ကိုကိုကြီး

Friday, January 13, 2012


(Yangon Press International ၏ ဖေ့စ်ဘုတ်တွင် ဖော်ပြပြီး ဖြစ်သည်)


နောက်ထပ်ရရှိသည့် အချက်အလက်များ၊ ဇန်န၀ါရီ ၁၂ရက်၊ ည ၁၀ နာရီ

ရှမ်းပြည်နယ်ရှိ ထောင်များမှ နိုင်ကျဉ်းအားလုံးနီးပါး လွတ်မည်ဟု ယုံကြည်ရသည့် သတင်းရပ်ကွက်မှပြောသည်။ မိုင်းဆတ်ထောင်တွင် အကျဉ်းကျနေသည့် ကိုကိုကြီး (KKK) လွတ်မြောက်မည်ဟု ကြားသိရသည်။

နံနက်ဖြန် လေယာဉ်ခရီးစဉ်ရှိသည့် အကျဉ်းထောင်များမှ လွတ်မြောက်သူအားလုံး လေယာဉ်ဖြင့် ပြန်လာနိုင်ရန် အစိုးရက စီစဉ် ထားရှိသည်ဟုလည်း သိရှိရသည်။

ကျောက်ဖြူထောင်တွင် ရှိသည့် နိုင်ငံရေး အကျဉ်းသား ၉ ယောက်အနက် ရွှေခမောက် ကိုရွှေမောင် နှင့် တပ်မတော်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့် နှစ်ဦး စာရင်းတွင် ပါရှိသည် ဟုသိရှိရသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved