for three to four times. you will discover what are in his mind. ....
    *Tat Yin Hmu
    *My son
    *I will talk via Media ( meaning he thinks he is still important enough to use media as his mouthpiece. )
    *he said ' no politics ' . What he had done in 90s are all ' more than politics ' . " U Khun Sar Loth Khaw Ya Mae ' ....etc
    * He was just llving in his own palace like house, compared to where D A S S K was held. compare with what others dissidents were held.
    *
    People who are trying to say something nice to Bo Khin Nyunt, .. they are expecting him ' to play a role ' and then ' like to resume this ' corruption games. '
    That is happening in their both conscious and unconscious minds.
    There are no reasons to say ' Ah Ba Yae ' ' Ah Ba Yae '
    AW ... Myanmar Myanmar ......after all those 40 years . they are still crazy.
    ' Still crazy after all those years ..........' ......' Still crazy after all those years ........"
  1. Anonymous said... :
    ဒီမိုကရေစီတဲ.လား?
    ကိုယ်မွေးဖခင်ဖြစ်ခဲ့ ရင်တောင်
    "သမီးတို့ ကဖေဖေကိုပဲ ကျေးဇူးတင်တာ"
    အောင်.သက်သက်နဲ.ပဲပြောပါ ။
    ပြည်သူရှေ.မှာလာမပြောနဲ.
    ရှေ.မှာလာမပြောနဲ.။
  1. Anonymous said... :
    ဟဲ့ သူတို့က လူတွေခေါ် မိုက်ကရိုဖုန်းကိုင် စင်ပေါ်တက်ပြီး ပြောနေလို့လား။ မေးတဲ့သူရှိလို့ ဖြေတာ။နင်တို့လို အဆိုးမြင် ၀ါဒီတွေ တွေ့ရတာ အမြင်ကပ်တယ်။
    Anonymous says: January 17, 2012 10:32 PM Reply ဒီမိုကရေစီတဲ.လား?
    ကိုယ်မွေးဖခင်ဖြစ်ခဲ့ ရင်တောင်
    "သမီးတို့ ကဖေဖေကိုပဲ ကျေးဇူးတင်တာ"
    အောင်.သက်သက်နဲ.ပဲပြောပါ ။
    ပြည်သူရှေ.မှာလာမပြောနဲ.
    ရှေ.မှာလာမပြောနဲ.။
  1. Anonymous said... :
    ကျေးဇူးသိတတ်တယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ ဘဘဦးခင်ညွန့်က ဦးဆောင်ပေးခဲ့လို့သာ အဲဒီအချိန်က သူတို့ပိုအဆင်ပြေခဲ့တာပါ။ ပြည်သူတွေပါတာလဲမှန်ပါတယ်။ ဦးဆောင်သူရဲ့ကဏ္ဍကလဲ အရေးပါတယ်လို့ ကျေးဇူးပြုပြီးမြင်ပေးကြပါလား။ No one is perfect. တဲ့ မြန်မာပြည်ကြီးကို ချစ်မြတ်နိုးတဲ့သူတွေချည်းပါပဲ။ မတူညီတဲ့အတွေးအခေါ် အယူအဆတွေအတွက် တစ်ပါးသူကို နားလည်ပေးမှသာ နိုင်ငံကြီးသားပီသမှာဖြစ်ပါတယ်။ လွတ်လပ်စွာတွေးခေါ်ပြီး နိုင်ငံကိုအမှန်တကယ် အကျိုးပြုသူတွေဖြစ်စေချင်ပါတယ်။
  1. chit thu said... :
    "သမီးတို့ ကို လူလားမြောက်အောင်မွေးပေးခဲ့တဲ့ ကျေးဇူးရှင်ပါ။ ဒီနေ့ ဘုရားကို လာမယ် ကြားလို့ လာစောင့်နေတာပါ။အခုလို ဘဘကို ပြန်တွေ့ ရတာ
    ကျွန်တော်က ဘယ်သူနဲ့ မှ ပတ်သတ်ဆက်စပ်မှု မရှိပါဘူး။ ဒါပေမယ့် အမြင်မတော်လို့  ၀င်ပြောတာပါ...
    မြန်မာစကားက ရှင်းရှင်းလေးပါ.....
    "လူလားမြောက်အောင် မွေးပေးခဲ့တဲ့ ကျေးဇူးရှင်"ပါလိုပဲ အိအိက ပြောခဲ့တာပါ။
    လူထုရဲ့ မေတ္တာကို စော်ကားတဲ့ စကားတခုမှ မပါသလို၊ ဦးခင်ညွန့် တစ်ဦးတည်းကိုလဲ ကွက်ပြီး ကျေးဇူးတင်တာ မဟုတ်ပါဘူး။ ရိုးသားတဲ့စိတ်နဲ့  မေးလာတဲ့ မေးခွန်းကို စိတ်ထားရိုးရိုးနဲ့ ပဲ ပြန်ဖြေလိုက်တဲ့ သဘောပါ။
    မေးသူရဲ့ မေးခွန်းကို တိုက်ရိုက်ပြန်ဖြေခြင်းဖြစ်တဲ့အတွက် ပြည်သူလူထုကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးကျန်ခဲ့ရုံဖြစ်မှာပါ။ ကျေးဇူးရှိဖူးသူကို ကျေးဇူးသိတတ်တာ မင်္ဂလာတစ်ပါးလို့  မြန်မာလူမျိုးတိုင်း မှတ်ယူထားကြပါတယ်။
    ဦးခင်ညွန့်  မှာ မကောင်းတဲ့ အချက်တွေ ရှိသလို၊ ကောင်းတဲ့အချက်တွေလဲ ရှိမှာပါ။ လူမှန်ရင် အမှားနဲ့  ကင်းတဲ့သူရှိလို့ လားးးး
    သေချာတာတစ်ခုကတော့ အိအိတို့ ရင်ချင်းဆက် အမွှာမွေးတဲ့ ခေတ်အခြေအနေအရ ဦးခင်ညွန့် တို့  ပံ့ပိုးကူညီမှု မရှိရင် အောင်မြင်တဲ့ ခွဲစိတ်မှုတစ်ရပ်ကို ဖြစ်ပေါ်လာနိုင်စရာမရှိဘူးလို့  မြင်မိပါတယ်။
    တခြားအကြောင်းတွေတော့ သေချာမသိတော့ မပြောတတ်ပါ...........
    ခင်မင်စွာဖြင့်
  1. Anonymous said... :
    သူ့ဖာသာ ကျေးဇူးရှိလို့ ကျေးဇူးတင်တာ ဘာဖြစ်လဲ။ နိုင်ငံရေးနဲ့ဘာမှ မဆိုင်ဘူး။ ခင်ဗျား တို့လဲ ဒီလိုဖြစ်ရင် ကျေးဇူးတင်မှာပဲ။ ကျွန်တော်ဆိုလဲ တင်မှာပဲ။ သူ့မိသားစုအပေါ် မကောင်းခဲ့တာမှ မဟုတ်တာ။ အလကားလူတွေ။
  1. Unknown said... :
    သမီးဒီနေရာကနေပြီးအားလုံးကို ကျေးဇူးတင်ပါတယ်
    သမီးတို့ အခုလို နေရတာဟာ ဘဘရဲ့ကျေးဇူးတွေပါ
    ရိုသေပါတယ် လေးစားပါတယ် ဘဘ ကျေးဇူးတင်ပါတယ်
    ဘဘ
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved